



Source :Sophia Everst
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” နာရီပိုင်းအတွင်း ကြည့်ရှုသူ (၄)သောင်း ကျော် သွားခဲ့တဲ့ ဆိုဖီယာနဲ့ နင်ဇီမေတို့ရဲ့ “The Guest ” သီချင်းMTV”

ဆိုဖီယာကတော့ Myanmar Idol Season (1)ပြိုင်ပွဲကနေ ပရိသတ်တွေသတိထားမိလာပြီး သူမရဲ့ ဘိုဆန်လှတဲ့မျက်နှာသွင်ပြင်တွေအပြင် အသံပါဝါကောင်းလွန်းလှတဲ့ သူမရဲ့ ဆိုဟန်တွေကြောင့် အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစလာခဲ့တာပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်အများဆုံး မိန်းကလေးအဆိုရှင်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ” Cush On You” သီချင်းကစတင်ကာလူသိများလာပြီး အဆိုတော် X Boxနဲ့သီဆိုထားတဲ့ “Snap Chat” ကလည်း ယောကျာ်းလေးတွေအများဆုံးအားပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

မကြာသေးမီကထွက်ရှိထားတဲ့ “MEDUSA “သီချင်းကလည်း ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားခဲ့ပြီး “နင့်ရဲ့” Music MTV ကလည်း ပရိသတ်တွေကြားမှာ အရမ်းကို Hotခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ Myanmar Idol Season (1)ပြိုင်ပွဲကနေ ပရိသတ်တွေသတိထားမိလာတဲ့ နင်ဇီမေနဲ့အတူ သီချင်းတစ်ပုဒ်ကို ဖန်တီးသီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ “နင်ဇီမေ “အပြင် အာရှတစ်ခွင်က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ” ပိုင်တံခွန်”ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် Music MTVလေးပဲ ဖြစ်ပါတယ်။

အသံပါဝါကောင်းလွန်းတဲ့ သူမတို့နှစ်ယောက်သီဆိုထားတဲ့ သီချင်းလေးကတော့ ” The Guest ” သီချင်းလေးပဲ ဖြစ်ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ (၄)သောင်း ကျော် သွားခဲ့တာပဲ ဖြစ်ပါတယ်။မိန်းကလေးနှစ်ယောက်ယောကျာ်းလေးတစ်ယောက်ကို အရာရာ ပေးဆပ်ပြီးချစ်တဲ့ ” ပိုင်ဆိုင်သမျှ အသွေးအသားများဟာမင်းအတွက်ပေါ့ ” ဆိုတဲ့ စာသားလေးကတော့ မိန်းကလေးပရိသတ်တွေ အကြိုက်ဆုံးစာသားဖြစ်မယ်ဆိုလည်းမမှားပါဘူးနော်။လမ်းကြုံလို့ခဏတာလာရောက်ခိုလှုံတဲ့ သူတစ်ယောက်အတွက် မိန်းကလေးနှစ်ယောက်ရဲ့ အသည်းတွေ စတေးခဲ့ရတဲ့ သီချင်းပုံစံလေး ဖြစ်တာကြောင့် အသည်းကွဲနေတဲ့သူတွေအပြင် ချစ်သူရဲ့ ထားခဲ့ခြင်းခံရတဲ့ သူတွေအတွက် မိုးအေးအေးလေးမှာ Feelလို့အကောင်းဆုံး သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဆိုဖီယာနဲ့ နင်ဇီမေ တို့ရဲ့ “The Guest ” သီချင်းလေးကိုနားထောင်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Sophia Everst
Shwe Poe@CeleGabar

x