




Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ရှုတင်မှာ နေတိုး မိခင် အရီး နဲ့သွန်းမြတ်ကြယ်စင်လေးတို့ရဲ့ တီတီတာတာပြောနေတဲ့ ဗီဒီယိုဖိုင်လေး ”

မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကိုတော့ ချစ်ပရိသတ်ကြီးတို့နဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော် ။ အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကို အသက်( ၄) နှစ်အရွယ်လေးနဲ့ ဆွတ်ခူးရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကို ပိုပိုရရှိနေတဲ့အချက်လေးကတော့ အသည်းယားစဖွယ် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူTikTok လးတွေကို ဆော့လေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

ကို ပရိသတ်တွေက ” မိုအာနာ “လေးလို့ ချစ်စနိုး ခေါ်လေ့ရှိကြပြီး ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားနိုင်တဲ့ ” မိုအာနာ “လေးဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးဖြစ်ပါတယ်။ သူမ အသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း သိရပြီး မကြာသေးမီက ကျင်းပခဲ့တဲ့ Aroma Show (2020 )မှာလည်းပါဝင်တင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာပိုင်းမှာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ လက်ရှိမှာ “ကျွန်တော့်ရဲ့သူ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မိုးဟေကို တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ” မိုအာနာ “လေးရဲ့ အကြိုက်ဆုံးမင်းသား နေတိုးနဲ့ရိုက်ကူးနေရတာကြောင့်ပျော်ရွှင်နေတယ်လို့လည်း သိရပြီး ရှုတင်မှာလည်း နေတိုးရဲ့ မိခင်နဲ့ အရီး နဲ့အတူ တီတီတာတာလေးတွေပြောဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုကွန်ရက်ကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း နေတိုး မိခင် အရီး နဲ့သွန်းမြတ်ကြယ်စင်လေးတို့ရဲ့ တီတီတာတာပြောနေတဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Thoon Myat Kyal Sin
Shwe Poe@CeleGabar

x