





Source:Koreaboo
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

Elsa လေးနဲ့တူတယ်ဆိုပြီးနာမည်ကြီးနေတဲ့ Twice အဖွဲ့ဝင် Dahyun
တောင်ကိုရီးယားနိုင်ငံရဲ့အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ Twice အဖွဲ့ကတော့မိန်းမလှလေးတွေနဲ့ ဖွဲ့စည်းထားတာပါ။အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Dahyun ရဲ့အလှကတော့ အခုရက်ပိုင်းမှာလူပြောများနေခဲ့တာပါ။
Twice အဖွဲ့ဟာ (M2XGnie Music Awards) MGMAs ရဲ့ ပွဲမှာဖျော်ဖြေခဲ့ကြပါတယ်။ ဒီပွဲမှာအလှကြီးလှနေခဲ့တဲ့ Dahyun ရဲ့ဖျော်ဖြေရေးစင်မြင့်ပေါ်ကပုံရိပ်တွေကြောင့် Frozen ကာတွန်းကားထဲက Elsa နဲ့တူတယ်ဆိုပြီးတော့လူပြောများစေခဲ့ပါတယ်။ဒီပွဲမှာတော့ Dahyun ဟာရွှေအိုရောင်ဆံပင်နဲ့အပြာဖျော့ရောင်ဝတ်စုံလေးကိုဝတ်ဆင်ခဲ့တာပါ။အဲ့ဒီလိုဝတ်ဆင်လိုက်တာဟာ
Elsa လေးနဲ့ပိုပြီးတော့တူသွားစေခဲ့ပါတယ်
အသားဖြူဖြူနှာတံပေါ်ပေါ်နဲ့ ဆွဲဆောင်မှုရှိတဲ့ Dahyun ဟာ တကယ့်ကို Disney princess လေးလိုလှနေခဲ့တာပါ။ Dahyun အမြဲတမ်းလှနေတဲ့သူဖြစ်ပေမဲ့ အခုပုံရိပ်တွေမှာ ပိုလို့တောင်မှလှနေပါသေးတယ်။သူမရဲ့ပရိသတ်တွေကတော့ ဒီပုံတွေကိုသဘောကျခဲ့ကြပြီး ပုံပြင်ထဲကမင်းသမီးလေးနဲ့တူနေကြာင်းကိုရေးသားခဲ့ကြပါတယ်။
ပရိသတ်တစ်ယောက်ကတော့
“သူမဟာအပြာရောင်ဝတ်စုံလေးနဲ့လိုက်ဖက်တဲ့အသားရောင်လေးရှိပြီးစင်ပေါ်မှာတောက်ပလွန်းနေတယ်။ပုံပြင်ထဲကရေခဲမင်းသမီးလေးလိုပါပဲ။” လို့ ချီးမွမ်းခဲ့ပါတယ်။
ဒီပွဲမှာ Twice အဖွဲ့ဟာ “FANCY” နဲ့ “Dance The Night Away” စတဲ့သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တဲ့ပုံရိပ်တွေမှာ ပရိသတ်တွေချီးကျူးစကားဆိုကြသလိုပဲ တောက်ပနေခဲ့တာတော့ငြင်းမရပါဘူး။
Dahyun ကတော့ သက်ရှိကမ္ဘာထဲကရေခဲမင်းသမီးလေးပါပဲနော်…။

x
error: Content is protected !!