“ေရေဘးသင့္ျပည္သူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ရံပုံေငြ ပြဲေလးျပဳလုပ္သြားမယ့္ ဟိန္းမင္းသူ”

ျပည္သူလူထုတစ္ရပ္လုံး ပူေဆြးေသာကေရာက္ေစတဲ့ သတင္းတစ္ခုျဖစ္တဲ့ မြန္ျပည္နယ္က ေရးႀကီး၊ေျမၿပိဳမႈေတြက ေဖ့စ္ဘြတ္စာမ်က္ႏွာတစ္ခုလုံးမွာ ပ်ံႏွံေနတာျဖစ္ပါတယ္။ ဒီသတင္းေၾကာင့္ ျပည္သူလူထုေတြနဲ႔ အႏုပညာရွင္ညီအစ္ကိုေမာင္ႏွေတြက သြားေရာက္ကူညီကယ္မႈေတြနဲ႔ စားေသာက္စရာပစၥည္းေတြကို သြားေရာက္လႉတန္းေနၿပီးေတာ့ ျပန္လည္ထူေထာင္မႈေတြလည္း ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ဟိန္းမင္းသူဟာဆိုရင္လည္း လတ္တေလာမွာေတာ့ မြန္ျပည္နယ္ေရေဘးသင့္ျပည္သူေတြ ျပန္လည္ ထူေထာင္ေရးအတြက္ ရံပုံေငြ ပြဲေလးလုပ္ၿပီးေတာ့ အလႉခံသြားမွာျဖစ္ၿပီး ဒီပြဲေလးကိုေတာ့ လွည္းတန္း စင္တာ Outdoor မွာ ေန႔လည္ (၂)နာရီကေန ညေန (၅)နာရီထိ က်င္းပသြားမယ္လို႔ သိရပါတယ္။ ဟိန္မင္းသူနဲ႔အတူ ကုသိုလ္ပါဝင္ေဆာင္႐ြက္သြားမယ့္ အႏုပညာရွင္ေတြက သင္ဇာဝင့္ေက်ာ္၊ဆိုဖီယာ၊ စစ္ေသြး ၊ Guitarist ေထာင္လိန္း၊ Ko Ye Htoo တို႔ကေန ေဖ်ာ္ေျဖၿပီးအလႉေငြေကာက္ခံမွာလည္း ျဖစ္ပါတယ္။

အဲဒီပြဲကေနရရွိလာတဲ့ အလႉေငြေတြကို ၾကာသပေတးေန႔မွာ ကိုယ္တိုင္သြားေရာက္ၿပီး က်ိဳက္မေရာၿမိဳ႕ ခေနာင္ေက်း႐ြာအျပက်ိဳက္မေရာၿမိဳ႕နယ္၊ ေပါေလာ၊အထၳရံ၊ဖာသိမ္ဆိပ္၊အျခားအနီးအနားက႐ြာေလးမ်ားမွာလည္း လက္လွမ္းမွီသေလာက္ သြားေရာက္လႉဒါန္းမွာျဖစ္တယ္လို႔ ဟိန္းမင္းသူက သူရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာထက္ကေန ေဖာ္ျပထားတာျဖစ္ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ ဟိန္းမင္းသူရဲ႕ မြန္ျမတ္လွတဲ့ အလႉမွာပါဝင္ဖို႔ သူကိုယ္တိုင္က်င္းပမယ့္ ရံပုံေငြပြဲေလးကို သြားေရာက္အားေပးၾကမယ္မဟုတ္လား…..

Source:Hein Min Thu
ခ်စ္သဲေမ @CeleGabar

ယူနီကုတ္ျဖင့္ဖတ္ရန္

“ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ရံပုံငွေ ပွဲလေးပြုလုပ်သွားမယ့် ဟိန်းမင်းသူ”

ပြည်သူလူထုတစ်ရပ်လုံး ပူဆွေးသောကရောက်စေတဲ့ သတင်းတစ်ခုဖြစ်တဲ့ မွန်ပြည်နယ်က ရေးကြီး၊မြေပြိုမှုတွေက ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုလုံးမှာ ပျံနှံနေတာဖြစ်ပါတယ်။ ဒီသတင်းကြောင့် ပြည်သူလူထုတွေနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှတွေက သွားရောက်ကူညီကယ်မှုတွေနဲ့ စားသောက်စရာပစ္စည်းတွေကို သွားရောက်လှူတန်းနေပြီးတော့ ပြန်လည်ထူထောင်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဟိန်းမင်းသူဟာဆိုရင်လည်း လတ်တလောမှာတော့ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် ရံပုံငွေ ပွဲလေးလုပ်ပြီးတော့ အလှူခံသွားမှာဖြစ်ပြီး ဒီပွဲလေးကိုတော့ လှည်းတန်း စင်တာ Outdoor မှာ နေ့လည် (၂)နာရီကနေ ညနေ (၅)နာရီထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဟိန်မင်းသူနဲ့အတူ ကုသိုလ်ပါဝင်ဆောင်ရွက်သွားမယ့် အနုပညာရှင်တွေက သင်ဇာဝင့်ကျော်၊ဆိုဖီယာ၊ စစ်သွေး ၊ Guitarist ထောင်လိန်း၊ Ko Ye Htoo တို့ကနေ ဖျော်ဖြေပြီးအလှူငွေကောက်ခံမှာလည်း ဖြစ်ပါတယ်။

အဲဒီပွဲကနေရရှိလာတဲ့ အလှူငွေတွေကို ကြာသပတေးနေ့မှာ ကိုယ်တိုင်သွားရောက်ပြီး ကျိုက်မရောမြို့ ခနောင်ကျေးရွာအပြကျိုက်မရောမြို့နယ်၊ ပေါလော၊အထ္ထရံ၊ဖာသိမ်ဆိပ်၊အခြားအနီးအနားကရွာလေးများမှာလည်း လက်လှမ်းမှီသလောက် သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ ဟိန်းမင်းသူက သူရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဟိန်းမင်းသူရဲ့ မွန်မြတ်လှတဲ့ အလှူမှာပါဝင်ဖို့ သူကိုယ်တိုင်ကျင်းပမယ့် ရံပုံငွေပွဲလေးကို သွားရောက်အားပေးကြမယ်မဟုတ်လား…..
Source:Hein Min Thu
ချစ်သဲမေ @CeleGabar

error: Content is protected !!