” ထိုင္းသီခ်င္းတီးလံုး ျမဴးျမဴးေလးနဲ႕ ခ်စ္စရာေကာင္းတဲ့ ကကြက္ဆန္းဆန္းေလးေတြကို TikTok မွာခ်ျပလိုက္တဲ့ သီဟေအာင္ “

သီဟေအာင္ကေတာ့ဇာတ္ပို႕သရုပ္ေဆာင္က္ိုကိုဦးရဲ႕ တဦးတည္းေသာသားေလးျဖစ္ၿပီး အေဖ႕ဆီကေန အနုပညာအေမြေတြကို ဆက္ခံထားတဲ့ အႏုပညာရွင္တစ္ဦးရဲ့ မ်ိဳးဆက္ပဲ ျဖစ္ပါတယ္။ သီဟေအာင္ဟာ ျမန္မာ့ရုပ္ရွင္ ထူးခၽြန္ဆုေပးပြဲရဲ႕ ေရႊၾကိဳေမာင္အျဖစ္နဲ့ အနုပညာေလာကထဲကိုပထမဆံုး ၀င္ေရာက္လာခဲ့တာျဖစ္တဲ့အျပင္ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္လာသူတစ္ဦးျဖစ္ၿပီး မိန္းကေလးပရိသတ္ေတြက ကိုရီးယားမင္းသားေလးနဲ႕တုူတယ္လို႕ေတာင္ တင္စားၾကတာပဲ ျဖစ္ပါတယ္။

ေၾကာ္ျငာေတြကို ရိုက္ကူးေနရျပီျဖစ္သလို ျပကၡဒိန္ ရုိက္ကူးမႈမွာ စစ္ဗိုလ္တစ္ဦးအသြင္ကို ရုိက္ကူးရာမွာ အမွားအယြင္းနည္းနည္းရွိခဲ့တဲ့အတြက္ ေဝဖန္မႈေတြျပင္းထန္ခဲ့တာပဲ ျဖစ္ပါတယ္။ထိုေဝဖန္ခ်က္ေတြကိ္ုျပင္ဆင္ၿပီး အေကာင္းဆံုးျပန္လည္ရုိက္ကူးခဲ့တယ္လို႕လည္းသိရပါတယ္။ မၾကာေသးမီကလည္း အဆိုေတာ္ စစ္ပိုင္ထက္ သီဆိုထားတဲ့ ” ေရႊေျခက်င္း ” သီခ်င္းMTV ေလးမွာ သဇင္ထူးျမင့္နဲ႕အတူ ပါဝင္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အထူးအားေပးႏွစ္ၿခိဳက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

သီဟေအာင္ေလးကေတာ့ သရုပ္ေဆာင္ေကာင္းရံုသာမက ပရိသတ္ေတြ ျဖစ္တဲ့ ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြရဲ့အသည္းေက်ာ္ျဖစ္ရတဲ့ အခ်က္ကတစ္ခ်က္ကေတာ့ TikTok ဗီဒီယိုေလးေတြေၾကာင့္ဆိုလည္းမမွားပါဘူးေနာ္။ လက္ရွိမွာလည္း ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သီဟေအာင္ေလးရဲ႕ ကကြက္ဆန္းဆန္းေလးေတြကို ထိုင္းသီခ်င္းတီးလံုး ျမဴးျမဴးေလးနဲ႕ TikTok မွာေဆာ့ကစားခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ သီဟေအာင္ေလးရဲ႕ TikTok ဗီဒီယိုေလးကိုၾကည့္ၿပီး မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source:Thiha Aung
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ထိုင်းသီချင်းတီးလုံး မြူးမြူးလေးနဲ့ ချစ်စရာကောင်းတဲ့ ကကွက်ဆန်းဆန်းလေးတွေကို TikTok မှာချပြလိုက်တဲ့ သီဟအောင် ”

သီဟအောင်ကတော့ဇာတ်ပို့သရုပ်ဆောင်ကိုကိုဦးရဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အဖေ့ဆီကနေ အနုပညာအမွေတွေကို ဆက်ခံထားတဲ့ အနုပညာရှင်တစ်ဦးရဲ့ မျိုးဆက်ပဲ ဖြစ်ပါတယ်။ သီဟအောင်ဟာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲရဲ့ ရွှေကြိုမောင်အဖြစ်နဲ့ အနုပညာလောကထဲကိုပထမဆုံး ဝင်ရောက်လာခဲ့တာဖြစ်တဲ့အပြင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာသူတစ်ဦးဖြစ်ပြီး မိန်းကလေးပရိသတ်တွေက ကိုရီးယားမင်းသားလေးနဲ့တုူတယ်လို့တောင် တင်စားကြတာပဲ ဖြစ်ပါတယ်။

ကြော်ငြာတွေကို ရိုက်ကူးနေရပြီဖြစ်သလို ပြက္ခဒိန် ရိုက်ကူးမှုမှာ စစ်ဗိုလ်တစ်ဦးအသွင်ကို ရိုက်ကူးရာမှာ အမှားအယွင်းနည်းနည်းရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေပြင်းထန်ခဲ့တာပဲ ဖြစ်ပါတယ်။ထိုဝေဖန်ချက်တွေကိုပြင်ဆင်ပြီး အကောင်းဆုံးပြန်လည်ရိုက်ကူးခဲ့တယ်လို့လည်းသိရပါတယ်။ မကြာသေးမီကလည်း အဆိုတော် စစ်ပိုင်ထက် သီဆိုထားတဲ့ ” ရွှေခြေကျင်း ” သီချင်းMTV လေးမှာ သဇင်ထူးမြင့်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အထူးအားပေးနှစ်ခြိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

သီဟအောင်လေးကတော့ သရုပ်ဆောင်ကောင်းရုံသာမက ပရိသတ်တွေ ဖြစ်တဲ့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်ဖြစ်ရတဲ့ အချက်ကတစ်ချက်ကတော့ TikTok ဗီဒီယိုလေးတွေကြောင့်ဆိုလည်းမမှားပါဘူးနော်။ လက်ရှိမှာလည်း ပျော်ပျော်နေတတ်တဲ့ သီဟအောင်လေးရဲ့ ကကွက်ဆန်းဆန်းလေးတွေကို ထိုင်းသီချင်းတီးလုံး မြူးမြူးလေးနဲ့ TikTok မှာဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သီဟအောင်လေးရဲ့ TikTok ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source:Thiha Aung
Shwe Poe@CeleGabar

error: Content is protected !!