

 

 


 

 


 


Source: Wikipedia
ချစ်သဲမေ @CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“ချစ်တဲ့ အနုပညာလောကကို စွန့်ခွာသွားတာ (၂) နှစ်ပြည့်သွားပြီဖြစ်တဲ့ ဂန္ဓဝင်ဂီတကြယ်ပွင့်ကြီး ဦးခိုင်ထူး”

ဒီနေ့ သြဂုတ်လ (၉)ရက်နေ့ကတော့ အနုပညာလောကမှာ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ အဆိုတော်ဦးခိုင်ထူးရဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ အဆိုတော်ဦးခိုင်ထူးက ယခုအချိန်အထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာအပြည့် ယူထားနိုင်သေးတဲ့ အနုပညာရှင်တစ်ယာက်ပါ။ ဦးခိုင်ထူးဟာ တေးရေးဆရာ မောင်သစ်မင်းရဲ့” တေးမြုံငှက်”ဆိုတဲ့ သီချင်းကို သီဆိုပြီး အောင်မြင်မှုကို စတင်ရရှိခဲ့သူတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

ဦးခိုင်ထူးကတော့ တေးစီးရီးအယ်ဘမ် (၁၅)ခွေထွက်ရှိထားသူတစ်ယောက်ပါ။ “ထားရစ်ခက်နေခဲ့တော့မယ်”ဆိုတဲ့သီချင်းခွေကို အဆိုတော်စိုးလွင်လွင်နဲ့ အတူသီဆိုခဲ့တာဖြစ်ပြီးတော့ “ရသ”ဆိုတဲ့ သီချင်းခွေကိုတော့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုင်းထီးဆိုင်နဲ့အတူ စိတ်အားထက်သန်စွာ အကောင်းဆုံး ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ် သြဂုတ်လ (၉)ရက်နေ့မှာတော့ ပန်းကရိယကင်ဆာရောဂါနဲ့ အနုပညာလောကနေ ဦးခိုင်ထူးတစ်ယောက် လုံးဝထွက်ခွာ သွားခဲ့ပြီပဲဖြစ်ပါတယ်။ယခုဆိုရင်တော့ အနုပညာလောကက ကြယ်တစ်ပွင့်ဆုံးရှုံးတာ (၂)နှစ်ပြည်ခဲ့ပြီဆိုတာကိုဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဝမ်းနည်းစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်နော် …..
Source: Wikipedia
ချစ်သဲမေ @CeleGabar

error: Content is protected !!