Would you consider using micellar water to cleanse your face, even on days when you don’t wear makeup? (Sensibio H2O)
Make Up မလိမ်းလည်း Micellar Water နဲ့သန့်စင်ပေးဖို့လိုလား
Skin Care လုပ်တဲ့အချိန် လိမ်းရတဲ့အဆင့်တွေဟာ အရေးကြီးသလို ညအိပ်ရာဝင်ချိန် မျက်နှာကိုပြန်သန့်စင်ရတာကလည်းအရေးကြီးပါတယ်။ ပုံမှန်အားဖြင့် မျက်နှာသန့်စင်ဖို့အတွက် Facial Foam လောက်ပဲအသုံးပြုကြပေမဲ့ မိတ်ကပ်လိမ်းထားတဲ့နေ့တွေမှာဆိုရင် Double Cleansing လုပ်ပေးမှသာ မျက်နှာကိုသေချာသန့်စင်နိုင်မှာပါ။
Double Cleansing ဆိုတာ မျက်နှာကို အဆင့်နှစ်ဆင့်နဲ့သန့်စင်ပေးရတာပါ။ မိတ်ကပ်နဲ့ မျက်နှာပေါ်ကအဆီတစ်ချို့ဟာ သာမန်မျက်နှာသစ်ဆေးနဲ့ သေချာမပြောင်နိုင်ပါဘူး။ ဒါကြောင့်မိတ်ကပ်တွေကိုဖျက်ပေးနိုင်မယ့် Micellar Water, Cleansing oil နဲ့ Cleansing Balm တွေကိုအရင်ဆုံးအသုံးပြုပြီး မိတ်ကပ်တွေကိုပြောင်အောင်ဖျက်ပေးရတယ်။ မိတ်ကပ်တွေပြောင်သွားမှ သာမန်မျက်နှာသစ်နဲ့ မျက်နှာသန့်စင်လိုက်တာကို Double Cleansing လို့ခေါ်ပါတယ်။
Double Cleansing ဟာ မျက်နှာပေါ်က အဆီဖုနဲ့ဝက်ခြံတော်တော်များများအတွက် ဖြေရှင်းချက်တစ်ခုလည်းဖြစ်တယ်။ မိတ်ကပ်လိမ်းပြီးနောက် Double Cleansing မလုပ်ဘူးဆိုရင် အဆီနဲ့ဖုန်တွေဟာ အရေပြားတွင်းကိုစိမ့်ဝင်သွားပြီးတော့ အဆီဖုတွေအလွယ်တကူပေါက်လာနိုင်ပါတယ်။
မိတ်ကပ်မလိမ်းထားတဲ့အချိန်မှာရော Double Cleansing လုပ်ဖို့လိုအပ်လားဆိုတာက Skin Care လုပ်ကြတဲ့သူတွေတိုင်း စဥ်းစားမိတတ်ကြတဲ့မေးခွန်းပါ။
လူအများစုဟာ တစ်နေ့တာမှာ လေနဲ့ ဖုန်မှုန့်အညစ်အကြေးတွေကိုတိုက်ရိုက် ထိတွေ့နေရတာများပါတယ်။ မိတ်ကပ်မလိမ်းရင်တောင်မှ မျက်နှာပေါ်ကအရေပြားထဲကိုစိမ့်ဝင်သွားတဲ့အညစ်အကြေးတွေဟာ သာမန်မျက်နှာသစ်လောက်နဲ့ သန့်စင်ဖို့ခက်ခဲတယ်။ အထူးသဖြင့် မျက်နှာအသားအရေပေါ်က အဆီတွေကိုသေချာမသန့်စင်ပေးရင် ရေရှည်မှာ အဆီဖုနဲ့ဝက်ခြံပြဿနာတွေဖြစ်လာစေမှာပါ။ ဒါကြောင့် တစ်နေ့တာရဲ့အဆုံးမှာ မိတ်ကပ်မလိမ်းထားရင်တောင်မှ အဆီနဲ့ဖုန်မှုန့်တွေကိုသေချာသန့်စင်စေနိုင်ဖို့ Facial Foam အပြင် Micellar Water လိုမျိုး Heavy မဖြစ်တဲ့ Double Cleansing Product တွေကိုသုံးစွဲသင့်တယ်။
ကိုယ့်ရဲ့အသားအရေ Cleansing အတွက်စိတ်ချရတဲ့ Micellar Water ရှာနေတယ်ဆိုရင်တော့ တစ်စက္ကန့်မှာ တစ်ဘူးနှုန်းရောင်းထွက်ခဲ့ပြီး Best Seller Item ဖြစ်ခဲ့တဲ့ Bioderma ရဲ့ Sensibio H2O Micellar Water ရှိပါတယ်။ Bioderma ဟာ ပြင်သစ်အခြေစိုက် Brand တစ်ခုဖြစ်ပြီးတော့ Micellar Water ကိုပထမဆုံးဖန်တီးထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ် 1995 ခုနှစ်မှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ထုတ်လုပ်ထားတဲ့ Sensibio H2O Micellar Water ဟာ ကမ္ဘာ့ပထမဆုံး Micellar Water ဖြစ်လာပြီးတော့ အခုချိန်ထိအရေပြားဆရာဝန်တွေကိုယ်တိုင်ညွှန်းပေးတဲ့ Medical High Grade Brand တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်တယ်။
Sensibio H2O ဟာ Micellar Technology နဲ့ထုတ်လုပ်ထားတာဖြစ်လို့ မျက်နှာအသားရေပေါ်က မိတ်ကပ်နဲ့အဆီတွေကိုသာမက ဖုန်မှုန့်နဲ့ အညစ်အကြေးလေးတွေကိုပါသန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ Alcohol Free, Soap Free ဖြစ်တာကြောင့် သာမန် အသားအရေ(Normal Skin) ကနေ ထိခိုက်လွယ်တဲ့အသားအရေ (Sensitive Skin) ပိုင်ရှင်တွေအထိ စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ အမွှေးရနံ့မပါဝင်တာကြောင့် အနံ့နဲ့ပတ်သက်ပြီး Sensitive ဖြစ်တတ်တဲ့သူတွေအတွက်ပါ အဆင်ပြေတဲ့ Micellar Water ပါ။
ကိုယ့်အသားရေနဲ့ အဆင်ပြေမပြေသိချင်နေတဲ့သူတွေအတွက်လည်း Sensibio H2O Micellar Water ဟာ 100ml, 250ml, 500ml ဆိုပြီး ဆိုဒ်စုံထုတ်ပေးထားတာကြောင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် Double Cleansing စလုပ်တော့မယ်ဆိုရင် အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်ရရှိထားတဲ့ Bioderma ရဲ့ Sensibio H20 Micellar Water ကို ဦးစားပေးဝယ်ယူဖို့ အကြံကောင်းလေးပေးချင်ပါတယ်။