” မေအးေသာင္းအတြက္ မေက်ပြဲဆက္ႏႊဲမယ့္ အကယ္ဒမီဇာတ္ကားႀကီး ျဖစ္လာႏိုင္တဲ့ ပုဂံေမွ်ာ္”

ျမန္မာအႏုပညာေလာကရဲ့ ထိပ္တန္းဒိတ္ဒိတ္ႀကဲ မင္းသားနဲ႕မင္းသမီးႏွစ္ေယာက္အျပင္ ပုရိသေတြရဲ႕ အသည္းေက်ာ္ မေအးေသာင္း တို႕ပါဝင္ကာရုိက္ကူးေတာ့မယ့္ “ပုဂံေမွ်ာ္” ရုပ္ရွင္ဇာတ္ကားႀကီးကို ပရိသတ္ေတြကလည္း အရမ္းေမွ်ာ္လင့္ ေစာင့္ေမွ်ာ္ေနႀကတာပဲ ျဖစ္ပါတယ္။ပါဝင္မယ့္သူေတြကေတာ့ ျမင့္ျမတ္၊ေဖြးေဖြးနဲ႕ မေအးေသာင္းတို႕ပဲ ျဖစ္ပါတယ္။ ပရိသတ္အခ်စ္ေတာ္ မင္းသမီးႏွစ္လက္ ဘယ္လိုကာရုိက္တာေတြအျပင္ ဘယ္လို အားၿပိဳင္မႈေတြကို ျမင္ေတြ့ရမလဲ ဆိုတာ စိတ္ဝင္စားစရာပါပဲေနာ္။

ျမင့္ျမတ္ကေတာ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့အျပင္ “အေမွာင္ေတြရြာခ်တဲ့မိုးတိမ္”ဇာတ္ကားမွာ အေကာင္းဆံုးအမ်ိဳးသားဇာတ္ပို႕ဆုကိုရရွိခဲ့တာပဲ ျဖစ္ပါတယ္။အမ်ိဳးသားအႏုပညာရွင္ေတြထဲမွာ အမ်ိဳးသား ပရိသတ္ေတြအားေပးမႈအျမင့္ဆံုးလို႕ ဆိုႏုိင္ပါတယ္။ဟာသျဖစ္ျဖစ္ အက္ရွင္ျဖစ္ျဖစ္ က်ရာကာရုိက္တာကို သဘာဝအဆန္ဆံုး သရုပ္ေဆာင္ႏုိင္တဲ့ မင္းသားတစ္လက္ျဖစ္တာေၾကာင့္ ေအာင္ျမင္တဲ့ ဒိတ္ဒိတ္ႀကဲ မင္းသားတစ္လက္ျဖစ္လာတဲ့ လွ်ိဳ႕ဝွက္ခ်က္တစ္ခုလို႕ဆိုရမွာပါပဲေနာ္။

ေဖြးေဖြးဟာ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆု (၃)ဆုပိုင္ရွင္ျဖစ္ၿပီး အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္မႈမ်ားစြာကိုရရွိထားသူျဖစ္ေပမယ့္ ဟိတ္ဟန္မရွိဘဲ ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္သူလည္းျဖစ္ပါတယ္။ ဘယ္ဇာတ္ေကာင္ကိုပဲ႐ိုက္႐ိုက္ က်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္သ႐ုပ္ေဆာင္တတ္တဲ့သူမကေတာ့ ဇာတ္ကားတစ္ကားစတင္႐ိုက္ေတာ့မယ္ဆို အၿမဲ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အႏုပညာဝမ္းစာကို အျပည့္ျဖည့္တတ္သူပဲ ျဖစ္ပါတယ္။

