” လူမ်ိဳးျခားဘုန္းဘုန္းကို သူမရဲ႕စတူဒီယိုမွာ ဗုဒၶတရားေတာ္ေတြ ကို အသံသြင္းဖို႔ လွဴခဲ့တဲ့ အဆိုေတာ္ပိုပို “

အဆိုေတာ္သရုပ္ေဆာင္ပိုပို ဟာ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးျဖစ္ျပီး အလွဴအတန္း မၾကာခဏျပဳလုပ္တတ္သူေလးလည္းျဖစ္ၿပီး ပိုပိုဟာ မိဘေတြမရွိေတာ့ဘဲ ကိုယ္တိုင္တစ္ဦးတည္း ရပ္တည္လာနုိင္သူတစ္ဦးလည္္းျဖစ္ပါတယ္။ သူမဘ၀အေၾကာင္းကိုလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ေျပာျပထား သူေလးလည္း ျဖစ္တဲ့အျပင္ သူမသီခ်င္းေတာ္ေတာ္မ်ားမ်ားကို ကေလးလူႀကီးမေရြးနွစ္သက္သေဘာက်ၾကတာေၾကာင့္ ပရိသတ္အခိုင္အမာရရွိထားသူပဲ ျဖစ္ပါတယ္။

ပိ္ုပိုလို႕ ပရိသတ္ေတြလက္ခံလာခဲ့တဲ့ သီခ်င္းကေတာ့ ” ခ်စ္ဖူးခဲ့သမွ်”သီခ်င္းMTVေလး ျဖစ္ၿပီး ျမင့္ျမတ္နဲ႕တြဲဖက္သရုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ထပ္မံၿပီး ပရိသတ္ေတြပါးစပ္ဖ်ားမွာ ကေလးေတြကအစ ႏွစ္သက္သေဘာက်တဲ့ “ဘာမွမလိုဘူး” သီခ်င္းMTV ေလးလို႕ဆိုရမွာပါ။ႏုိင္ငံကေက်ာ္သရုပ္ေဆာင္မင္းသားေက်ာ္ေက်ာ္ဗိုလ္နဲ႕ တြဲဖက္သရုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ယခုခ်ိန္မွာေတာ့ ပိုပိုဟာ အမ်ားကအားက်ရတဲ့ သိန္း(၅)ေထာင္တန္ကိုယ္ပိုင္အိမ္လွလွေလးကို ပိုင္ဆိုင္ထားၿပီး ကိုယ္ပိုင္စတူဒီယိုေလးကိုလည္း ပိုင္ဆိုင္ထားတာၿပီပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဘာသာတရား အလြန္ကိုင္းရိႈင္းတဲ့ပိုပိုဟာ ” ခ်က္စ္ ႏိုင္ငံသား ဘုန္းဘုန္းကို အိမ္မွာ ပီဇာကပ္လွဴပါတယ္။Million Dreams Studio မွာလည္း ဗုဒၶတရားေတာ္ေတြ ကို အသံသြင္းဖို႔ လွဴပါတယ္။လူတိုင္း လူတိုင္း ကုသိုလ္ အမွ် ရၾကပါေစ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာမွာေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ရရင္ရသလို အလွဴအတန္းျပဳလုပ္တတ္တဲ့ ပိုပိုရဲ႕အလွဴေလးအတြက္ CeleGabar ပရိသတ္ႀကီးလည္း သာဓုေခၚသြားခဲ့ပါဦးေနာ္။

Source: ပိုပို
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” လူမျိုးခြားဘုန်းဘုန်းကို သူမရဲ့စတူဒီယိုမှာ ဗုဒ္ဓတရားတော်တွေ ကို အသံသွင်းဖို့ လှူခဲ့တဲ့ အဆိုတော်ပိုပို ”

အဆိုတော်သရုပ်ဆောင်ပိုပို ဟာ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်ပြီး အလှူအတန်း မကြာခဏပြုလုပ်တတ်သူလေးလည်းဖြစ်ပြီး ပိုပိုဟာ မိဘတွေမရှိတော့ဘဲ ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်လာနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူမဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူမသီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။

ပိုပိုလို့ ပရိသတ်တွေလက်ခံလာခဲ့တဲ့ သီချင်းကတော့ ” ချစ်ဖူးခဲ့သမျှ”သီချင်းMTVလေး ဖြစ်ပြီး မြင့်မြတ်နဲ့တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ထပ်မံပြီး ပရိသတ်တွေပါးစပ်ဖျားမှာ ကလေးတွေကအစ နှစ်သက်သဘောကျတဲ့ “ဘာမှမလိုဘူး” သီချင်းMTV လေးလို့ဆိုရမှာပါ။နိုင်ငံကကျော်သရုပ်ဆောင်မင်းသားကျော်ကျော်ဗိုလ်နဲ့ တွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ယခုချိန်မှာတော့ ပိုပိုဟာ အများကအားကျရတဲ့ သိန်း(၅)ထောင်တန်ကိုယ်ပိုင်အိမ်လှလှလေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်စတူဒီယိုလေးကိုလည်း ပိုင်ဆိုင်ထားတာပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့ပိုပိုဟာ ” ချက်စ် နိုင်ငံသား ဘုန်းဘုန်းကို အိမ်မှာ ပီဇာကပ်လှူပါတယ်။Million Dreams Studio မှာလည်း ဗုဒ္ဓတရားတော်တွေ ကို အသံသွင်းဖို့ လှူပါတယ်။လူတိုင်း လူတိုင်း ကုသိုလ် အမျှ ရကြပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ရရင်ရသလို အလှူအတန်းပြုလုပ်တတ်တဲ့ ပိုပိုရဲ့အလှူလေးအတွက် CeleGabar ပရိသတ်ကြီးလည်း သာဓုခေါ်သွားခဲ့ပါဦးနော်။

Source: ပိုပို
Shwe Poe@CeleGabar

x