အိချောပို
မေမြင့်မိုရ်
ရွှေပိုးအိမ်
နေဆန်း
ထွန်းကိုကို
ချစ်သဲမေ @CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
“မွန်ပြည်နယ်ရေဘေးအတွက် လက်မနှေးဘဲ လှူလာကြတဲ့ အနုပညာလောကသားများ ”
လတ်တလောမှာတော့ မွန်ပြည်နယ်ဒေသတစ်ဝိုက်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံ၊ မြေပြိုမှုတွေကို မွန်ပြည်နယ်ဒေသခံတွေ ကြုံတွေခံစားနေရတာပါ။ အသက်ပင်ဆုံးရှူံးမှုတွေဖြစ်ပေါ်နေရတဲ့အထိ သဘာဝဘေးအန္တရာယ်တွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဒီသတင်းဟာဆိုရင် ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုလုံးကို ဂယက်ရိုက်သွားစေခဲ့တာဖြစ်ပြီးတော့ စိတ်မကောင်းစွာနဲ့ မြင်တွေ့နိုင်တာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေရဲ့ သတင်းကြောင့် အနုပညာရှင်ညီအကို မောင်နှမတချို့က ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းကြီးကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူတို့ကတော့
အိချောပို
“ဦးချိုမောင်+ဒေါ်သီတာစန်း ၊ သား- မောင်ရဲမင်းဦး ၊ သမီး- မအိချောပို (သရုပ်ဆောင်)၊ သမီး- မမေသက်ခိုင် မိသားစု မွန်မြတ်အလှူ အလှူငွေ – ၅၀၂,၅၀၀ိ/ တန်ဖိုးရှိ ရေသန့်(၃၃၅)ကဒ် အလှူ” ဆိုပြီး အိချောပိုရဲ့ အလှူကို လူမှုကွန်ရက် စာမျက်နှာ ထက်ကနေဖော်ပြထားတာဖြစ်ပါတယ်။
မေမြင့်မိုရ်
“(၁၂.၈.၂၀၁၉) တနင်္လာနေ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်။သရုပ်ဆောင် မေမြင့်မိုရ် ၊ သရုပ်ဆောင် သျှင်းမြတ် မွန်မြတ်အလှူ အလှူငွေ – ၂၀၀,၀၀၀ိ/ တန်ဖိုးရှိ ခေါက်ဆွဲခြောက်နှင့် ဘီစကွတ်မုန့် များ အလှူ”လို့ မေမြင့်မိုရ်တို့မောင်နှမနှစ်ယောက် အလှူကို ဖော်ပြထားတာဖြစ်ပါတယ်။
ရွှေပိုးအိမ်
“(၁၂.၈.၂၀၁၉) တနင်္လာနေ့ သာကေတမြို့နယ်။ We Love Shwe Poe Eain မွန်မြတ်အလှူ အလှူငွေ – (၃၀၀,၀၀ဝိ)/ (သုံးသိန်းကျပ်တိတိ)” ဆိုပြီး ရွှေပိုးအိမ်ရဲ့ မွန်မြတ်လှတဲ့ အလှူကို သိခဲ့ရတာဖြစ်ပါတယ်။
နေဆန်း
နေဆန်းကလည်း ရေဘေးသင့်ဒေသခံပြည်သူများအတွက် MIXAGRIP ဆေးဝါး၊ Royal-Dအချိုရည်နဲ့ စားသောက်စရာတွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီးတော့ ” ရေးမြို့နယ်မှာ ဒီနေ့ရေဘေးအလှူနေဆန်းတို့နဲ့ ပါဝင်လှူဒါန်းပေးတဲ့ပရိသတ်များအားလုံး ကျန်းမာချမ်းသာကြပါစေ” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာဖြစ်ပါတယ်။
ထွန်းကိုကို
ထွန်းကိုကိုရဲ့ အလှူကိုလည်း “(၁၁.၈.၂၀၁၉) တနင်္ဂနွေနေ့ ရန်ကုန်မြို့ ။ ထွန်းကိုကို နှင့် ထွန်းကိုကို ချစ်ကြသူများ မွန်မြတ်အလှူ အလှူငွေ – ၅၀၀,၀၀၀ိ/ (ငါးသိန်းကျပ်တိတိ)”ဆိုပြီး လူမှုကွန်ရက် စာမျက်နှာထက်ကနေဖော်ပြထားခဲ့တာဖြစ်ပါတယ်။
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မွန်ပြည်နယ် ရေဘေးသင့်ဒေသခံပြည်သူများအတွက် နာရေးကူညီမှုအသင်းကြီးကို သွားရောက်လှူဒါန်းခဲ့တဲ့ အနုပညာရှင်များရဲ့ အလှူကတော့ တကယ့်ကို မွန်မြတ်လှပါတယ်……
Source: နာရေးကူညီမှုအသင်း-ရန်ကုန်
ချစ်သဲမေ @CeleGabar