

 

 


 

 


 



ချစ်သဲမေ @CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“ဂရိနိုင်ငံမှာ ကျင်းပနေတဲ့ ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ”

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာကတော့ ဂရိနိုင်ငံမှာ ကျင်းပနေတဲ့ ဟယ်လက်စ်အိုးပင်း(Hellas Open)ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်ခွင့် ရရှိသွားခဲ့ပါပြီ။ကြက်တောင်ကစားနည်းကို အသက်(၇)နှစ်ကနေ စတင်လေ့ကျင့်သင်ကြားခဲ့တာဖြစ်ပြီးတော့ ထိုင်းနိုင်ငံရဲ့ဘုရင်မင်းမြတ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆု (၆)ဆုအားလည်း လက်ခံရရှိထားသူတစ်ယောက်ပါ။

အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ (Egypt International Series 2018) အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပြီး နီပေါအပြည်ပြည်ဆိုင်ရာစီးရီး (2018) တွင် ဒုတိယဆု၊ Iran International challenge (2018)တွင်လည်း တတိယဆု များကိုလည်း အသီးသီးရရှိခဲ့ပါတယ်။

ဂရိနိုင်ငံမှာ ကျင်းပနေတဲ့ Hellas Open 2019 ကြက်တောင်ရိုက်ပြိုင်ပွဲရဲ့အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာဟာ ဒီကနေ့(ဩဂုတ်လ ၁၁ ရက်နေ့က မလေးရှားကြက်တောင်မယ် ကီဆိုနာဆယ်ဗာဒူရေးနဲ့ ဗိုလ်လုပွဲ ကစားသွားခဲ့တာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သက်ထားသူဇာကတော့ လေးစားစရာကောင်းတဲ့ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ်တစ်ယောက်ပါနော်…..
Source: THET HTAR Thuzar
ချစ်သဲမေ @CeleGabar

 

error: Content is protected !!