” ဒိတ္ဒိတ္ႀကဲ ထိပ္တန္းအႏုပညာရွင္ (၄)ေယာက္ကို တစ္ၿပိဳင္နက္ထဲ ျမင္ေတြ့ရေတာ့မယ့္ Love Equation ရုပ္ရွင္ဇာတ္ကား “

ျမန္မာအႏုပညာေလာကရဲ့ထိပ္တန္း မင္းသား၊မင္းသမီး (၄)လက္နဲ႕ ရုိက္ကူးေတာ့မယ့္ Love Equation ရုပ္ရွင္ဇာတ္ကားကေတာ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတြ အထူးစိတ္ဝင္စားျခင္းခံေနရတာပဲ ျဖစ္ပါတယ္။ပါဝင္မယ့္အႏုပညာရွင္ေတြကေတာ့ ေဒါင္း၊ခါရာ၊ မိုးေဟကို နဲ့ေဖြးေဖြးတို့ပဲ ျဖစ္ၿပီး တကယ့္ ဒိတ္ဒိတ္ႀကဲ ဝါရင့္သဘာရင့္ မင္းသမီး(၂)လက္ရဲ့ အားၿပိဳင္မႈေတြကို ျမင္ေတြ့ရေတာ့မွာပဲ ျဖစ္ပါတယ္။

မိုးေဟကိုကေတာ့ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ျမင္လာတဲ့ မင္းသမီးတစ္လက္ျဖစ္ၿပီး တည္ၿငိမ္ရင့္က်က္တဲ့အလွတရားေတြနဲ႕ ျပည့္စံုေနတဲ့ မင္းသမီးတစ္လက္လို႕ေတာင္ ပရိသတ္ေတြကတင္စားေလ့ရွိတာပဲ ျဖစ္ပါတယ္။အႏုပညာအလုပ္ေတြ ခပ္ႀကဲႀကဲသာလုပ္ေနေပမယ့္ ပုရိသတ္ေတြ သည္းသည္းလႈပ္အားေပးဝန္းရံထဲမင္းသမီးေတြက တစ္လက္အပါအဝင္ပဲ ျဖစ္ပါတယ္။

ေဖြးေဖြးဟာ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆု (၃)ဆုပိုင္ရွင္ျဖစ္ပါတယ္။အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္မႈမ်ားစြာကိုရရွိထားသူျဖစ္ေပမယ့္ ဟိတ္ဟန္မရွိဘဲ ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္သူလည္းျဖစ္ပါတယ္။ ဘယ္ဇာတ္ေကာင္ကိုပဲ႐ိုက္႐ိုက္ က်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္သ႐ုပ္ေဆာင္တတ္တဲ့သူမကေတာ့ ဇာတ္ကားတစ္ကားစတင္႐ိုက္ေတာ့မယ္ဆို အၿမဲ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အႏုပညာဝမ္းစာကို အျပည့္ျဖည့္တတ္သူပဲ ျဖစ္ပါတယ္။


ေဒါင္းကေတာ့ ” ပုဂံၿမိဳ့သူ ” ဇာတ္လမ္းတြဲ မွာ ေမာင္ေမာင္ႀကီး ကာရုိက္တာနဲ့ ပရိသတ္ေတြရင္ထဲေရာက္ခဲ့သူပဲ ျဖစ္ၿပီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံၿမိဳ့သူဇာတ္ကားနဲ့ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ေဒါင္းကိုဆိုမေၾကြတဲ့ မိန္းကေလးေတြမရွိသေလာက္ပါပဲေနာ္။ဒါင္းရဲ႕ ေနာက္မွာ အားေပးတဲ့ အမာခံမိန္းကေလးပရိသတ္ေတြ အမ်ားႀကီးရွိပါတယ္။ ေဒါင္းရဲ႕ ညွိဳ႕အားျပင္းတဲ့မ်က္၀န္းတစ္စံုနဲ႔ သူ႔ရဲ႕ တည္ၿငိမ္ေအးေဆးတဲ့ အျပံုး ေယာက်ာ္းပီသတဲ့ ပံုစံေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ ေၾကြေလာက္စရာ ျဖစ္ေနတာပါ။သူရုိ္က္တဲ့ရုပ္ရွင္ဇာတ္ကားေတြမွာလည္း သူ႕ရဲ႕သရုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ေတြက တခဲနက္အားေပးဝန္းရံၾကတာပဲ ျဖစ္ပါတယ္။

