




Source:Sheintin Htoo
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

” သူ့ရဲ့ချစ်ရတဲ့ချစ်သူကို ဗီဒီယိုလေးမှတဆင့် ပရိသတ်တွေကို အသိပေးလိုက်တဲ့ ရှိန်းတင့်ထူး”

ရှိန်းတင့်ထူးကတော့ (၂၀၁၆)ခုနစ်က အကယ်ဒမီရွှေကြို တစ်ယောက်ဖြစ်ခဲ့ပြီး TikTok ဗီဒီယိုလေးတွေနဲ့ လူသိများလာခဲ့တာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေ ကြွေလောက်တဲ့ အရပ်မြင့်မြင့် အပြုံးချိုချိုလေးတွေနဲ့ဖမ်းစားထားတဲ့ ရှိန်းကတော့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားဟာ သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး တက်သစ်စအနုပညာရှင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ပီပြင်မ့တွေကိုပရိသတ်တွေက ချီးကျူးထောပနာ ပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ရှိန်းကတော့ အခုလိုပထမဆုံးဇာတ်ကားအတွက် ၁၀၀ရာခိုင်နှုန်းကြိုးစားခဲ့သလို နောက်ထပ်ရိုက်မယ့်ရုပ်ရှင်ကားတွေလည်း ထပ်မံပြီး ရှိသေးတယ်လို့သိရပါတယ်။လူငယ်ပီပီပေါ့ပေါ့ပါးပါးသွင်ပြင်ဟန်ပန်လေးတွေအပြင် သူငယ်ချင်းတွေ အတူ ပျော်ပျော်ပါးပါးနေတတ်တဲ့ သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့သူ့ရဲ့ချစ်ရတဲ့ချစ်သူကို TikTok ဗီဒီယိုလေးကနေ ပရိသတ်တွေကိုအသိပေးလိုက်တာပဲ ဖြစ်ပါတယ်။ ရှိန်းရဲ့ ချစ်ရချစ်သူကတော့ သူကိုယ်တိုင်ပဲ ဖြစ်ပြီး ပရိသတ်တွေအထင်မှားအောင် ကျီစယ်လိုက်တာပဲ ဖြစ်ပါတယ်။ဗီဒီယိုနောက်ဆုံးမှာ သူ့ရဲ့စွဲမက်ဖွယ်ကောင်းတဲ့အပြုံးလေးတွေနဲ့ဖမ်းစားလိုက်ပါသေးတယ်နော်။CeleGabar ပရိသတ်ကြီးလည်း ရှိန်းရဲ့ဗီဒိယိုလေးကိုကြည့်ပြီး ရှိန်းရဲ့ချစ်သူဘယ်သူဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Sheintin Htoo
Shwe Poe@CeleGabar

error: Content is protected !!