



Source : Poe Kyar Phyu Khin
[email protected]
ယူနီကုတ်ဖြင့်ဖတ်ရန်။

 

“ပထမဆုံးသီချင်းအသစ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံသိမ်းပိုက်လိုက်တဲ့ ပိုးကြာဖြူခင်”

ပိုးကြာဖြူခင်ကတော့ MRTV-4ကထုတ်လွှင့်ပြသတဲ့”ဝင်္ကပါစံအိမ်”၊ “မိုးကောင်းကင်အိမ်မက်”၊ “ကြယ်ကလေးရဲ့ ကောင်းကင်” စတဲ့ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်ရင်ထဲကို ဝင်ရောက်လာတဲ့ မင်းသမီးချောလေးတစ်ဦးပဲဖြစ်ပါတယ်။ပရိသတ်တွေကသူမကို နာမည်အရင်းထက် “ဆိုင်းမိုင်”လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြပါသေးတယ်။

အခုနောက်ပိုင်းမှာတော့ ပိုးကြာဖြူခင်ဟာ သရုပ်ဆောင်တစ်ဦးအနေနဲ့သာမက အဆိုတော်တစ်ဦးအနေနဲ့လည်း အနုပညာအလုပ်တွေကို ပိုမိုကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ ပိုးကြာဖြူခင်က စိန်လင်း (Aroma)နဲ့တွဲဖက်သီဆိုထားတဲ့ သူမရဲ့ ပထမဆုံးသီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် ချပြလိုက်တာပဲဖြစ်ပါတယ်။

“You are my life”လို့ အမည်ပေးထားတဲ့ဒီသီချင်းလေးကို Aroma Show (2020)ပွဲကြီးမှာ သီဆိုပြခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ (၁၃)ရက်နေ့မှာတော့ သူမကိုအားပေးတဲ့ ပရိသတ်တွေနားဆင်ဖို့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။CeleGabarပရိသတ်ကြီးလည်း ပိုးကြာဖြူခင်ရဲ့ သီချင်းအသစ်လေးကို နားဆင်လို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။