ထို႕အတူ ခါရာကလည္း တက္သစ္စျဖစ္ေပမယ့္အမ်ိဳးသမီးပရိသတ္ေတြ အမ်ားဆံုးအားေပးဝန္းရံခံရတဲ့သူပဲ ျဖစ္ပါတယ္။ သရုပ္ေဆာင္ခ်က္ေတြပီျပင္မႈေၾကာင့္ အခ်ိန္တိုတိုနဲ့ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိခဲ့တဲ့သူပဲ ျဖစ္ပါတယ္။ “မ်က္ႏွာ ျပင္မ်ား ” ရုပ္ရွင္ဇာတ္ကား နဲ႕” Star Awards 2018 Rising Star Awards” ဆု အျပင္ Best Fashion Star Male Award ဆုကိုပါ ရရွိခဲ့တဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ပရိသတ္ခ်စ္တဲ့အႏုပညာရွင္ဒိတ္ဒိတ္ႀကဲေလးေယာက္ဟာ ဘယ္လိုဇာတ္ေကာင္ေတြနဲ႕ပါဝင္လာမလဲ ဆိုတာရင္ခုန္စရာပါပဲေနာ္။CeleGabar ပရိသတ္ႀကီးလည္း CeleGabar ပရိသတ္ႀကီးလည္း အႏုပညာရွင္ဒိတ္ဒိတ္ႀကဲ (၄)ေယာက္ထဲက ဘယ္သူ႕ကိုအႀကိဳက္ဆံုးလဲဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။


Source:Golden Hour Film Production
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဒိတ်ဒိတ်ကြဲ ထိပ်တန်းအနုပညာရှင် (၄)ယောက်ကို တစ်ပြိုင်နက်ထဲ မြင်တွေ့ရတော့မယ့် Love Equation ရုပ်ရှင်ဇာတ်ကား ”

မြန်မာအနုပညာလောကရဲ့ထိပ်တန်း မင်းသား၊မင်းသမီး (၄)လက်နဲ့ ရိုက်ကူးတော့မယ့် Love Equation ရုပ်ရှင်ဇာတ်ကားကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ အထူးစိတ်ဝင်စားခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ပါဝင်မယ့်အနုပညာရှင်တွေကတော့ ဒေါင်း၊ခါရာ၊ မိုးဟေကို နဲ့ဖွေးဖွေးတို့ပဲ ဖြစ်ပြီး တကယ့် ဒိတ်ဒိတ်ကြဲ ဝါရင့်သဘာရင့် မင်းသမီး(၂)လက်ရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ ဆယ်စုနှစ်တစ်ခုကြာအောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ မင်းသမီးတစ်လက်လို့တောင် ပရိသတ်တွေကတင်စားလေ့ရှိတာပဲ ဖြစ်ပါတယ်။အနုပညာအလုပ်တွေ ခပ်ကြဲကြဲသာလုပ်နေပေမယ့် ပုရိသတ်တွေ သည်းသည်းလှုပ်အားပေးဝန်းရံထဲမင်းသမီးတွေက တစ်လက်အပါအဝင်ပဲ ဖြစ်ပါတယ်။

ဖွေးဖွေးဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုပိုင်ရှင်ဖြစ်ပါတယ်။အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာကိုရရှိထားသူဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူလည်းဖြစ်ပါတယ်။ ဘယ်ဇာတ်ကောင်ကိုပဲရိုက်ရိုက် ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်တတ်တဲ့သူမကတော့ ဇာတ်ကားတစ်ကားစတင်ရိုက်တော့မယ်ဆို အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပါတယ်။

ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။ဒါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။သူရိုက်တဲ့ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက တခဲနက်အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။

ထို့အတူ ခါရာကလည်း တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ “မျက်နှာ ပြင်များ ” ရုပ်ရှင်ဇာတ်ကား နဲ့” Star Awards 2018 Rising Star Awards” ဆု အပြင် Best Fashion Star Male Award ဆုကိုပါ ရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့အနုပညာရှင်ဒိတ်ဒိတ်ကြဲလေးယောက်ဟာ ဘယ်လိုဇာတ်ကောင်တွေနဲ့ပါဝင်လာမလဲ ဆိုတာရင်ခုန်စရာပါပဲနော်။CeleGabar ပရိသတ်ကြီးလည်း CeleGabar ပရိသတ်ကြီးလည်း အနုပညာရှင်ဒိတ်ဒိတ်ကြဲ (၄)ယောက်ထဲက ဘယ်သူ့ကိုအကြိုက်ဆုံးလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Golden Hour Film Production
Shwe Poe@CeleGabar

 

x