” ကုသိုလ္အက်ဳိးေၾကာင့္ အသက္အႏၱာရာယ္ ထိခိုက္မည့္ ေဘးကလြတ္ေျမာက္ခဲ့တဲ့ ဟန္ထူးစ်ာန္ “

ဟန္ထူးစ်ာန္ကေတာ့အိပ္မက္ဆံုရာၿပိုင္ပြဲကေန ပရိသတ္ေတြ သတိထားမိလာတဲ့ အဆိုရွင္တစ္ဦးျဖစ္ၿပီး ဇာတိကေတာ့ ျပည္ၿမိဳ႕သားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မိန္းကေလးပရိသတ္ေတြမ်ားစြာဝန္းရံခံေနရတဲ့ သူတစ္ေယာက္ျဖစ္တဲ့အျပင္ အဆိုပိုင္းသာမက သရုပ္ေဆာင္ပိုင္းကိုလည္း စိတ္ဝင္တစားလုပ္ေဆာင္တတ္သူတစ္ဦးလည္း လို့ဆိုႏုိင္ပါတယ္။ဇာတ္လမ္းတြဲသစ္ေတြလည္း ရုိက္ကူးေနၿပီး သူ႕ရဲ႕ပရိသတ္ေတြကလည္း ဇာတ္လမ္းတြဲေတြထြက္လာတဲ့အခာမွာ အားေပးေစာင့္ၾကည့္ဖို႕ အသင့္ရွိေနၾကတာပဲ ျဖစ္ပါတယ္။

ဘာသာတရားကိုင္းရႈိင္းၿပီး အလွဴအတန္းေတြကိုမၾကာခဏလုပ္ေလ့ရွိတဲ့ ဟန္ထူးစ်ာန္တို႕ မိသားစုကေတာ့ သံဃာအပါး (၃၀၀) ေက်ာ္ အာရံုဆြမ္းေလာင္းလွဴခဲ့တဲ့အတြက္ ဘန္ေကာက္သြားမယ့္ခရီးစဥ္ကို ဖ်က္သိမ္းခဲ့တာေၾကာင့္ အသက္အႏၱာရာယ္ထိခိုက္မယ့္ေဘးက လြတ္ေျမာက္ခဲ့တယ္လို႕ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။” BKK မွာ (၂) ရက္ေန႔က ဗံုး (၆) လံုးေပါက္တယ္ ဆိုေတာ့တိုက္တိုက္ဆိုင္ဆိုင္ တစ္မိသားစုလံုး …ဟာ ဆိုတဲ ့အာေမရိတ္သံနဲ ့အတူ ေတာ္ေသးတယ္ ဆိုျပီးမေန ႔က ျပည္ ကိုျပန္တဲ့လမ္းမွာတင္ ျဖစ္ခဲ့ရတယ္ ။ဘာလို ့လည္းဆိုေတာ့ (၂)ရက္ေနမွာ ညီအစ္ကိုနွစ္ေယာက္တည္း အလုပ္ကိစၥ တစ္ခုအတြက္ျပင္ဆင္ဖို ့ BKK ကို သြားဖို ့ေလယာဥ္လက္မွတ္ကအစ ျပင္ဆင္ထားျကတာပါ။ျဖစ္ခ်င္ေတာ့ ေမြးေန ့က We Heart မိသားစု ေတြနဲ ့ဘုရားဖူး ေမၽွာ္ေနတုန္း ျပည္ကအေဒၚေတြက ေမေမ ေမြးရက္နဲ႔တိုက္သလို အကုန္တိုက္တိုက္ဆိုင္ဆိုင္ျဖစ္ေနလို ့ အလွဴလုပ္ေစခ်င္ေၾကာင္းလွမ္းေျပာလို ့(၄) ရက္ေန႔ ကိုအလွဴလုပ္ဖို ့ေပၚလာလို ့( ၂ )ရက္ေန႔ခရီးစဥ္ကိုရက္ေရြ႕ၿပီး လာခဲ့ၾကတာ ေကာင္းဖို ့ျဖစ္သြားတယ္။

တကယ္လို ့(၂ )ရက္ေန႔ကိုသာ BKK မွာရွိခဲ့ရင္ တစ္ခုခု မျဖစ္ဘူးဆိုရင္ေတာင္ Fans ေတြနဲ ့မိဘေတြ စိတ္ပူၾကရမွာ အခုေတာ့ ကုသိုလ္ျပဳခ်င္တဲ့စိတ္ေလးနဲ ႔ ခရီးကိုဖ်က္လိုက္တာ ကုသိုလ္အက်ဳိးခ်က္ခ်င္းခံစားလိုက္ရသလိုပါပဲ စိတ္ပူပင္စရာေတာင္မျဖစ္ေစခဲ့ရဘူးေလ။ပိုၿပီးၾကည္ညိဳစြာမနက္ျဖန္ သံဃာအပါး (၃၀၀) ေက်ာ္ အာရံုဆြမ္းေလာင္းလွဴပါမယ္ ခင္ဗ်ာ။အရာရာတိုင္းကေကာင္းဖို႔ျဖစ္လာတာပါ ဆိုတဲ ့ေဆာင္ပုဒ္ေလးက က်ြန္ေတာ့္ဘဝရဲ ့လက္ဆြဲေဆာင္ပုဒ္ေလးျဖစ္တယ္ဆိုတာ က်ြန္ေတာ့ Fans ေတြအားလံုးသိျပီးသားျဖစ္မွာပါ။ေဆာင္ပုဒ္ေလးကို ပို၍လက္ခံမိျပန္ေသာအေၾကာင္းအရာတစ္ခုBKK က အားေဆးပရိတ္သတ္ေတြအတြက္စိတ္ပူလိုက္တာဗ်ာ ျပီးေတာ့ေမြးေန ့မွာ ကုသိုလ္ေတြျပဳေပးတဲ ့အားေဆးေလးေတြအားလံုးကိုလည္းသတိရလ်ွက္” ဆိုၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ဘုရားဖူးပံုရိပ္ေလးေတြနဲ့အတူ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ဟန္ထူးစ်ာန္ရဲ့ အလွဴေလးအတြက္ သာဓုေခၚခဲ့ပါဦးေနာ္။

