53
Source : MC
Khin @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“အောင်ရဲလင်းက ပထရစ်ရှာရဲ့ ပထမဆုံး Crush ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား”
ပက်ထရစ်ရှာကတော့ အသက်ငယ်ငယ်လေးတည်းကအနုပညာလောကနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပြီး ဘော်ဒီသွင်ပြင်တွေကတော့ ပြောစရာမလိုအောင် လှပကျော့ရှင်းတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ မော်ဒယ်လောကကနေ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာတဲ့သူဖြစ်ပြီး မျက်နှာသွင်ပြင်လေးက နိုင်ငံခြားသူတစ်ယောက်လို သွင်ပြင်မို့ ပရိသတ်တွေကို အလှတစ်မျိုးနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။
လတ်တလောမှာတော့ အောင်ရဲလင်းအပေါ် သူမရဲ့ထင်မြင်ချက်လေးကိုပြောပြခဲ့ပါတယ်။ ” ညီမက မြန်မာပြည်မှာဆိုလို့ရှိရင်အများကြီးမကြိုက်တတ်ဘူး။တစ်ချို့ကျတော့လည်း Celebrity ကို ရူးကိုရူးသွပ်တာ။ဘယ်Celebrity မဆိုကြိုက်တယ်။ညီမကျတော့အာ့လိုမဟုတ်ဘူး။ညီမရူးသွပ်တာနှစ်ယောက်ပဲရှိတယ်။ပထမဦးဆုံးCrush ဖြစ်မိတာ မင်းသားထဲမှာ ကိုအောင်ရဲလင်း၊ မင်းသမီးထဲမှာ မကစ်(ဝတ်မှုံရွှေရည်) ပေါ့နော်။သူတို့နှစ်ယောက်ကိုညီမအကြိုက်ဘူး။ ညီမပရိသတ်ဘဝတုန်းကဆိုသူတို့ကားတွေကြည့်နေရင်မပျင်းဘူး။ တစ်ခါတစ်လေကျရင်သရုပ်ဆောင်ကောင်းနေရုံနဲ့မပြီးဘူး ။ဖက်ရှင်တွေဆိုလို့ရှိရင်လည်း ထွင်တယ်။ Hair Style ဆိုရင်လည်းအမြဲထွင်တယ်။သူ့ဖက်ရှင်ကိုသဘောကျတယ်။ပြီးတော့မင်းသားတစ်ယောက်နဲ့ကိုက်ညီတဲ့ အင်္ဂါရပ်တွေအများကြီးရှိတယ်။ သူများနိုင်ငံက ထိုင်းတို့ဘာတို့နဲ့ယှဉ်လို့ရတယ်။ထိုင်းနိုင်ငံကမင်းသားတွေက ဘော်ဒီတွေအရမ်းမိုက်တယ်။သူလဲအာ့လို ဘော်ဒီ မိုက်တယ်။ဝတ်တတ်စားတတ်တယ်။အရပ်အမောင်းလဲကောင်းတယ်။အာ့လိုမျိုး အချက်တွေကြောင့် သူ့ကိုသဘောကျတာပါ” ဆိုပြီး သူမအမြင်ကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရော ပထမဦးဆုံးCrush ကို ဘယ်လိုပုံစံတွေကြောင့်ကြိုက်လဲပြောခဲ့ပါဦးနော်။
Source : MC
Khin @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်