ေမေမ အသစ္စက္စက္ေလးျဖစ္လာတဲ့ ပိုးအိအိခန္႕ ရဲ႕ ကေလးထိန္းပံုေလးကိုၾကည္႕ရင္း ၾကည္နူးေနတဲ့ ေဖေဖ ေအာင္သူ

ျမန္မာ႕ ေဘာလံုးေလာကရဲ႕ ထိပ္တန္း ကစားသမားတစ္ေယာက္ျဖစ္သလို လက္ေရြးစင္တစ္ေယာက္လည္းျဖစ္တဲ့ ေအာင္သူ နဲ႕ မင္းသမီးေခ်ာ ပိုးအိအိခန္႕ တို႕ဟာ Mobile Legend ဂိမ္းကို အတူတူ ေဆာ့ရင္းက ခ်စ္ၾကိဳးသြယ္ခဲ့ၾကတဲ့ ရွားရွားပါးပါး အနုပညာရွင္ နဲ႕ အားကစားသမား စံုတြဲေလးျဖစ္ျပီး လက္ရွိမွာ အိမ္ေထာင္ ရက္သားက်လို႕ ပထမဦးဆံုး သားဦးေလးကိုပါ ပို္င္ဆိုင္ထားျပီျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ဇူလွိဳင္လကပဲ သားဦးေလးကို ထို္င္းနိုင္ငံ၊ ဘန္ေကာက္ျမိဳ႕က ေဆးရံုတစ္ခုမွာ ဖြားျမင္ခဲ့သလို မိဘေတြ ျဖစ္လာၾကျပီျဖစ္တဲ့ သူတို႕ နွစ္ေယာက္ရဲ႕ အိမ္က ဆည္းလည္းသံေလးအျဖစ္ ဒီ အူ၀ဲေလးကို ေမြးဖြားျပီးေတာ့ လက္ရွိမွာ ျမန္မာနိုင္ငံကို ျပန္လည္ေရာက္ရွိေနျပီျဖစ္ပါတယ္။

ကိုယ္၀န္ေဆာင္ခ်ိန္ နဲ႔ ကေလး ဖြားျမင္ခဲ့အခ်ိန္ကို ပရိသတ္ေတြကို အသိမေပးခဲ့ပဲ သားေလးကို ေမြးဖြားျပီးခ်ိန္မွ အားလံုး အံ့ၾသ၀မ္းသားျဖစ္သြားေအာင္ Suprise လုပ္လိုက္တဲ့ ေအာင္သူ နဲ႕ပိုးအိအိခန္႕တို႕ ဇနီးေမာင္နွံကေတာ့ သူတို႕ နွစ္ေယာက္ရဲ႕ သားဦးေလးကိုတစ္ေယာက္ တစ္ေယာက္ ထိန္းရင္း ေပ်ာ္ရႊင္မဆံုး ရွိေနတာပဲ ျဖစ္ပါတယ္။ မေမေ အသစ္စက္စက္ေလးျဖစ္လာတဲ့ ပိုးအိအိခန္႕တစ္ေယာက္ သားေလးကို ထိန္းေနတဲ့ ၾကည္နဴးစရာျမင္ကြင္းေလးကို ကိုယ္တိုင္ Video ရိုက္ကူးကာ ေဖေဖ ေအာင္သူကလည္း သူ႕ရဲ႕ၾကည္နူးမႈေတြကို ခု လိုျပန္လည္မွ်ေ၀လိုက္ျပန္တာမို႕ ဆယ္လီကမာၻပရိသတ္ၾကီး အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

Source: Aung thu
Khin Mi Mi@CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

မေမေ အသစ်စက်စက်လေးဖြစ်လာတဲ့ ပိုးအိအိခန့် ရဲ့ ကလေးထိန်းပုံလေးကိုကြည့်ရင်း ကြည်နူးနေတဲ့ ဖေဖေ အောင်သူ

မြန်မာ့ ဘောလုံးလောကရဲ့ ထိပ်တန်း ကစားသမားတစ်ယောက်ဖြစ်သလို လက်ရွေးစင်တစ်ယောက်လည်းဖြစ်တဲ့ အောင်သူ နဲ့ မင်းသမီးချော ပိုးအိအိခန့် တို့ဟာ Mobile Legend ဂိမ်းကို အတူတူ ဆော့ရင်းက ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ရှားရှားပါးပါး အနုပညာရှင် နဲ့ အားကစားသမား စုံတွဲလေးဖြစ်ပြီး လက်ရှိမှာ အိမ်ထောင် ရက်သားကျလို့ ပထမဦးဆုံး သားဦးလေးကိုပါ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇူလှိုင်လကပဲ သားဦးလေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆေးရုံတစ်ခုမှာ ဖွားမြင်ခဲ့သလို မိဘတွေ ဖြစ်လာကြပြီဖြစ်တဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်က ဆည်းလည်းသံလေးအဖြစ် ဒီ အူဝဲလေးကို မွေးဖွားပြီးတော့ လက်ရှိမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေး ဖွားမြင်ခဲ့အချိန်ကို ပရိသတ်တွေကို အသိမပေးခဲ့ပဲ သားလေးကို မွေးဖွားပြီးချိန်မှ အားလုံး အံ့သြဝမ်းသားဖြစ်သွားအောင် Suprise လုပ်လိုက်တဲ့ အောင်သူ နဲ့ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ သူတို့ နှစ်ယောက်ရဲ့ သားဦးလေးကိုတစ်ယောက် တစ်ယောက် ထိန်းရင်း ပျော်ရွှင်မဆုံး ရှိနေတာပဲ ဖြစ်ပါတယ်။ မမေေ အသစ်စက်စက်လေးဖြစ်လာတဲ့ ပိုးအိအိခန့်တစ်ယောက် သားလေးကို ထိန်းနေတဲ့ ကြည်နူးစရာမြင်ကွင်းလေးကို ကိုယ်တိုင် Video ရိုက်ကူးကာ ဖေဖေ အောင်သူကလည်း သူ့ရဲ့ကြည်နူးမှုတွေကို ခု လိုပြန်လည်မျှဝေလိုက်ပြန်တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

x
error: Content is protected !!