



Source: Exclusive On CeleGabar
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်

” အောင်မြင်မှု၊ နုပျိုခြင်းတွေနဲ့အတူ (၄)နှစ်တာအချိန်တွေ ပုပ်သွားတာ တန်ရဲ့လားလို့ ကိုယ့်ကိုကိုယ် မေးမိနေတဲ့ မေပန်းချီ”

ပရိသတ်တွေကို အမိုက်စားပုံရိပ်လေးတွေနဲ့ ဖမ်းစားထားလေ့ရှိတဲ့ မော်ဒယ်သရုပ်ဆောင် မေပန်းချီဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးမှုရရှိထားသော အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။အနုပညာလောကတွေသာမက စီးပွားရေးတွေလဲ လုပ်ကိုင်နေကာ မိဘတွေကိုရှာဖွေ ကျွေးမွေးနေတဲ့ သမီးလိမ္မာလေးပါ။သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှုရရှိထားပါသေးတယ်။သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဂျင်ပါတီ” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာမီအချိန်အတွင်း ရုံတင်တော့မှာလည်းဖြစ်ပါတယ်။

သူမရဲ့ဇာတိမြေဖြစ်တဲ့ မွန်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ်များ ကျရောက်နေတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုထားကာ သွားရောက်လှူဒါန်းသွားဖို့ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာ မိန်းကလေးတွေကြီးမှာ နာမည်ကြီးနေတဲ့ Social Influencers ဝင်းမင်းသန်းရဲ့ ပြောကြားချက်များကို သဘောကျတဲ့အကြောင်း ကိုမေပန်းချီ ကပြောထားပါသေးတယ်။

သူမရဲ့ အောင်မြင်မှု၊ နုပျိုခြင်းတွေနဲ့အတူ (၄)နှစ်တာအချိန်တွေမှာ ပုပ်သွားတာ တန်ရဲ့လားလို့ ကိုယ့်ကိုကိုယ် မေးမိနေပြီး ကုန်ဆုံးသွားတဲ့ အချိန်တွေကို နုမြောနေမိတယ်လို့ ပြောထားပါတယ်။ CeleGabar ပရိသတ်ကြီးရော မေပန်းချီလို့ နှာမြောမိတဲ့ အချိန်လေးတွေရှိရင် ပြောခဲ့ကြပါဦးနော်။