ေဘးလူေတြအားက်ရေလာက္တဲ့အထိျဖစ္ခဲ့ရတဲ့ Kim Woo Bin ရဲ႕ၾကည္ႏူးစရာလက္ေဆာင္ေလး

ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ့ Shin Min Ah ဟာျမန္မာပရိသတ္ေတြနဲ႔ရင္းႏွီးျပီးသားျဖစ္ပါတယ္။သူမဟာနာမည္ၾကီးမင္းသားတစ္လက္ျဖစ္တဲ့ Kim Woo Bin နဲ႔ခ်စ္ၾကိဳက္ေနတာ(၅)ႏွစ္ေက်ာ္ရွိျပီျဖစ္ပါတယ္။အသက္(၅)ႏွစ္ကြာျခားတဲ့ ေမာင္ေလးနဲ႔မမစံုတြဲလည္းျဖစ္ပါတယ္။ပရိသတ္အခ်စ္ခံရတဲ့ဆယ္လီစံုတြဲတစ္တြဲပါ။


Shin Min Ah ဟာလက္ရွိအခ်ိန္မွာ “Chief of Staff” ဆိုတဲ့ဒရမ္မာဇာတ္လမ္းတြဲကို ရိုက္ကူးေနတာျဖစ္ပါတယ္။ Kim Woo Bin ကေတာ့ ခ်စ္သူမမရိုက္ကူးေရးျပဳလုပ္ေနတဲ့ေနရာကို ၾကည္ႏူးစရာေကာင္းတဲ့လက္ေဆာင္ေလးကိုပို႔ျပီးအားေပးခဲ့ပါတယ္။အဲ့ဒီလက္ေဆာင္ကေတာ့ ေကာ္ဖီထရပ္ကားေလးတစ္စီးျဖစ္ပါတယ္။ကိုရီးယားႏိုင္ငံမွာေတာ့ ေကာ္ဖီကားေလးေတြကို အႏုပညာရွင္ရဲ႕ရိုက္ကြင္းရွိရာေနရာကိုအားေပးတဲ့အေနနဲ႔ပို႔ေလ့ရွိပါတယ္။ေကာ္ဖီထရပ္ကားကိုပို႔လိုက္တဲ့ကုမၸဏီကေတာ ဒီလိုၾကည္ႏူးစရာအေၾကာင္းေလးကိုအင္စတာဂရမ္မွာ ပံုေလးေတြတင္ျပီး ျပန္လည္ေဖာက္သည္ခ်လိုက္ပါတယ္။


Kim Woo Bin ကေတာ့ ေကာ္ဖီကားေလးနဲ႔အတူ“ Chief of Staff ဇာတ္လမ္းတြဲမွာပါတဲ့သူေတြအားလံုးကို အားေပးပါတယ္။အထူးသျဖင့္ေတာ ့ Shin Min Ah ကိုေပါ့ဗ်ာ။သူမကို အမ်ားၾကီး အမ်ားၾကီးအားေပးေနပါတယ္” ဆိုျပီးေတာ့ ေရးသားထားတဲ့စာေလးပါေပးလိုက္တာျဖစ္ပါတယ္။

Shin Min Ah နဲ႔ Kim Woo Bin တြဲေနတာၾကာခဲ့ျပီျဖစ္ျပီး အခုလိုမန္တစ္ဆန္ဆန္ေတြလုပ္ျပတာမ်ိဳးေတာ့ သိပ္မရွိပါဘူး။ခ်စ္သူမမအတြက္ပို႔လိုက္တဲ့ေကာ္ဖီကားေလးဟာေတာ့ေဘးလူေတြအားက်စရာျဖစ္ခဲ့ပါျပီ။ေမာင္ေလးရဲ႕ၾကည္ႏူးစရာေကာင္းတဲ့ ဂရုစိုက္မွုေၾကာင့္ မမ Shin Min Ah တစ္ေယာက္ကေတာ့ ေပ်ာ္ေနခဲ့ရပါျပီ…
Source:koreaboo
Sweet@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘေးလူတွေအားကျရလောက်တဲ့အထိဖြစ်ခဲ့ရတဲ့ Kim Woo Bin ရဲ့ကြည်နူးစရာလက်ဆောင်လေး
တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Shin Min Ah ဟာမြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။သူမဟာနာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့
Kim Woo Bin နဲ့ချစ်ကြိုက်နေတာ(၅)နှစ်ကျော်ရှိပြီဖြစ်ပါတယ်။အသက်(၅)နှစ်ကွာခြားတဲ့ မောင်လေးနဲ့မမစုံတွဲလည်းဖြစ်ပါတယ်။ပရိသတ်အချစ်ခံရတဲ့ဆယ်လီစုံတွဲတစ်တွဲပါ။
Shin Min Ah ဟာလက်ရှိအချိန်မှာ “Chief of Staff” ဆိုတဲ့ဒရမ်မာဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပါတယ်။ Kim Woo Bin ကတော့ ချစ်သူမမရိုက်ကူးရေးပြုလုပ်နေတဲ့နေရာကို ကြည်နူးစရာကောင်းတဲ့လက်ဆောင်လေးကိုပို့ပြီးအားပေးခဲ့ပါတယ်။အဲ့ဒီလက်ဆောင်ကတော့ ကော်ဖီထရပ်ကားလေးတစ်စီးဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာတော့ ကော်ဖီကားလေးတွေကို အနုပညာရှင်ရဲ့ရိုက်ကွင်းရှိရာနေရာကိုအားပေးတဲ့အနေနဲ့ပို့လေ့ရှိပါတယ်။ကော်ဖီထရပ်ကားကိုပို့လိုက်တဲ့ကုမ္ပဏီကတော ဒီလိုကြည်နူးစရာအကြောင်းလေးကိုအင်စတာဂရမ်မှာ ပုံလေးတွေတင်ပြီး ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
Kim Woo Bin ကတော့ ကော်ဖီကားလေးနဲ့အတူ“ Chief of Staff ဇာတ်လမ်းတွဲမှာပါတဲ့သူတွေအားလုံးကို အားပေးပါတယ်။အထူးသဖြင့်တော့ Shin Min Ah ကိုပေါ့ဗျာ။သူမကို အများကြီး အများကြီးအားပေးနေပါတယ်” ဆိုပြီးတော့ ရေးသားထားတဲ့စာလေးပါပေးလိုက်တာဖြစ်ပါတယ်။ Shin Min Ah နဲ့ Kim Woo Bin
တွဲနေတာကြာခဲ့ပြီဖြစ်ပြီး အခုလိုမန်တစ်ဆန်ဆန်တွေလုပ်ပြတာမျိုးတော့ သိပ်မရှိပါဘူး။ချစ်သူမမအတွက်ပို့လိုက်တဲ့ကော်ဖီကားလေးဟာတော့ဘေးလူတွေအားကျစရာဖြစ်ခဲ့ပါပြီ။မောင်လေးရဲ့ကြည်နူးစရာကောင်းတဲ့ ဂရုစိုက်မှုကြောင့် မမ Shin Min Ah တစ်ယောက်ကတော့ ပျော်နေခဲ့ရပါပြီ…

error: Content is protected !!