” ခ်စ္တဲ့ ပရိသတ္ေတြနဲ႕ Fan Meeting ေတြ႕ဆံုပြဲေလးကို ျပဳလုပ္ခဲ့တဲ့ ျမႏွင္းရည္လြင္ “

ျမႏွင္းရည္လြင္ကေတာ့ လတ္တေလာမွာ MRTV-(4) ျပသေနဆဲ ျဖစ္တဲ့ ေငြစကၠဴ(၇)ရြက္ ဇာတ္လမ္းတြဲမွာ “ေဝႏွင္းျဖဴ” ဆိုတဲ့ဇာတ္ေကာင္နဲ႕ ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ ရရွိပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြျမင္ေနက် ကာရုိက္တာနဲ့မတူေအာင္ ကြဲထြက္ေနတဲ့ ဇာတ္ရုပ္ဆန္းဆန္းေလးနဲ႕ သရုပ္ေဆာင္ထားတာျဖစ္ေပမယ့္ ကာရုိက္တာဆန္းဆန္းေလးကိ္ု ပရိသတ္ေတြကပါ စီးေမွ်ာၿပီး ခ်စ္စႏုိးနဲ႕ ” ေဝႏွင္းျဖဴ ” လို႕ေတာင္ ေခၚေဝၚေနၾကၿပီပဲ ျဖစ္ပါတယ္။

အျမဲကာရုိက္တာၿငိမ္ၿငိမ္ေလးနဲ႕ နန္းဆန္ဆန္ သူမရဲ႕ ပံုစံေလးေၾကာင့္ ေယာက်ာ္းေလးပရိသတ္ေတြသာမက မိန္းကေလး ပရိသတ္ေတြပါ အားေပးဝန္းရံလ်က္ရွိၾကတာပဲ ျဖစ္ပါတယ္။တစ္ခ်ိဳ႕ေသာပရိသတ္ေတြဟာလည္း ျမႏွင္းရည္လြင္ရဲ႕ နန္းဆန္တဲ့ အလွပံုရိပ္ေတြေၾကာင့္ အေမစုရဲ႕ ငယ္ဘဝနဲ့တူတယ္လို႕ ပင္ မွတ္ခ်က္ေပးၿပီး အားေပးဝန္းရံေနၾကတာပဲ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ ျမႏွင္းရည္လြင္ဟာ သူမကိုခ်စ္တဲ့ ပရိသတ္ေတြနဲ႕ Fan Meeting ေတြ႕ဆံုပြဲေလးကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

သူမကိုခ်စ္တဲ့ ခ်စ္သူေတြနဲ ႔အတူေတြ႕ခဲ့တဲ့ Fan Meeting အမွတ္တရ ဓါတ္ပံုေလးေတြနဲ႕အတူ ” Fan Meeting ပြဲလာေပးခဲ့တဲ့ ခ်စ္သူေတြ တစ္ေယာက္ခ်င္းကို မမျမက အရမ္းေက်းဇူးတင္သလို အရမ္းလည္း ခ်စ္ရပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလာျဖစ္ခဲ့တဲ့အခ်စ္တို႔လည္း ေနာက္ပြဲေတြမွာေတြ႕ၾကမယ္ေနာ္။ပြဲခ်ိန္အတြင္း အစစအရာရာ ဂ႐ုစိုက္ေပးတဲ့ Sun Thit Oo – Coffee House မိသားစုကိုလည္း အထူးေက်းဇူးတင္ပါတယ္ရွင္ ။အထူးသျဖင့္ မမျမကို အားေပးၾကတဲ့ ခ်စ္ၾကတဲ့ ပရိတ္သတ္တစ္ေယာက္ခ်င္းစီကို အရမ္းခ်စ္ အရမ္းေက်းဇူးတင္ပါေၾကာင္း” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ေဝႏွင္းျဖဴ ေလး ကိုအားေပးရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။


Source:Mya Hnin Yee Lwin
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ချစ်တဲ့ ပရိသတ်တွေနဲ့ Fan Meeting တွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့တဲ့ မြနှင်းရည်လွင် ”

မြနှင်းရည်လွင်ကတော့ လတ်တလောမှာ MRTV-(4) ပြသနေဆဲ ဖြစ်တဲ့ ငွေစက္ကူ(၇)ရွက် ဇာတ်လမ်းတွဲမှာ “ဝေနှင်းဖြူ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေမြင်နေကျ ကာရိုက်တာနဲ့မတူအောင် ကွဲထွက်နေတဲ့ ဇာတ်ရုပ်ဆန်းဆန်းလေးနဲ့ သရုပ်ဆောင်ထားတာဖြစ်ပေမယ့် ကာရိုက်တာဆန်းဆန်းလေးကို ပရိသတ်တွေကပါ စီးမျှောပြီး ချစ်စနိုးနဲ့ ” ဝေနှင်းဖြူ ” လို့တောင် ခေါ်ဝေါ်နေကြပြီပဲ ဖြစ်ပါတယ်။

အမြဲကာရိုက်တာငြိမ်ငြိမ်လေးနဲ့ နန်းဆန်ဆန် သူမရဲ့ ပုံစံလေးကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေပါ အားပေးဝန်းရံလျက်ရှိကြတာပဲ ဖြစ်ပါတယ်။တစ်ချို့သောပရိသတ်တွေဟာလည်း မြနှင်းရည်လွင်ရဲ့ နန်းဆန်တဲ့ အလှပုံရိပ်တွေကြောင့် အမေစုရဲ့ ငယ်ဘဝနဲ့တူတယ်လို့ ပင် မှတ်ချက်ပေးပြီး အားပေးဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ မြနှင်းရည်လွင်ဟာ သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ Fan Meeting တွေ့ဆုံပွဲလေးကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူမကိုချစ်တဲ့ ချစ်သူတွေနဲ့အတူတွေ့ခဲ့တဲ့ Fan Meeting အမှတ်တရ ဓါတ်ပုံလေးတွေနဲ့အတူ ” Fan Meeting ပွဲလာပေးခဲ့တဲ့ ချစ်သူတွေ တစ်ယောက်ချင်းကို မမမြက အရမ်းကျေးဇူးတင်သလို အရမ်းလည်း ချစ်ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလာဖြစ်ခဲ့တဲ့အချစ်တို့လည်း နောက်ပွဲတွေမှာတွေ့ကြမယ်နော်။ပွဲချိန်အတွင်း အစစအရာရာ ဂရုစိုက်ပေးတဲ့ Sun Thit Oo – Coffee House မိသားစုကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင် ။အထူးသဖြင့် မမမြကို အားပေးကြတဲ့ ချစ်ကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီကို အရမ်းချစ် အရမ်းကျေးဇူးတင်ပါကြောင်း” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဝေနှင်းဖြူ လေး ကိုအားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source:Mya Hnin Yee Lwin
Shwe Poe@CeleGabar

error: Content is protected !!