“ကမၻာ႕ အၾကီးဆံုးထိုင္ေတာ္မူ ျမတ္စြာဘုရားၾကီးမွာ လူအားေငြအားနဲ႕ တတ္စြမ္းသေလာက္ကုသိုလ္ျပဳလုပ္ခဲ႕တဲ႕ ခန္႕စည္သူ”

ပရိသတ္ေတြနဲ႕ လုပ္ေဖာ္ကိုင္ဖက္ အနုပညာရွင္ေတြက ခ်စ္စနိုးနဲ႕ “ကိုခန္႕”လို႕ ေခၚဆိုၾကတဲ႕ ခန္႕စည္သူကေတာ႕ အနုပညာေလာကမွာ ေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္ထားတဲ႕ ျမန္မာနိုင္ငံရဲ႕ ထိပ္တန္းမင္းသားတစ္လက္ပဲျဖစ္ပါတယ္။ပီျပင္လွတဲ႕ သူရဲ႕ သရုပ္ေဆာင္မႈေတြေၾကာင္႕ (၂၀၀၈)ခုနွစ္မွာ “အမ်ားနဲ႕ မသက္ဆိုင္ေသာသူ” ဇာတ္ကားၾကီးျဖင္႕ အေကာင္းဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုၾကီးကို ရရွိပိုင္ဆိုင္ထားပါေသးတယ္။

ခန္႕စည္သူကေတာ႕ ျဖဴစင္မြန္ျမတ္တဲ႕ စိတ္ထားေလးရွိတဲ႕ သူတစ္ေယာက္ျဖစ္တာေၾကာင္႕ အလွဴအတန္းနဲ႕ ပရဟိတလုပ္ငန္းေတြကိုလည္း တတ္စြမ္းသေလာက္လုပ္ကိုင္ေနတဲ႕ သူတစ္ေယာက္ဆိုလည္းမမွားပါဘူးေနာ္။လတ္တေလာမွာလည္း စစ္ကိုင္းတိုင္းေဒသၾကီး၊မံုရြာၿမိဳ႕၊ မဟာေဗာဓိတေထာင္မွာ တည္ရွိတဲ႕ ကမၻာအၾကီးဆံုးထိုင္ေတာ္မူျမတ္စြာဘုရားၾကီး ဘက္စံုတည္ေဆာက္ေရးအတြက္ ေငြအားလူအားနဲ႕ ပါ၀င္လွဴဒါန္းခဲ႕တဲ႕အေၾကာင္းကို

“စစ္ကိုင္းတိုင္း၊မံုရြာၿမိဳ႕၊မဟာေဗာဓိတေထာင္ ကမၻာ႕အႀကီးဆံုး ထိုင္ေတာ္မူျမတ္စြာဘုရားႀကီး ဘက္စံုတည္ေဆာက္ေရးအတြက္ ျမတ္စြာဘုရားဆံလံုးေတာ္ႀကီးႏွင့္ ႐ုပ္ပြားေတာ္(၁)ဆူ လႉဒါန္းရေသာ ကုသိုလ္၊ရပ္ေတာ္မူ ဘုရားႀကီး သန္႔ရွင္းေရး လုပ္အားဒါနျပဳရေသာကုသိုလ္၊ေဗာဓိတေထာင္ဆရာေတာ္ႀကီးအား ဝါဆိုသကၤန္း ဆက္ကပ္လႉဒါန္းရေသာကုသိုလ္ စသျဖင့္ ယေန႔ျပဳျပဳခဲ့သမွ် ကုသိုလ္အစုစုတို႔ကို (၇)ရက္ သား၊သမီးမ်ားအား မွ်ေဝပါသည္။အမွ်ရ၍ သာဓုေခၚဆိုႏိုင္ၾကပါေစ။”လို႕သူရဲ႕လူမႈကြန္ရက္စာမ်က္နွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ၾကီးအတြက္ ခန္႕စည္သူရဲ႕ မြန္ျမတ္လွတဲ႕ အလွဴေလးကို သာဓုေခၚနိုင္ေအာင္မွ်ေ၀ေပးလိုက္ပါတယ္။

Source : Kyaw Soe Win (Khant Si Thu’s Facebook)
Chilli@CeleGabar
ယူနီကုတ္ျဖင္႕ဖတ္ရန္။

“ကမ္ဘာ့ အကြီးဆုံးထိုင်တော်မူ မြတ်စွာဘုရားကြီးမှာ လူအားငွေအားနဲ့ တတ်စွမ်းသလောက်ကုသိုလ်ပြုလုပ်ခဲ့တဲ့ ခန့်စည်သူ”

သာဓု သာဓု သာဓုပါ ကိုခန့်ရေ…..

ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေက ချစ်စနိုးနဲ့ “ကိုခန့်”လို့ ခေါ်ဆိုကြတဲ့ ခန့်စည်သူကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ပီပြင်လှတဲ့ သူရဲ့ သရုပ်ဆောင်မှုတွေကြောင့် (၂၀၀၈)ခုနှစ်မှာ “အများနဲ့ မသက်ဆိုင်သောသူ” ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကြီးကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

ခန့်စည်သူကတော့ ဖြူစင်မွန်မြတ်တဲ့ စိတ်ထားလေးရှိတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တတ်စွမ်းသလောက်လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။လတ်တလောမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ မဟာဗောဓိတထောင်မှာ တည်ရှိတဲ့ ကမ္ဘာအကြီးဆုံးထိုင်တော်မူမြတ်စွာဘုရားကြီး ဘက်စုံတည်ဆောက်ရေးအတွက် ငွေအားလူအားနဲ့ ပါဝင်လှူဒါန်းခဲ့တဲ့အကြောင်းကို

“စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မဟာဗောဓိတထောင် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူမြတ်စွာဘုရားကြီး ဘက်စုံတည်ဆောက်ရေးအတွက် မြတ်စွာဘုရားဆံလုံးတော်ကြီးနှင့် ရုပ်ပွားတော်(၁)ဆူ လှူဒါန်းရသော ကုသိုလ်၊ရပ်တော်မူ ဘုရားကြီး သန့်ရှင်းရေး လုပ်အားဒါနပြုရသောကုသိုလ်၊ဗောဓိတထောင်ဆရာတော်ကြီးအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရသောကုသိုလ် စသဖြင့် ယနေ့ပြုပြုခဲ့သမျှ ကုသိုလ်အစုစုတို့ကို (၇)ရက် သား၊သမီးများအား မျှဝေပါသည်။အမျှရ၍ သာဓုခေါ်ဆိုနိုင်ကြပါစေ။”လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးအတွက် ခန့်စည်သူရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်နိုင်အောင်မျှဝေပေးလိုက်ပါတယ်။

error: Content is protected !!