“ေမြးေန႕ၿပီးတာနဲ႕ ဗီဒီယိုကားေတြ ျပန္ရုိက္ေတာ့မည့္ ေရႊပိုးအိမ္”

ေရႊပိုးအိမ္ကေတာ့ ေယာက်ာ္းေလးပရိသတ္ေတြရဲ႕ အသည္းေက်ာ္ မင္းသမီးတစ္လက္ျဖစ္ၿပီး အႏုပညာေလာကမွာ အထူးႀကိဳးစားတဲ့မင္းသမီးတစ္လက္လို႕ဆိုႏုိင္ပါတယ္။သူမသရုပ္ေဆာင္ထားဇာတ္ကားမ်ားစြာရွိၿပီး မည္သည့္ကာရုိက္တာကိုမဆို ပီျပင္ေအာင္သရုပ္ေဆာင္တတ္တဲ့ မင္းသမီးတစ္လက္ျဖစ္တာေၾကာင့္ ပရိသတ္အခိုင္အမာကိုပိုင္ဆိုင္ထာႏုိင္တာပဲ ျဖစ္ပါတယ္။ သူမရဲ႕ ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးနဲ့ အမိုက္စားေဘာ္ဒီကိုပိုင္ဆိုင္ထားတာေၾကာင့္လည္း ပုရိသေတြၾကားမွာ နာမည္ၾကီးေနတာလို႕ဆိုႏုိင္ပါတယ္။

လက္ရွိမွာေတာ့ ၾသဂုတ္လ (၁၅)ရက္ေန႕မွာက်ေရာက္ေတာ့မယ့္ သူမေမြးေန႕ကိုထူးထူးျခားျခား We Love ေတြနဲ့အတူ ေမြးေနံပြဲေလးက်င္းပမယ္လို႕သိရပါတယ္။ ႏွစ္တိုင္း သူမေမြးေန႕မွာအလွဴအတန္းေလးေတြလုပ္ကာ ရိုးရွင္းစြာ ျဖတ္သန္းေလ့ရွိၿပီး ေမြးေန႕ပြဲ ႀကီးႀကီးက်ယ္က်ယ္လည္းမလုပ္ျဖစ္ဘူးလို႕ ပြင့္လင္းစြာေျပာျပခဲ့ပါတယ္။ေမြးေန႕မေရာက္ခင္ကတည္းက ေမြးေန႕လက္ေဆာင္ေတြကို ရရွိေနၿပီပဲ ျဖစ္ၿပီး ခရီးေတြထြက္တိုင္းလည္း ေရာက္တဲ့ေနရာထိ ပရိသတ္ေတြလာေရာက္အားေပးႏႈတ္ဆက္တာေၾကာင့္ ဝမ္းနည္းဝမ္းသာျဖစ္မိတဲ့ သူမရဲ႕ ခံစားခ်က္ကိုလည္း ဖြင့္ဟေျပာဆိ္ုခဲ့ပါတယ္။

သူမကိုခ်စ္တဲ့ပရိသတ္မ်ားမ်ားစားစားမရွိတာေၾကာင့္ သူမကိုခ်စ္ေပးတဲ့လူနည္းစုေလးေၾကာင့္ပင္ သူမအတြက္အႏုပညာအလုပ္ေတြလုပ္ရတာ ပင္ပန္းတယ္လို့ေတာင္မေတြးျဖစ္ဘူးလို့ေျပာျပခဲ့ပါတယ္။လတ္တေလာအႏုပညာလႈပ္ရွားမႈအေနနဲ႕ MTV ေလးရုိက္ဖို႕ရွိေနၿပီး ေမြးေန႕ေနာက္ပိုင္းမွာ ဗီဒီယိုကားႏွစ္ကားရုိက္ဖို႕ရွိတယ္လို႕ ေျပာျပခဲ့ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေရႊပိုးအိမ္ေလးကိုခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။


Source :Exclusive On CeleGabar
shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မွေးနေ့ပြီးတာနဲ့ ဗီဒီယိုကားတွေ ပြန်ရိုက်တော့မည့် ရွှေပိုးအိမ်”

ရွှေပိုးအိမ်ကတော့ ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ အထူးကြိုးစားတဲ့မင်းသမီးတစ်လက်လို့ဆိုနိုင်ပါတယ်။သူမသရုပ်ဆောင်ထားဇာတ်ကားများစွာရှိပြီး မည်သည့်ကာရိုက်တာကိုမဆို ပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့် ပရိသတ်အခိုင်အမာကိုပိုင်ဆိုင်ထာနိုင်တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတာကြောင့်လည်း ပုရိသတွေကြားမှာ နာမည်ကြီးနေတာလို့ဆိုနိုင်ပါတယ်။

လက်ရှိမှာတော့ သြဂုတ်လ (၁၅)ရက်နေ့မှာကျရောက်တော့မယ့် သူမမွေးနေ့ကိုထူးထူးခြားခြား We Love တွေနဲ့အတူ မွေးနေံပွဲလေးကျင်းပမယ်လို့သိရပါတယ်။ နှစ်တိုင်း သူမမွေးနေ့မှာအလှူအတန်းလေးတွေလုပ်ကာ ရိုးရှင်းစွာ ဖြတ်သန်းလေ့ရှိပြီး မွေးနေ့ပွဲ ကြီးကြီးကျယ်ကျယ်လည်းမလုပ်ဖြစ်ဘူးလို့ ပွင့်လင်းစွာပြောပြခဲ့ပါတယ်။မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့လက်ဆောင်တွေကို ရရှိနေပြီပဲ ဖြစ်ပြီး ခရီးတွေထွက်တိုင်းလည်း ရောက်တဲ့နေရာထိ ပရိသတ်တွေလာရောက်အားပေးနှုတ်ဆက်တာကြောင့် ဝမ်းနည်းဝမ်းသာဖြစ်မိတဲ့ သူမရဲ့ ခံစားချက်ကိုလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

သူမကိုချစ်တဲ့ပရိသတ်များများစားစားမရှိတာကြောင့် သူမကိုချစ်ပေးတဲ့လူနည်းစုလေးကြောင့်ပင် သူမအတွက်အနုပညာအလုပ်တွေလုပ်ရတာ ပင်ပန်းတယ်လို့တောင်မတွေးဖြစ်ဘူးလို့ပြောပြခဲ့ပါတယ်။လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ MTV လေးရိုက်ဖို့ရှိနေပြီး မွေးနေ့နောက်ပိုင်းမှာ ဗီဒီယိုကားနှစ်ကားရိုက်ဖို့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ရွှေပိုးအိမ်လေးကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Exclusive On CeleGabar
shwe Poe @CeleGabar

x