အသက္(၁၂)ႏွစ္တည္းက အႏုပညာေလာကထဲဝင္လာၿပီး ေမာ္ဒယ္အလုပ္ကိုလုပ္ကိုင္လာတဲ့ေအးေသာင္းကေတာ့ လက္ရွိမွာေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္လို႕ ဆိုရမွာပါ။ႏွစ္အေတာ္ၾကာအႏုပညာအလုပ္နဲ႕ေဝးကြာခဲ့ေပမယ့္ ျမန္မာဆန္တဲ့ ပံုရိပ္ေလးေတြနဲ႕အတူ ပရိသတ္ေတြနဲ႕ျပန္လည္ထိေတြ႕လာၿပီး သူမပထမဆံုးျပန္လည္ရိုက္ကူးခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားကေတာ့ “မုန္းစြဲ” ရုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ၿပီး ပရိသတ္ေတြ ကပင္ အကယ္ဒမီဆုအတြက္ ေမွ်ာ္မွန္းေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။”ပုဂံေမွ်ာ္” ရုပ္ရွင္ဇာတ္ကားႀကီးကလည္းေအးေသာင္းရဲ႕ ဒုတိယေျမာက္ ရုပ္ရွင္ကားႀကီးျဖစ္တာေၾကာင့္ သူမပရိသတ္ေတြကလည္း “ပုဂံေမွ်ာ္” ရုပ္ရွင္ဇာတ္ကားနဲ႕ အကယ္ဒမီဆုကိုဆြတ္ခူးႏုိင္ဖို႕ကို ေမွ်ာ္လင့္ေနၾကတာပဲ ျဖစ္္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း အမိုက္စား ရုပ္ရွင္တစ္ကားျဖစ္လာမယ့္ “ပုဂံေမွ်ာ္” ရုပ္ရွင္ဇာတ္ကားႀကီးကို အားေပးဖို႕အဆင္သင့္ပဲလား ဆိုတာ မွတ္္ခ်က္ေပးခဲ့ပါဦးေနာ္။


Source:7 Sense Flim Production
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မအေးသောင်းအတွက် မကျေပွဲဆက်နွှဲမယ့် အကယ်ဒမီဇာတ်ကားကြီး ဖြစ်လာနိုင်တဲ့ ပုဂံမျှော်”

မြန်မာအနုပညာလောကရဲ့ ထိပ်တန်းဒိတ်ဒိတ်ကြဲ မင်းသားနဲ့မင်းသမီးနှစ်ယောက်အပြင် ပုရိသတွေရဲ့ အသည်းကျော် မအေးသောင်း တို့ပါဝင်ကာရိုက်ကူးတော့မယ့် “ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေကလည်း အရမ်းမျှော်လင့် စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ပါဝင်မယ့်သူတွေကတော့ မြင့်မြတ်၊ဖွေးဖွေးနဲ့ မအေးသောင်းတို့ပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် မင်းသမီးနှစ်လက် ဘယ်လိုကာရိုက်တာတွေအပြင် ဘယ်လို အားပြိုင်မှုတွေကို မြင်တွေ့ရမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

မြင့်မြတ်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့အပြင် “အမှောင်တွေရွာချတဲ့မိုးတိမ်”ဇာတ်ကားမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။အမျိုးသားအနုပညာရှင်တွေထဲမှာ အမျိုးသား ပရိသတ်တွေအားပေးမှုအမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ဟာသဖြစ်ဖြစ် အက်ရှင်ဖြစ်ဖြစ် ကျရာကာရိုက်တာကို သဘာဝအဆန်ဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဖြစ်တာကြောင့် အောင်မြင်တဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်လက်ဖြစ်လာတဲ့ လျှို့ဝှက်ချက်တစ်ခုလို့ဆိုရမှာပါပဲနော်။

ဖွေးဖွေးဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုပိုင်ရှင်ဖြစ်ပြီး အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာကိုရရှိထားသူဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူလည်းဖြစ်ပါတယ်။ ဘယ်ဇာတ်ကောင်ကိုပဲရိုက်ရိုက် ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်တတ်တဲ့သူမကတော့ ဇာတ်ကားတစ်ကားစတင်ရိုက်တော့မယ်ဆို အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပါတယ်။

အသက်(၁၂)နှစ်တည်းက အနုပညာလောကထဲဝင်လာပြီး မော်ဒယ်အလုပ်ကိုလုပ်ကိုင်လာတဲ့အေးသောင်းကတော့ လက်ရှိမှာအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။နှစ်အတော်ကြာအနုပညာအလုပ်နဲ့ဝေးကွာခဲ့ပေမယ့် မြန်မာဆန်တဲ့ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့လာပြီး သူမပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ပရိသတ်တွေ ကပင် အကယ်ဒမီဆုအတွက် မျှော်မှန်းပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။”ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားကြီးကလည်းအေးသောင်းရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်တာကြောင့် သူမပရိသတ်တွေကလည်း “ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကိုဆွတ်ခူးနိုင်ဖို့ကို မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း အမိုက်စား ရုပ်ရှင်တစ်ကားဖြစ်လာမယ့် “ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးဖို့အဆင်သင့်ပဲလား ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:7 Sense Flim Production
Shwe Poe@CeleGabar

x