နိုင္ငံေက်ာ္တဲ့ထိ ေအာင္ျမင္ခဲ့တဲ့ မိုးကုတ္သူအေခ်ာအလွ မင္းသမီးမ်ား

ထက္ထက္မိုးဦး

တစ္ခ်ိန္က “ေၾကာ္ျငာ ဘုရင္မ” လို႕ တင္စားခဲ့ရတဲ့အထိ သူကေခတ္သူ႕အခါ ရယ္လို႕ေတာင္ တစ္ေခတ္ထကာ သွ်မ္းသွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ထက္ထက္မိုးဦး ကေတာ့ မိုးကုတ္ျမိဳ႕မွာ ေမြးဖြားခဲ့တဲ့ အေခ်ာအလွ မင္းသမီးတစ္ေယာက္ျဖစ္ျပီး ယေန႕ အသက္ (၄၈) နွစ္ ျပည္႕တဲ့ထိ ငယ္ဂုဏ္ငယ္ေသြး မ ေပ်ာက္ပဲ နုပ်ိဳလွပေနဆဲ ျဖစ္ပါတယ္။ ” ပန္းသခင္” နဲ႕ ” သမီးမိုက္ ” ဆိုတဲ့ ရုပ္ရွင္ကားၾကီး (၂) ကားနဲ႕ အကယ္ဒမီ (၂) ဆု သိမ္းပို္က္ရရွိခဲ့ျပီးယေန႕အခ်ိန္ခါထိလည္း အနုပညာအလုပ္ေတြကို လုပ္ကို္င္ေနဆဲျဖစ္ပါတယ္။ လက္ရွိမွာ စစ္လြန္း၀တီထက္ ဆိုတဲ့ သမီးေလးကို ပိုင္ဆိုင္ထားျပီး ထက္ထက္လိုပဲ အနုပညာေသြးပါတဲ့ စစ္လြန္းေလးဟာလည္း အနုပညာအလုပ္ နဲ႕ ေၾကာ္ျငာေတြကို ရိုက္ကူးေနျပီျဖစ္ပါတယ္။

 

 

ထြန္းအိျႏၵာဗိုလ္ (မခိုင္ၾကီး)

အဆိုပိုင္းမွာသာမက သရုပ္ေဆာင္ပိုင္းမွာပါ အရည္အခ်င္းရွိတဲ့ စြယ္စံုရ မင္းသမီးၾကီးျဖစ္တဲ့ ထြန္းအိျႏၵာဗိုလ္ ေခၚ မခိုင္ၾကီးကေတာ့လက္ရွိမွာ အသက္(၅၃) နွစ္ရွိျပီ ျဖစ္ျပီး မိုးကုတ္ျမိဳ႕မွာ ေမြးဖြားခဲ့သူ အနုပညာရွင္ေတြထဲက တစ္ေယာက္ အပါအ၀င္ျဖစ္ပါတယ္။ ” ေနာင္တ တျမည္႕ျမည္႕ ” ၊ ” အေမ႕နို႕ဖိုး ” နဲ႕ ” မိုးကုတ္စက္၀ိုင္းကို ေက်ာ္လြန္၍ ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီး (၃) ကား နဲ႕ အေကာင္းဆံုး ဇာတ္ေဆာင္ မင္းသမီး အကယ္ဒမီ (၃) ဆု ပိုင္ဆိုင္ထားခဲ့ျပီး အဆိုေတာ္တစ္ေယာက္ အေနနဲ႕လည္း တကိ္ုယ္ေတာ္ေတးစီးရီး (၁၁) ခ်ပ္ ၊ Duet Albums (၇) ခ်ပ္ အျပင္ အျခားေသာ သီခ်င္းတင္ဆက္မႈ မ်ားစြာကိုလည္း သီဆိုခဲ့ပါတယ္။ မခိုင္ၾကီးမွာ ” ေအာင္ဗိုလ္ ဆိုင္းရပ္ “ဆိုတဲ့ လူပ်ိဳေပါက္ အရြယ္ သားေခ်ာေလး တစ္ေယာက္ရွိျပီး အနုပညာကို ၀ါသနာမပါေသးတဲ့ သားေလးက ပညာေရးကိုပဲ ဦးစားေပးလုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။

ေဖြးေဖြး (ေဖြးစိန္)

