The Little Mermaid ဇာတ္ကားမွာမင္းသားေလးအဲရစ္အျဖစ္သရုပ္ေဆာင္ေတာ့မဲ့ Harry Styles

ဒစ္ဒေနးဟာ The Little Mermaid ကာတြန္းကားကို ရုပ္ရွင္အျဖစ္အသက္သြင္းေတာ့မွာျဖစ္ပါတယ္။ လူၾကိဳက္မ်ားခဲ့တဲ့ကာတြန္းကားကို ရုပ္ရွင္အျဖစ္ရိုက္ကူးေတာ့မွာျဖစ္တဲ့အတြက္ ပရိသတ္ေတြကလည္း ဒီဇာတ္ကားမွာပါ၀င္မဲ့ သရုပ္ေဆာင္ေတြကိုအထူးစိတ္၀င္စားလ်က္ရွိေနပါတယ္။ႏွစ္ေပါင္း(၃၀)ခန္႔ရွိျပီျဖစ္တဲ့The Little Mermaid ဇာတ္ကားရဲ႕ဇာတ္ေကာင္ေတြဟာ ပရိသတ္ေတြေမ်ွာ္လင့္ထားသလို ထပ္တူက်တဲ့သူေတြျဖစ္ဖို႔လည္းအေရးၾကီးပါတယ္။


ေရသူမေလးေအရီရယ္ေနရာမွာသရုပ္ေဆာင္မဲ့သူကို Halle Bailey အျဖစ္ေၾကျငာျပီးေနာက္မွာ ဇာတ္ရုပ္နဲ႔မလိုက္ဖက္ဘူးဆိုျပီး အေတာ္ေလးဂယက္ရိုက္ခဲ့ပါတယ္။မင္းသားေလးအဲရစ္ေနရာကိုေတာ့ ထင္ေၾကးေပးခံရတဲ့အထဲမွာ Harry Styles တစ္ေယာက္လည္းအပါအ၀င္ျဖစ္ေနတာေၾကာင့္ ပရိသတ္ေတြစိတ္ၾကိဳက္ျဖစ္မဲ့ပံုပါပဲ။ Harry Stylesဟာ မင္းသားေလးအဲရစ္ျဖစ္ပါ၀င္သရုပ္ေဆာင္ဖို႔ ဇူလိုင္လကတည္းကေျပာဆိုေနခဲ့တာပါ။အခုေတာ့ဒီသတင္းကိုအတည္ျပဳလိုက္ျပီျဖစ္ပါတယ္။


(၁၉၈၉)ခုႏွစ္မွာထုတ္လုပ္ခဲ့တဲ့ မူရင္းဇာတ္လမ္းမွာေတာ့ မင္းသားအဲရစ္ရဲ႕သီခ်င္းဆိုတဲ့အခန္းမပါ၀င္ပါဘူး။ ရုပ္ရွင္ဇာတ္ကားအျဖစ္ျပန္လည္ရိုက္ကူးရာမွာေတာ့ ပံုစံအသစ္နဲ႔ေတြ႔ျမင္ရမွာျဖစ္ျပီး မင္းသားအဲရစ္က Alan Menken နဲ႔ Lin-Manuel Miranda တို႔ေရးသားတဲ့ သီခ်င္းအသစ္တစ္ပုဒ္ကိုသီဆိုဦးမယ္လို႔သိရပါတယ္။ ဒစ္စေနးကေတာ့ အသံေကာင္းေကာင္းနဲ႔သီခ်င္းအဆိုပိုင္ႏိုင္တဲ့ မင္းသားတစ္လက္ကိုေရြးခ်ယ္ခ်င္ပံုရပါတယ္။ Harry ကေတာ့ ဒစ္စေနးလိုခ်င္သလို အတိအက်ျဖစ္လာခဲ့တဲ့မင္းသားတစ္ဦးျဖစ္လို႔ေနပါတယ္။


ဒီဇာတ္ကားမွာပါ၀င္မဲ့ဘုရင္ၾကီးထရိုင္တြန္ေနရာကိုေတာ့ Javier Bardem နဲ႔ေျပာဆိုေနၾကျပီျဖစ္ပါတယ္။ စုန္းမၾကီးေနရာမွာေတာ့ Melissa McCarthy ကိုေရြးခ်ယ္ထားတာျဖစ္ပါတယ္။ ဒစ္စေနးကျပန္ရိုက္ကူးတဲ့ဇာတ္ကားေတြျဖစ္တဲ့ “Aladdin” ဟာ လူၾကိဳက္မ်ားခဲ့သလို “Lion King” ဟာလည္း စံခ်ိန္တင္၀င္ေငြနဲ႔ထိပ္ဆံုးမွာရပ္တည္ေနပါတယ္။ လက္ရွိအခ်ိန္မွာရိုက္ကူးဖို႔အတြက္ျပင္ဆင္ေနတဲ့ The Little Mermaid ဟာလည္း ပရိသတ္ေတြအၾကိဳက္နဲ႔ထပ္တူက်ဦးမလားေနာ္….
Source:disinsider
Sweet@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

