The Little Mermaid ဇာတ်ကားမှာပါဝင်ဖို့အတွက်ငြင်းဆိုလိုက်ပြန်တဲ့ Harry Styles

Harry Styles ဟာ နာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ One direction အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်အားပေးခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ Harry ကို ဒစ်ဒနေးကရိုက်ကူးတော့မှာဖြစ်တဲ့ The Little Mermaid ဇာတ်ကားမှာပါဝင်မှာဖြစ်တယ်လို့ တရားဝင်ပြောကြားထားတာဖြစ်ပါတယ်။ ဒီသတင်းကြောင့်ပရိသတ်တွေကပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။

Harry အနေနဲ့ The Little Mermaid ဇာတ်ကားရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ မင်းသားအဲရစ်နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက်အတည်ပြုလိုက်ကြောင်းကို Disinsider အပါအ၀င်သတင်းမီဒီယာ တော်တော်များများမှာဖော်ပြခဲ့ပါတယ်။မင်းသားအဲရစ်နေရာမှာသရုပ်ဆောင်ဖို့အတွက်ရေပန်းစားနေတဲ့သူတွေထဲမှာ Harry ပါဝင်ခဲ့ပြီး သရုပ်ဆောင်ဖို့အတွက် အတည်ပြုလိုက်ချိန်မှာတော့ ပရိသတ်တွေက အရမ်းကိုပျော်ရွှင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း ဒီသတင်းထွက်ပေါ်လာပြီးနာရီအနည်းငယ်အတွင်းမှာပဲ Harryဟာ ဒီဇာတ်ကားမှာမပါဝင်ဖြစ်တော့တဲ့အကြောင်းကို ပြန်လည်သတင်းထုတ်ပြန်လိုက်ချိန်မှာတော့ ပရိသတ်တွေကစိတ်ပျက်ခဲ့ကြပြီး တွစ်တာမှာအတော်လေးပွဲဆူသွားခဲ့ပါတယ်။

The Little Mermaid ဇာတ်ကားမှာပါဝင်မဲ့သရုပ်ဆောင်တော်တော်များများကို ရွေးချယ်ထားပြီးပြီလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘုရင်ကြီးထရိုင်တွန်နေရာကိုတော့ Javier Bardem နဲ့ပြောဆိုနေကြပြီး စုန်းမကြီးနေရာမှာတော့ Melissa McCarthy ကိုရွေးချယ်ထားပြီးကြောင်း သတင်းထုတ်ပြန်ထားပါသေးတယ်။

ဒစ်စနေးကနေပြီးတော့ ဒီဇာတ်ကားကို (၂၀၂၀)ခုနှစ်အစောပိုင်းမှာ ထုတ်လွှင့်ပြသဖို့ကြေငြာထားပေမဲ့လည်း အခုထက်ထိတော့ သရုပ်ဆောင်တွေရွေးချယ်ဖို့ကိစ္စကမတည်မငြိမ်ဖြစ်နေသေးတဲ့ပုံပါပဲ…

Ref:HYPEBAE,Buzzfeed
Sweet@CeleGabar

x
error: Content is protected !!