ေဖြးစိန္လို႕ ခ်စ္စနိုးနဲ႕ ေခၚဆိုၾကတဲ့ မင္းသမီးေလး ေဖြးေဖြး ဟာလည္း မိုးကုတ္ဇာတိျဖစ္သလို တိုင္းသိျပည္သိနဲ႕ ပရိသတ္ခ်စ္ခင္အားေပးမႈ ရရွိတဲ့ နိုင္ငံကေ်ာ္ အနုပညာရွင္ေတြထဲ တစ္ေယာက္လည္းျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၾသဂုတ္(၉) ရက္ေန႕ကပဲ အသက္(၃၁) နွစ္ျပည္႕ခဲ့ျပီျဖစ္တဲ့ ေဖြးေဖြးဟာ လက္ရွိမွာ ” လက္ပံ ” ၊ ” ကၽြန္မက နွင္းဆီပါေမာင္” နဲ႕ “ေရႊၾကာ ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီး (၃) ကားနဲ႕ အေကာင္းဆံုးသရုပ္ေဆာင္ မင္းသမီးဆု (၃) ဆုကို ပိုင္ဆိုင္ထားသူ မင္းသမီးေကာင္းတစ္လက္လည္းျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႕ေလးမွာေတာ့ ရန္ကုန္ျမိဳ႕ရဲ႕ဗိုလ္တစ္ေထာင္ဆိပ္ကမ္းနားမွာ ဘဲဥသီးစံု ပဲကုလားဟင္း ေန႔လည္စာ စတုဒီသာ ကို လူအေယာက္ (၅၀) စာ ကို္ယ္တိုင္ခ်က္ျပဳတ္ကာ ေကၽြးေမြးလွဴဒါန္း ခဲ့ပါတယ္။

 

 

၀တ္မႈန္ေရႊရည္ ( ေရႊကစ္)

ေဖြးေဖြးနဲ႕ တစ္၀မ္းကြဲညီအမ ေတာ္စပ္သူ ေရႊကစ္ ေခၚ ၀တ္မႈန္ေရႊရည္ဟာလည္း မိုးကုတ္ျမိဳ႕မွာေမြးဖြားခဲ့တဲ့ ေအာင္ျမင္ေက်ာ္ၾကား အနုပညာရွင္ေတြထဲက တစ္ဦးျဖစ္သလို ေဖြးေဖြးနဲ႕ ေမြးေန႕ ရက္ (၁) ရက္သာ ကြာျပီး အသက္(၃၁) နွစ္ျပည္႕သြားခဲ့ျပီျဖစ္တဲ့ ေရႊကစ္ေလးဟာလည္း ” နင္ေစရင္ ” နဲ႕ ” နွလံုးသားျဖင့္ျပဳလုပ္သည္ ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီး (၂) ကား နဲ႕ အမ်ိဳးသမီး ဇာတ္ေဆာင္ဆု(၁) ဆု နဲ႕ အမ်ိဳးသမီးဇာတ္ပို႕ အကယ္ဒမီဆု (၂)အျပင္ (၂၀၁၈) ခုနွစ္ရဲ႕ Star Award ရဲ႕ Fashion Star ဆုနဲ႕ ကိုရီးယားမွာ က်င္းပခဲ့တဲ့ Asia Model Festival ရဲ႕ Asia Special Award ဆုကိုလည္း ရရွိထားသူျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ” ၀တ္လဲေတာ္ ေရႊပုဆိုး” နဲ႕ ” တိမ္ေတြေပၚက ပန္း” ဆိုတဲ့ ရုပ္ရွင္ကားၾကီး (၂) ကားကို ရိုက္ကူးဖို႕ လက္ခံထားတာလည္း ျဖစ္ပါတယ္။

 

 

Source: CeleGabar own Creation
Khin Mi Mi@CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

နိုင်ငံကျော်တဲ့ထိ အောင်မြင်ခဲ့တဲ့ မိုးကုတ်သူအချောအလှ မင်းသမီးများ

ထက်ထက်မိုးဦး

တစ်ချိန်က “ကြော်ငြာ ဘုရင်မ” လို့ တင်စားခဲ့ရတဲ့အထိ သူကခေတ်သူ့အခါ ရယ်လို့တောင် တစ်ခေတ်ထကာ သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦး ကတော့ မိုးကုတ်မြို့မှာ မွေးဖွားခဲ့တဲ့ အချောအလှ မင်းသမီးတစ်ယောက်ဖြစ်ပြီး ယနေ့ အသက် (၄၈) နှစ် ပြည့်တဲ့ထိ ငယ်ဂုဏ်ငယ်သွေး မ ပျောက်ပဲ နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ” ပန်းသခင်” နဲ့ ” သမီးမိုက် ” ဆိုတဲ့ ရုပ်ရှင်ကားကြီး (၂) ကားနဲ့ အကယ်ဒမီ (၂) ဆု သိမ်းပိုက်ရရှိခဲ့ပြီးယနေ့အချိန်ခါထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ လက်ရှိမှာ စစ်လွန်းဝတီထက် ဆိုတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး ထက်ထက်လိုပဲ အနုပညာသွေးပါတဲ့ စစ်လွန်းလေးဟာလည်း အနုပညာအလုပ် နဲ့ ကြော်ငြာတွေကို ရိုက်ကူးနေပြီဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ် (မခိုင်ကြီး)

အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ အရည်အချင်းရှိတဲ့ စွယ်စုံရ မင်းသမီးကြီးဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် ခေါ် မခိုင်ကြီးကတော့လက်ရှိမှာ အသက်(၅၃) နှစ်ရှိပြီ ဖြစ်ပြီး မိုးကုတ်မြို့မှာ မွေးဖွားခဲ့သူ အနုပညာရှင်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ ” နောင်တ တမြည့်မြည့် ” ၊ ” အမေ့နို့ဖိုး ” နဲ့ ” မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး (၃) ကား နဲ့ အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး အကယ်ဒမီ (၃) ဆု ပိုင်ဆိုင်ထားခဲ့ပြီး အဆိုတော်တစ်ယောက် အနေနဲ့လည်း တကိုယ်တော်တေးစီးရီး (၁၁) ချပ် ၊ Duet Albums (၇) ချပ် အပြင် အခြားသော သီချင်းတင်ဆက်မှု များစွာကိုလည်း သီဆိုခဲ့ပါတယ်။ မခိုင်ကြီးမှာ ” အောင်ဗိုလ် ဆိုင်းရပ် “ဆိုတဲ့ လူပျိုပေါက် အရွယ် သားချောလေး တစ်ယောက်ရှိပြီး အနုပညာကို ဝါသနာမပါသေးတဲ့ သားလေးက ပညာရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေး (ဖွေးစိန်)

ဖွေးစိန်လို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ မင်းသမီးလေး ဖွေးဖွေး ဟာလည်း မိုးကုတ်ဇာတိဖြစ်သလို တိုင်းသိပြည်သိနဲ့ ပရိသတ်ချစ်ခင်အားပေးမှု ရရှိတဲ့ နိုင်ငံကျော် အနုပညာရှင်တွေထဲ တစ်ယောက်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်(၉) ရက်နေ့ကပဲ အသက်(၃၁) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ဖွေးဖွေးဟာ လက်ရှိမှာ ” လက်ပံ ” ၊ ” ကျွန်မက နှင်းဆီပါမောင်” နဲ့ “ရွှေကြာ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး (၃) ကားနဲ့ အကောင်းဆုံးသရုပ်ဆောင် မင်းသမီးဆု (၃) ဆုကို ပိုင်ဆိုင်ထားသူ မင်းသမီးကောင်းတစ်လက်လည်းဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာတော့ ရန်ကုန်မြို့ရဲ့ဗိုလ်တစ်ထောင်ဆိပ်ကမ်းနားမှာ ဘဲဥသီးစုံ ပဲကုလားဟင်း နေ့လည်စာ စတုဒီသာ ကို လူအယောက် (၅၀) စာ ကိုယ်တိုင်ချက်ပြုတ်ကာ ကျွေးမွေးလှူဒါန်း ခဲ့ပါတယ်။

ဝတ်မှုန်ရွှေရည် ( ရွှေကစ်)

ဖွေးဖွေးနဲ့ တစ်ဝမ်းကွဲညီအမ တော်စပ်သူ ရွှေကစ် ခေါ် ဝတ်မှုန်ရွှေရည်ဟာလည်း မိုးကုတ်မြို့မှာမွေးဖွားခဲ့တဲ့ အောင်မြင်ကျော်ကြား အနုပညာရှင်တွေထဲက တစ်ဦးဖြစ်သလို ဖွေးဖွေးနဲ့ မွေးနေ့ ရက် (၁) ရက်သာ ကွာပြီး အသက်(၃၁) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ရွှေကစ်လေးဟာလည်း ” နင်စေရင် ” နဲ့ ” နှလုံးသားဖြင့်ပြုလုပ်သည် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး (၂) ကား နဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု(၁) ဆု နဲ့ အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆု (၂)အပြင် (၂၀၁၈) ခုနှစ်ရဲ့ Star Award ရဲ့ Fashion Star ဆုနဲ့ ကိုရီးယားမှာ ကျင်းပခဲ့တဲ့ Asia Model Festival ရဲ့ Asia Special Award ဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ” ဝတ်လဲတော် ရွှေပုဆိုး” နဲ့ ” တိမ်တွေပေါ်က ပန်း” ဆိုတဲ့ ရုပ်ရှင်ကားကြီး (၂) ကားကို ရိုက်ကူးဖို့ လက်ခံထားတာလည်း ဖြစ်ပါတယ်။

Source: CeleGabar own Creation
Khin Mi Mi@CeleGabar

 

 

error: Content is protected !!