မြန္ျပည္နယ္မွာေျမၿပိဳမႈေၾကာင့္ေပ်ာက္ဆုံးေနသူေတြကို ရွာေဖြေနတဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ကေတာ့ တခ်ိန္ကပရိသတ္ေတြ အားက်ခဲ့ရတဲ့ သ႐ုပ္ေဆာင္မင္းသားတစ္ေယာက္ျဖစ္ပါတယ္။ အလြမ္းအေဆြး ကာ႐ိုက္တာပိုင္းေတြကိုျဖစ္ျဖစ္ က်ရာကာ႐ိုက္တာပိုင္းကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္ၿပီးေတာ့ “ပင္လယ္ထက္ကေနဝန္းနီ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး သ႐ုပ္ေဆာင္ အကယ္ဒမီဆုကို သိမ္းပိုက္ရရွိထားခဲ့တာျဖစ္ပါတယ္။ ယခုအခါမွာေတာ့ ေဝဠဳေက်ာ္က သ႐ုပ္ေဆာင္အလုပ္ေတြထက္ “Wai Lu Kyaw Foundation”တည္ေထာင္ကာ ပရဟိတအလုပ္ေတြကို အေလးထားလုပ္ကိုင္ေနတာျဖစ္ပါတယ္။

ေဝဠဳေက်ာ္ဟာ ေရေဘး၊ေလေဘး စသျဖင့္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ျဖစ္တတ္တဲ့ေနရာေတြမွာ သြားေရာက္ကူညီကယ္ဆယ္ေပးေနတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။လတ္တေလာမွာေတာ့ မြန္ျပည္နယ္တစ္ဝိုက္မွာ ေရးႀကီးမႈ၊ေျမၿပိဳမႈမ်ားဆက္တိုက္ျဖစ္ေနၿပီး ေရးေဘးသင့္ျပည္သူေတြကို ေရေဘးကယ္ဆယ္ေရးေတြလုပ္ကိုင္ေနပါတယ္။

လက္ရွိမွာေတာ့ မြန္ျပည္နယ္၊ေပါင္ၿမိဳ႕နယ္၊သဲျဖဳကုန္း႐ြာ မွာ ေတာင္ၿပိဳမႈကိုျဖစ္ပြားခဲ့ၿပီး ေတာင္ၿပိဳေျမခဲေတြေအာင္မွာ လူေတြ၊အိမ္ေတြ၊ကားေတြ ပိတ္မိကာေပ်ာက္ဆုံးေနၿပီး ထိုေပ်ာက္ဆုံးေနေသာ အေလာင္မ်ားကို ရွာေဖြေပးေနတဲ့ အေၾကာင္းကို “ေၾကကြဲစရာျမင္ကြင္းေတြပါ၊ ယေန႔ ေသဆုံးသူ ၁၀ ဦးထပ္ေတြ႕ပါၿပီ၊တခ်ိဳ႕အိမ္ေတြ တစ္မိသားစုလုံးနီးပါး သဆုံးၾကပါတယ္၊ေတာင္ၿပိဳေျမခဲေတြေအာက္မွာ လူေတြ အိမ္ေတြ ကားေတြပိတ္မိေနၿပီး ဆက္လက္ ရွာေဖြေနဆဲပါ။မိုးကလည္း ဆက္တိုက္႐ြာေနပါတယ္။(10-8-2019) မြန္ျပည္နယ္ ေပါင္ၿမိဳ႕ သဲျဖဴကုန္း႐ြာ”လို႔ဆိုထားပါတယ္။CeleGabar ပရိသတ္ႀကီးေရ အခုလို႔ ရွာေဖြေရးေတြလုပ္ေနတဲ့ ေဝဠဳေက်ာ္ကို ဘယ္လိုျမင္လဲ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source: Ye Min
DarDar@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မွန်ပြည်နယ် မှာပျောက်ဆုံးနေသောအလောင်းများကို ရှာဖွေနေတဲ့ ဝေဠုကျော်”

ဝေဠုကျော်ကတော့ တချိန်ကပရိသတ်တွေ အားကျခဲ့ရတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အလွမ်းအဆွေး ကာရိုက်တာပိုင်းတွေကိုဖြစ်ဖြစ် ကျရာကာရိုက်တာပိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတော့ “ပင်လယ်ထက်ကနေဝန်းနီ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင် အကယ်ဒမီဆုကို သိမ်းပိုက်ရရှိထားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဝေဠုကျော်က သရုပ်ဆောင်အလုပ်တွေထက် “Wai Lu Kyaw Foundation”တည်ထောင်ကာ ပရဟိတအလုပ်တွေကို အလေးထားလုပ်ကိုင်နေတာဖြစ်ပါတယ်။

ဝေဠုကျော်ဟာ ရေဘေး၊လေဘေး စသဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တတ်တဲ့နေရာတွေမှာ သွားရောက်ကူညီကယ်ဆယ်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။လတ်တလောမှာတော့ မွန်ပြည်နယ်တစ်ဝိုက်မှာ ရေးကြီးမှု၊မြေပြိုမှုများဆက်တိုက်ဖြစ်နေပြီး ရေးဘေးသင့်ပြည်သူတွေကို ရေဘေးကယ်ဆယ်ရေးတွေလုပ်ကိုင်နေပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ်၊ပေါင်မြို့နယ်၊သဲဖြုကုန်းရွာ မှာ တောင်ပြိုမှုကိုဖြစ်ပွားခဲ့ပြီး တောင်ပြိုမြေခဲတွေအောင်မှာ လူတွေ၊အိမ်တွေ၊ကားတွေ ပိတ်မိကာပျောက်ဆုံးနေပြီး ထိုပျောက်ဆုံးနေသော အလောင်များကို ရှာဖွေပေးနေတဲ့ အကြောင်းကို “ကြေကွဲစရာမြင်ကွင်းတွေပါ၊ ယနေ့ သေဆုံးသူ ၁၀ ဦးထပ်တွေ့ပါပြီ၊တချို့အိမ်တွေ တစ်မိသားစုလုံးနီးပါး သဆုံးကြပါတယ်၊တောင်ပြိုမြေခဲတွေအောက်မှာ လူတွေ အိမ်တွေ ကားတွေပိတ်မိနေပြီး ဆက်လက် ရှာဖွေနေဆဲပါ။မိုးကလည်း ဆက်တိုက်ရွာနေပါတယ်။(10-8-2019) မွန်ပြည်နယ် ပေါင်မြို့ သဲဖြူကုန်းရွာ”လို့ဆိုထားပါတယ်။CeleGabar ပရိသတ်ကြီးရေ အခုလို့ ရှာဖွေရေးတွေလုပ်နေတဲ့ ဝေဠုကျော်ကို ဘယ်လိုမြင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော်။

error: Content is protected !!