ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် (၁၁၄)မှာ ရှေ့ဘီးပေါက်ပြီး သစ်ပင်ကိုဝင်တိုက်မိခဲ့တဲ့ မိုးပြည့်ပြည့်မောင်

အနုပညာလောကမှာ (၁၀) စုနှစ် မက သရုပ်ဆောင် အနုပညာအလုပ်ကို လုပ်ကိုင်လာသူတစ်ယောက်ဖြစ်တဲ့ မိုးပြည့်ပြည့်မောင်က တော့ ပရိသတ်တွေ အထူးမိတ်ဆက်ပေးစရာ မလိုအောင် ရင်းနှီးပြီးသား မင်းသမီးကောင်းတစ်လက် ဖြစ်သလို နှင်းဆီ အငြိမ့်ရဲ့ ပင်တိုင် အငြိမ့် သမလေး လည်းဖြစ်ပါတယ်။

ယနေ့ အချိန်ထိ လည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူဖြစ်ပြီး သာယာချမ်းမြေ့ ဖွယ် အိမ်ထောင်ရေးနဲ့ အတူ ချစ်စရာ သမီးလေး တစ်ယောက်ကို ပါ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်တွေကို အထိတ်တလန့် ဖြစ်စေခဲ့တဲ့ မိုးပြည့်ရဲ့ သတင်း တစ်ခုကတော့ သူမ လိုက်ပါစီးနှင်းလာခဲ့တဲ့ အိမ်စီးကား ဟာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် (၁၁၄)မှာ ရှေ့ဘီးပေါက်ပြီး သစ်ပင်ကိုဝင်တိုက်မိခဲ့ပြီး ကားရဲ့ ရှေ့ခြမ်း တစ်ခုလုံးဟာလည်း ကြေမွပျက်စီးသွားခဲ့ရပါတယ်။

မိုးပြည့် နဲ့ အတူ သူမရဲ့ မိခင်ပါ လိုက်ပါစီးနှင်း ခဲ့တာ ဖြစ်ပြီး ခုလို ယာဉ်မတော် တဆမှုနဲ့ ပတ်သက်လို့ ကံကောင်းထောက်မစွာနဲ့ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့်အတူ မိုးပြည့်တို့ သားအမိနှစ်ယောက်လုံး ထိခိုက်မှု မရှိခဲ့သော်လည်း မသေကောင်း မပျောက်ကောင်း ခုလို ယာဉ်မတော်တဆမှုအတွက် သူမရဲ့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေကတော့ စိုးရိမ်စိတ်ဖြစ်ခဲ့ရမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။

Source: Photo- လင်းသစ်မာန်//[email protected]
Khin Mi [email protected]