“မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ပဌာန်းရွတ်ဖတ်ပူဇော်ပြီး အလှူငွေသိန်း (၁၀၀)ကျပ် လှူဒါန်းခဲ့တဲ့ အနုပညာရှင်များ”

လက်ရှိမှာတော့ မွန်ပြည်နယ် ရေးမြို့မှာ ရေဘေး၊လေဘေး သဘာဝဘေးအန္တရာယ်တွေကို ကျရောက်ခံစားနေရတာဖြစ်ပါတယ်။ ခုလိုသဘာဝဘေးအန္တရာယ်တွေကို ကြုံတွေခံစားနေရတဲ့ မွန်ပြည်နယ်အတွက် ယခုလိုဒုက္ခတွေက ကင်းဝေးပါစေကြောင်း အနုပညာရှင်ညီအကိုမောင်နှမတွေနဲ့ ပြည့်သူပြည်သားတွေဖြစ်က ဆုတောင်မေတ္တာတွေပို့သကြတာဖြစ်ပြီးတော့

Myanmar Media 7 ၊ အနုပညာရှင်များနှင့် ဗုဒ္ဓဟူးညနေ သန့်ရှင်းရေးအသင်းတို့ပူးပေါင်းပြီး ရွှေတိဂုံဘုရားတွင် မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တာရာယ်ကင်းရှင်းပါစေကြောင်း ပဌာန်းရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းဝတ်ပြု ခဲ့ပါတယ်။ ခုလိုဆုတောင်းတဲ့ ပွဲလေးမှာတော့ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ မင်းမော်ကွန်း ၊ အကယ်ဒမီ ကျော်ကျော်ဗိုလ် ၊ အကယ်ဒမီ ရဲအောင် ၊ လွှမ်းပိုင် ၊ ကေညီ ၊ အကယ်ဒမီ အေးမြတ်သူ ၊ စံရတီမိုးမြင့် ၊ နန်းခင်ဇေယျာ ၊ Bobby Soxer ၊ ရတနာဗိုလ် တို့တက်ရောက်ပူဇော် ဆုတောင်းခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ်အလှူတစ်ခုအနေနဲ့လည်း ဦးနိုင်ဖြိုးကျော် ၊ ဦးဝေမင်းမောင် ၊ အကယ်ဒမီ နေတိုး ၊ Ve Ve မိသားစု ၊ Myanmar Media 7 တို့က မွန်ပြည်နယ် ရေးမြို့သို့ ဆန်၊ဆီ၊ဆား၊ အဝတ်အထည် ၊ ရေသန့်ဗူးများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမည့် ဦးထွန်းနေစိုး အဖွဲ့သို့ အလှူငွေသိန်း (၁၀၀)ကျပ် လှူဒါန်းခဲ့တာကို လူမှုကွန်ရက် စာမျက်နှာထက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ဆုတောင်းဝတ်ပြုနေတဲ့ အနုပညာရှင်တွေအတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦး…..


Source: Wai Minn Maung
ချစ်သဲမေ @CeleGabar