 

Source : Han Htoo Zen
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ကုသိုလ်အကျိုးကြောင့် အသက်အန္တာရာယ် ထိခိုက်မည့် ဘေးကလွတ်မြောက်ခဲ့တဲ့ ဟန်ထူးဈာန် ”

ဟန်ထူးဈာန်ကတော့ အိပ်မက်ဆုံရာ ပြိုင်ပွဲကနေ ပရိသတ်တွေ သတိထားမိလာတဲ့ အဆိုရှင်တစ်ဦးဖြစ်ပြီး ဇာတိကတော့ ပြည်မြို့သားတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေများစွာဝန်းရံခံနေရတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းကိုလည်း စိတ်ဝင်တစားလုပ်ဆောင်တတ်သူတစ်ဦးလည်း လို့ဆိုနိုင်ပါတယ်။ဇာတ်လမ်းတွဲသစ်တွေလည်း ရိုက်ကူးနေပြီး သူ့ရဲ့ပရိသတ်တွေကလည်း ဇာတ်လမ်းတွဲတွေထွက်လာတဲ့အခာမှာ အားပေးစောင့်ကြည့်ဖို့ အသင့်ရှိနေကြတာပဲ ဖြစ်ပါတယ်။

ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုမကြာခဏလုပ်လေ့ရှိတဲ့ ဟန်ထူးဈာန်တို့ မိသားစုကတော့ သံဃာအပါး (၃၀၀) ကျော် အာရုံဆွမ်းလောင်းလှူခဲ့တဲ့အတွက် ဘန်ကောက်သွားမယ့်ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာကြောင့် အသက်အန္တာရာယ်ထိခိုက်မယ့်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။” BKK မှာ (၂) ရက်နေ့က ဗုံး (၆) လုံးပေါက်တယ် ဆိုတော့တိုက်တိုက်ဆိုင်ဆိုင် တစ်မိသားစုလုံး …ဟာ ဆိုတဲ့
အာမေရိတ်သံနဲ့အတူ တော်သေးတယ် ဆိုပြီးမနေ့က ပြည် ကိုပြန်တဲ့လမ်းမှာတင် ဖြစ်ခဲ့ရတယ် ။ဘာလို့လည်းဆိုတော့ (၂)ရက်နေမှာ ညီအစ်ကိုနှစ်ယောက်တည်း အလုပ်ကိစ္စ တစ်ခုအတွက်ပြင်ဆင်ဖို့ BKK ကို သွားဖို့လေယာဉ်လက်မှတ်ကအစ ပြင်ဆင်ထားကြတာပါ။ဖြစ်ချင်တော့ မွေးနေ့က We Heart မိသားစု တွေနဲ့ဘုရားဖူး မျှော်နေတုန်း ပြည်ကအဒေါ်တွေက မေမေ မွေးရက်နဲ့တိုက်သလို အကုန်တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေလို့ အလှူလုပ်စေချင်ကြောင်းလှမ်းပြောလို့(၄) ရက်နေ့ ကိုအလှူလုပ်ဖို့ပေါ်လာလို့( ၂ )ရက်နေ့ခရီးစဉ်ကိုရက်ရွေ့ပြီး လာခဲ့ကြတာ ကောင်းဖို့ဖြစ်သွားတယ်။

တကယ်လို့(၂ )ရက်နေ့ကိုသာ BKK မှာရှိခဲ့ရင် တစ်ခုခု မဖြစ်ဘူးဆိုရင်တောင် Fans တွေနဲ့မိဘတွေ စိတ်ပူကြရမှာ အခုတော့ ကုသိုလ်ပြုချင်တဲ့စိတ်လေးနဲ့ ခရီးကိုဖျက်လိုက်တာ ကုသိုလ်အကျိုးချက်ချင်းခံစားလိုက်ရသလိုပါပဲ စိတ်ပူပင်စရာတောင်မဖြစ်စေခဲ့ရဘူးလေ။ပိုပြီးကြည်ညိုစွာမနက်ဖြန် သံဃာအပါး (၃၀၀) ကျော် အာရုံဆွမ်းလောင်းလှူပါမယ် ခင်ဗျာ။အရာရာတိုင်းကကောင်းဖို့ဖြစ်လာတာပါ ဆိုတဲ့ဆောင်ပုဒ်လေးက ကျွန်တော့်ဘဝရဲ့လက်ဆွဲဆောင်ပုဒ်လေးဖြစ်တယ်ဆိုတာ ကျွန်တော့ Fans တွေအားလုံးသိပြီးသားဖြစ်မှာပါ။ဆောင်ပုဒ်လေးကို ပို၍လက်ခံမိပြန်သောအကြောင်းအရာတစ်ခုBKK က အားဆေးပရိတ်သတ်တွေအတွက်စိတ်ပူလိုက်တာဗျာ ပြီးတော့မွေးနေ့မှာ ကုသိုလ်တွေပြုပေးတဲ့အားဆေးလေးတွေအားလုံးကိုလည်းသတိရလျှက်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဘုရားဖူးပုံရိပ်လေးတွေနဲ့အတူ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဟန်ထူးဈာန်ရဲ့ အလှူလေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။

Source : Han Htoo Zen
Shwe Poe@CeleGabar

x