The Little Mermaid ဇာတ်ကားမှာမင်းသားလေးအဲရစ်အဖြစ်သရုပ်ဆောင်တော့မဲ့ Harry Styles
ဒစ်ဒနေးဟာ The Little Mermaid ကာတွန်းကားကို ရုပ်ရှင်အဖြစ်အသက်သွင်းတော့မှာဖြစ်ပါတယ်။ လူကြိုက်များခဲ့တဲ့ကာတွန်းကားကို ရုပ်ရှင်အဖြစ်ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ဒီဇာတ်ကားမှာပါဝင်မဲ့ သရုပ်ဆောင်တွေကိုအထူးစိတ်ဝင်စားလျက်ရှိနေပါတယ်။နှစ်ပေါင်း(၃၀)ခန့်ရှိပြီဖြစ်တဲ့
The Little Mermaid ဇာတ်ကားရဲ့ဇာတ်ကောင်တွေဟာ ပရိသတ်တွေမျှော်လင့်ထားသလို ထပ်တူကျတဲ့သူတွေဖြစ်ဖို့လည်းအရေးကြီးပါတယ်။
ရေသူမလေးအေရီရယ်နေရာမှာသရုပ်ဆောင်မဲ့သူကို Halle Bailey အဖြစ်ကြေငြာပြီးနောက်မှာ ဇာတ်ရုပ်နဲ့မလိုက်ဖက်ဘူးဆိုပြီး အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။မင်းသားလေးအဲရစ်နေရာကိုတော့ ထင်ကြေးပေးခံရတဲ့အထဲမှာ Harry Styles တစ်ယောက်လည်းအပါအဝင်ဖြစ်နေတာကြောင့် ပရိသတ်တွေစိတ်ကြိုက်ဖြစ်မဲ့ပုံပါပဲ။ Harry Stylesဟာ မင်းသားလေးအဲရစ်ဖြစ်ပါဝင်သရုပ်ဆောင်ဖို့ ဇူလိုင်လကတည်းကပြောဆိုနေခဲ့တာပါ။အခုတော့ဒီသတင်းကိုအတည်ပြုလိုက်ပြီဖြစ်ပါတယ်။
(၁၉၈၉)ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ မူရင်းဇာတ်လမ်းမှာတော့ မင်းသားအဲရစ်ရဲ့သီချင်းဆိုတဲ့အခန်းမပါဝင်ပါဘူး။ ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်ရိုက်ကူးရာမှာတော့ ပုံစံအသစ်နဲ့တွေ့မြင်ရမှာဖြစ်ပြီး မင်းသားအဲရစ်က Alan Menken နဲ့ Lin-Manuel Miranda တို့ရေးသားတဲ့ သီချင်းအသစ်တစ်ပုဒ်ကိုသီဆိုဦးမယ်လို့သိရပါတယ်။ ဒစ်စနေးကတော့ အသံကောင်းကောင်းနဲ့သီချင်းအဆိုပိုင်နိုင်တဲ့ မင်းသားတစ်လက်ကိုရွေးချယ်ချင်ပုံရပါတယ်။ Harry ကတော့ ဒစ်စနေးလိုချင်သလို အတိအကျဖြစ်လာခဲ့တဲ့မင်းသားတစ်ဦးဖြစ်လို့နေပါတယ်။
ဒီဇာတ်ကားမှာပါဝင်မဲ့ဘုရင်ကြီးထရိုင်တွန်နေရာကိုတော့ Javier Bardem နဲ့ပြောဆိုနေကြပြီဖြစ်ပါတယ်။ စုန်းမကြီးနေရာမှာတော့ Melissa McCarthy ကိုရွေးချယ်ထားတာဖြစ်ပါတယ်။ ဒစ်စနေးကပြန်ရိုက်ကူးတဲ့ဇာတ်ကားတွေဖြစ်တဲ့ “Aladdin” ဟာ လူကြိုက်များခဲ့သလို “Lion King” ဟာလည်း စံချိန်တင်ဝင်ငွေနဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ လက်ရှိအချိန်မှာရိုက်ကူးဖို့အတွက်ပြင်ဆင်နေတဲ့ The Little Mermaid ဟာလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျဦးမလားနော်….

error: Content is protected !!