(၂၀၂၀) မွာလက္ထပ္ဖို႔အတြက္စီစဥ္ေနျပီျဖစ္တဲ့ Ranbir Kapoor နဲ႔ Alia Bhatt

Ranbir Kapoor ဟာ ေဘာလိ၀ုဒ္မွာ၀င္ေငြအျမင့္ဆံုးမင္းသားေတြထဲကတစ္ဦးျဖစ္ျပီး ရုပ္ရွင္ထုတ္လုပ္သူလည္းျဖစ္ပါတယ္။ရုပ္ဇာတ္ကားေပါင္းမ်ားစြာရိုက္ကူးခဲ့ဖူးသလို ျမန္မာပရိသတ္ေတြနဲ႔လည္းမစိမ္းပါဘူး။ Alia Bhatt ဟာလည္း အိႏၵိယႏိုင္ငံရဲ႕၀င္ေင ြအျမင့္ဆံုးမင္းသမီးေတြထဲက တစ္ဦးပါပဲ။ အသက္ငယ္ငယ္နဲ႔ေအာင္ျမင္မွုရထားတဲ့မင္းသမီးေခ်ာဟာ ျမန္မာႏိုင္ငံမွာလည္း ပရိသတ္အခိုင္အမာရထားတဲ့သူတစ္ဦးျဖစ္ပါတယ္။


ဒီလိုမ်ိဳးလ်ွမ္းလ်ွမ္းေတာက္ေအာင္ျမင္ေနတဲ့ Ranbir နဲ႔ Alia တို႔ဟာ ပရိသတ္အခ်စ္ခံရဆံုး ေဘာလိ၀ုဒ္စံုတြဲေတြထဲကတစ္တြဲပဲျဖစ္ပါတယ္။သူတို႔ႏွစ္ဦးဟာတြဲေနၾကျပီျဖစ္ေၾကာင္းအတိအလင္းေျပာျပီးတဲ့ေနာက္မွာ ပါပါရာဇီေေတြရဲ႕ေခ်ာင္းေျမာင္းရိုက္ခ်က္ေတြေၾကာင့္ စံုတြဲပံုေတြမၾကာခဏ ဆိုသလိုတက္လာခဲ့ဖူးပါတယ္။


အခုရက္ပိုင္းအတြင္းမွာ Ranbir ဟာ Alia ရဲ႕အေဖျဖစ္တဲ့ ရုပ္ရွင္ဒါရိုက္တာMahesh Bhatt နဲ႔ေတြ႔ဆံုခဲ့တယ္လို႔သိရပါတယ္။ဒီလိုေတြ႔ဆံုရာမွာ Ranbir နဲ႔ Alia တို႔ႏွစ္ဦးမဂၤလာကိစၥအတြက္ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ Ranbir နဲ႔ Alia တို႔ႏွစ္ဦးဟာ သတို႔သမီး၀တ္စံုကိုမွာယူခဲ့ျပီး (၂၀၂၀)ခုႏွစ္ရဲ႕အေစာပိုင္းမွာလိုခ်င္တာလို႔လည္းသတင္းေတြထြက္ေနခဲ့တာျဖစ္ပါတယ္။
သူတို႔ႏွစ္ဦးကိုေတာ့ (၂၀၁၉) ခုႏွစ္ ဒီဇင္ဘာမွာရံုတင္မဲ႔အိႏၵိယဇာတ္ကားျဖစ္တဲ့ “Brahmastra” မွာအတူတူျမင္ေတြ႔ရဦးမွာျဖစ္ပါတယ္။ဒီဇာတ္ကားမွာဆိုရင္နာမည္ေက်ာ္ေတြျဖစ္တဲ့ Amitabh Bachchan,Nagarjuna Akkineni နဲ႔ Mouni Roy တို႔လည္းပါ၀င္သရုပ္ေဆာင္ ထားပါေသးတယ္။

သိပ္မၾကာခင္မွာပဲ လိုက္ဖက္လြန္းလွတဲ့ေဘာလိ၀ုဒ္ရဲ႕ ထိပ္တန္းအႏုပညာရွင္ႏွစ္ဦးရဲ႕မဂၤလာသတင္းကိုၾကားရေတာ့မယ္ထင္ပါရဲ႕…။
Source:timesofindi
[email protected]
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၂၀၂၀) မှာလက်ထပ်ဖို့အတွက်စီစဉ်နေပြီဖြစ်တဲ့ Ranbir Kapoor နဲ့ Alia Bhatt
Ranbir Kapoor ဟာ ဘောလိဝုဒ်မှာဝင်ငွေအမြင့်ဆုံးမင်းသားတွေထဲကတစ်ဦးဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်ပါတယ်။ရုပ်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ဖူးသလို မြန်မာပရိသတ်တွေနဲ့လည်းမစိမ်းပါဘူး။ Alia Bhatt ဟာလည်း အိန္ဒိယနိုင်ငံရဲ့ဝင်ငေ ွအမြင့်ဆုံးမင်းသမီးတွေထဲက တစ်ဦးပါပဲ။ အသက်ငယ်ငယ်နဲ့အောင်မြင်မှုရထားတဲ့မင်းသမီးချောဟာ မြန်မာနိုင်ငံမှာလည်း ပရိသတ်အခိုင်အမာရထားတဲ့သူတစ်ဦးဖြစ်ပါတယ်။
ဒီလိုမျိုးလျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ Ranbir နဲ့ Alia တို့ဟာ ပရိသတ်အချစ်ခံရဆုံး ဘောလိဝုဒ်စုံတွဲတွေထဲကတစ်တွဲပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာတွဲနေကြပြီဖြစ်ကြောင်းအတိအလင်း
ပြောပြီးတဲ့နောက်မှာ ပါပါရာဇီေတွေရဲ့ချောင်းမြောင်းရိုက်ချက်တွေကြောင့် စုံတွဲပုံတွေမကြာခဏ ဆိုသလိုတက်လာခဲ့ဖူးပါတယ်။
အခုရက်ပိုင်းအတွင်းမှာ Ranbir ဟာ Alia ရဲ့အဖေဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာMahesh Bhatt နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ဒီလိုတွေ့ဆုံရာမှာ Ranbir နဲ့ Alia တို့နှစ်ဦးမင်္ဂလာကိစ္စအတွက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ Ranbir နဲ့ Alia တို့နှစ်ဦးဟာ သတို့သမီးဝတ်စုံကိုမှာယူခဲ့ပြီး (၂၀၂၀)ခုနှစ်ရဲ့အစောပိုင်းမှာလိုချင်တာလို့လည်းသတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦးကိုတော့ (၂၀၁၉) ခုနှစ် ဒီဇင်ဘာမှာရုံတင်မဲ့အိန္ဒိယဇာတ်ကားဖြစ်တဲ့ “Brahmastra” မှာအတူတူမြင်တွေ့ရဦးမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာဆိုရင်နာမည်ကျော်တွေဖြစ်တဲ့ Amitabh Bachchan,Nagarjuna Akkineni နဲ့ Mouni Roy တို့လည်းပါဝင်သရုပ်ဆောင် ထားပါသေးတယ်။သိပ်မကြာခင်မှာပဲ လိုက်ဖက်လွန်းလှတဲ့ဘောလိဝုဒ်ရဲ့ ထိပ်တန်းအနုပညာရှင်နှစ်ဦးရဲ့မင်္ဂလာသတင်းကိုကြားရတော့မယ်ထင်ပါရဲ့…။