“ေအး၀တ္ရည္ေသာင္းနဲ႔အတူ TikTok ေဆာ့ေနတဲ့ ျဖိဳးျမတ္ေအာင္”

ျဖိဳးျမတ္ေအာင္ကေတာ႕ Myanmar Idol Season (3)ျပိဳင္ပြဲၾကီးကို ၀င္ေရာက္ယွဥ္ျပိဳင္ခဲ႕ျပီး winner ဆုၾကီးကို ထိုက္ထိုက္တန္တန္နဲ႕ ရရွိခဲ႕တဲ႕ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ျပိဳင္ပြဲ၀င္ေနစဥ္ကာလကတည္းက ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည္႕အ၀ရရွိထားခဲ႕တဲ႕ ျပိဳင္ပြဲ၀င္တစ္ေယာက္ဆိုရင္လည္းမမွားပါဘူးေနာ္။ ၿဖိဳးျမတ္ေအာင္က အခုဆိုရင္အႏုပညာလမ္းေၾကာင္းကို ပံုမွန္ေလး ေလွ်ာက္လွမ္းေနၿပီး သီခ်င္းေလးေတြဆို ေၾကာ္ျငာေလးေတြလက္ခံရိုက္ကူးေနၿပီပဲ ျဖစ္ပါတယ္။

ျဖိဳးျမတ္ေအာင္ ကႏိုင္ငံေက်ာ္ နာမည္ႀကီး ဝါရင့္ သရုပ္ေဆာင္ ေအးဝတ္ရည္ေသာင္း နဲ႔အတူ ရိုက္ကူးေရး လုပ္ေနတာပဲ ျဖစ္ပါတယ္။ၿဖိဳးျမတ္ေအာင္ ရဲ႕ ပရိသတ္ေတြ ကေတာ့ သူတို႔ႏွစ္ေယာက္ အတူ ရိုက္ကူးေရးလုပ္ေနတာေၾကာင့္ အရမ္းကို စိတ္ဝင္စားေနၾကတာပါ။

သူ႔ရဲ႕ နာမည္ႀကီး သီခ်င္းျဖစ္တဲ့ ” မမ ” သီခ်င္းကို ေအးဝတ္ရည္ေသာင္းနဲ႔အတူ သရုပ္ေဆာင္ၿပီး Tik Tok ရိုက္ကူး ထားတာေၾကာင့္ ပရိသတ္ေတြၾကားမွာ အရမ္းကို နာမည္ႀကီးေနပါတယ္။CeleGabar ပရိသတ္ၾကီးလည္း ထိုဗီဒီယိုေလးကိုၾကည့္ျပီးရင္ မွတ္ခ်က္ေလးေတြေပးခဲ့ဦးေနာ္။


Source: Phyo Myat Aung
DarDar@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“အေးဝတ်ရည်သောင်းနဲ့အတူ TikTok ဆော့နေတဲ့ ဖြိုးမြတ်အောင်”

ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season (3)ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး winner ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ပြိုင်ပွဲဝင်နေစဉ်ကာလကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။ ဖြိုးမြတ်အောင်က အခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် ကနိုင်ငံကျော် နာမည်ကြီး ဝါရင့် သရုပ်ဆောင် အေးဝတ်ရည်သောင်း နဲ့အတူ ရိုက်ကူးရေး လုပ်နေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် ရဲ့ ပရိသတ်တွေ ကတော့ သူတို့နှစ်ယောက် အတူ ရိုက်ကူးရေးလုပ်နေတာကြောင့် အရမ်းကို စိတ်ဝင်စားနေကြတာပါ။

သူ့ရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ ” မမ ” သီချင်းကို အေးဝတ်ရည်သောင်းနဲ့အတူ သရုပ်ဆောင်ပြီး Tik Tok ရိုက်ကူး ထားတာကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေပါတယ်။CeleGabar ပရိသတ်ကြီးလည်း ထိုဗီဒီယိုလေးကိုကြည့်ပြီးရင် မှတ်ချက်လေးတွေပေးခဲ့ဦးနော်။

Source: Phyo Myat Aung
DarDar@CeleGabar

error: Content is protected !!