“ရွှေကြိုလုပ်ခဲ့တဲ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးအထုပ်ဖြေချလိုက်တဲ့ သဇင်ထူးမြင့်”

သဇင်ထူးမြင့်ကတော့ ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးလေးဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆုပေးပွဲ (၂၀၁၈) မှာ အကယ်ဒမီ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ရွှေကြိုမှာစတင်ပါဝင်ခဲ့ပြီး နောက်အနုပညာအလုပ်တွေကို ဆက်တိုက်လ်ုပကိုင်လာသူလေးပဲ ဖြစ်ပါတယ်။ ပွဲတော်တော်များများကို ဆက်တိုက်တက်ရောက်ကာ သီချင်းMTVလေးတွေအပြင် ကြော်ငြာလေးတွေပါ ရိုက်ကူးလာပြီဖြစ်ပါတယ်။ ထို့အပြင် ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးလျက်ရှိပြီး အားပေးတဲ့ပရိသတ်တွေကလည်း များစွာရှိနေတာပဲ ဖြစ်ပါတယ်။ချစ်တဲ့ပရိသတ်တွေကလည်း သူမကို”သဲ”လို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဇာတ်လမ်းတွေရိုက်ကူးဖို့အစီအစဉ်တွေလည်းရှိတယ်လို့သိရပါတယ်။ ရွှေကြို တစ်ယောက်ဖြစ်တဲ့ သီဟအောင်နဲ့အတူ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ” ရွှေခြေကျင်း ” သီချင်း MTV ကလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာဖြစ်ပြီး လတ်တလောမှာထွက်ရှိခဲ့တဲ့ အဆိုတော် PTO ရဲ့” ချစ်ခြင်းအားဖြင့် ” သီချင်း MTV လေးကလည်း Share တဲ့သူတွေများစွာနဲ့ ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေ နဲ့ဝေးကွာမသွားရအောင် အလှဓာတ်ပုံလေးတွေ သူမရဲကလူမှုကွန်ရက်စာမျက်နှာထက်ကနေ အမြဲဝေမျှလေ့ရှိသူလေးလို့ဆိုရမှာပါ။

လက်ရှိမှာတော့သဇင်ထူးမြင့်ဟာ သူမရဲ့ ရွှေကြိုသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးလေးကို ” ဒီချိန်ထိ အမြဲတူရှိနေကြတယ်။ပွဲတွက်ပထမဆုံး လေ့ကျင့်တုန်းကinterview တွေကြည့်တိုင်း ရယ်မိတယ်။ အဲ့တုန်းကတယောက်နဲ့ တယောက် စကားပြောရင်တောင်ဘေးကလူက တော်တော်နားထောင်ရတယ် အခုများတော့ ဆူညံပြီး ၁၂ယောက်အင်အားမှအားမနာ အော်ရယ်လိုက် နောက်လိုက်နဲ့ စိတ်တူကိုယ်တူ ပေါဖက်တွေဖြစ်နေကြပြီ။(မှုန်ကြီးရယ် ဘုန်းမင်းရယ်က ကျောင်းသွားတက်နေကြတော့ မဖူးရဲ့  edit အစွမ်းနဲ့ ပဲထည့်လိုက်တယ်။”ဆိုပြီး အဖွဲ့လိုက်ပုံရိပ်လေးနဲ့အတူသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း သဇင်ထူးမြင့်လေးကိုအားပေးချစ်ခင်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source:Thazin Htoo Myint
Shwe Poe@CeleGabar

error: Content is protected !!