ရင္သားကင္ဆာအဆင့္(၄)နဲ႕ဦးေခါင္းအက်ိတ္ကင္ဆာကိုတစ္ခ်ိန္တည္း ခံစားခဲ့ရေသာ္လည္း ဘ၀ကို အရွံဴးမေပးဘဲ အားတင္းထားနိုင္ခဲ့တဲ့ အဆိုေတာ္ မီးမီးခဲ

ကေလးဆန္တဲ့ မ်က္နာေလးနဲ႕ အသံခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားသူ အဆိုေတာ္ မီးမီးခဲ ဟာ ျမန္မာနို္င္ငံရဲ႕ ဂီတေလာကမွာ VCD နဲ႕ တိတ္ေခြ ေခတ္ အခ်ိန္အခါကတည္းက ပရိသတ္မ်ား အားေပးခဲ့ရတဲ့ ၀ါရင့္အဆိုေတာ္ တစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိမွာ အိမ္ေထာင္ရွင္ မိခင္တစ္ေယာက္ ျဖစ္တဲ့အျပင္ ပရိသတ္ခ်စ္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႕ေကာ မိခင္တစ္ေယာက္ အေနနဲ႕ပါ ဘ၀ကိ္ု ၾကိဳးစားေနတဲ့ မိန္းမသားတစ္ဦးလည္းျဖစ္ပါတယ္။

 

သူမ ကို္ယ္တုိင္ ေရးစပ္သီဆိုထားတဲ့ ငါ့ရဲ႕မ်က္ဝန္းညိဳ သီခ်င္းေလးကို ေနာက္ဆံုး ထြက္ရွိထားျပီး ဒီနွစ္ေတြမွာ မီးမီးခဲတစ္ေယာက္ အနုပညာအလုပ္ေတြနဲ႕ ခဏတာ ကင္းကြာေနရတဲ့ အေၾကာင္းကေတာ့ သူမရဲ႕ က်န္းမာေရးေၾကာင့္ပဲျဖစ္ပါတယ္။ လြန္ခဲ့တဲ့ (၂၀၁၇) ခုနွစ္အခ်ိန္ကတည္းက ရင္သားကင္ဆာ အဆင့္(၄) ကို စတင္ခံစားခဲ့ရျပီး ေဆးနဲ႕ ကုသထိန္းသိမ္းေနစဥ္မွာပဲ မၾကာေသးမီ (၂၀၁၉)ခုနွစ္ရဲ႕ ဧျပီလေလာက္မွာ မီးမီးခဲဟာ ဦးေခါင္းခြံေပၚက ေနာက္ထပ္ကင္ဆာတစ္ခု ကို ထပ္မံခံစားခဲ့ရျပန္တာျဖစ္ျပီး သူမရဲ႕ ညာဘက္ ဦးေခါင္းခြံရဲ႕ အေနာက္ဘက္မွာ ကင္ဆာအက်ိတ္တစ္ခုေပၚလာခဲ့တာပဲျဖစ္ပါတယ္။

 

 

ကင္ဆာ ေရာဂါ စစ္ေဆးမႈမွာ အသိေနာက္က်တဲ့အတြက္ ေသတဲ့အထိ မီးမီးခဲရဲ႕ ကိုယ္ခႏၶာထဲမွာ ခံစားေနရမွာျဖစ္ေၾကာင္း စစ္ေဆးခ်က္အရ ေျပာၾကားခဲ့ေသာ္လည္း အရည္အခ်င္း ရွိတဲ့ ဆရာ၀န္ေတြနဲ႕အတူ စိတ္ဓာတ္ခိုင္မာလြန္းတဲ့ သူမရဲ႕ စိတ္ခြန္အာေးတြေၾကာင့္ (၃) လ (၁) ခါ ေဆးစစ္ ၊ ကုသမႈ ခံယူခဲ့ျပီးအခ်ိန္မွာ သူမရဲ႕ ေရာဂါအေျခအေနနဲ႕ ပတ္သက္လို႕ ေကာင္းမြန္တဲ့ အေျဖတစ္ခုကို လက္ရွိမွာ ျပန္ၾကားနိုင္ခဲ့ျပီျဖစ္ပါတယ္။

 

 

တကယ့္ကို အသက္အႏၱရာယ္ေတြၾကားကေန ေရာဂါကို ကုသခဲ့ရျပီး ေရာဂါစစ္ေဆးမႈရဲ႕ အေျဖနားေထာင္ခ်ိန္ ရင္ေတြေမာ ခဲ့ေပမဲ့လည္း “စိတ္ဓါတ္က်ခဲ့မယ္ဆိုရင္ ကၽြန္မဟာ ေလာကႀကီးထဲကေန ထြက္သြားခဲ့ရတာၾကာပါၿပီ။ဘုရားေပးတဲ့အသက္နဲ႔ သူေပးတဲ့ခြန္အားေၾကာင့္သာ ဒီေန ့ဒီအခ်ိန္ထိ လူေကာင္းအတိုင္းစားေသာက္ေနထိုင္ ႏိုင္တာပါ။ၿငိမ္သက္ေပ်ာ္ရႊင္ျခင္းကိုလဲ ေန႔ရက္တိုင္းခံစားခဲ့ရပါတယ္။ႏိုင္ငံနဲ ့ဆရာဝန္ေတြဘယ္လို ပဲေကာင္းေပမဲ့ ကိုယ္တိုငိက စိတ္ဓါတ္မက်ပဲ ဘဝရဲ ့တန္ဖိုး နဲ ့အသက္ရွင္ျခင္းရဲ ့အဓိပၸါယ္ကို သိရွိခဲ့လို အခုလို က်န္းမာ တဲ့အေျဖ ရလဒ္ကို ရရွိခဲ့တာျဖစ္ေၾကာင္းသက္ေသခံေဝမွ်ခ်င္ပါတယ္။ရပ္ေဝးရပ္နီး ဆုေတာင္းေပးၾကေသာ ဆရာမ်ား ဆရာမမ်ား ,အေမ နဲ႔မိသားစု အမ်ိဳးမ်ား ,မိတ္ေဆြ သူငယ္ခ်င္းမ်ားနဲ ့ပရိတ္သတ္မ်ားကိုလဲ အထူးေက်းဇူးတငိပါတယ္ ” လို႕ ကင္ဆာေရာဂါေၾကာင့္ အသက္အႏၱရာယ္အေျခအေနေတြ ၾကားကေန ကင္းလြတ္နိုင္ခဲ့ျပီ ျဖစ္ေၾကာင္း မီးမီးခဲက သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နာ ထက္မွာ ေဖာ္ျပထားျပီး ပရိသတ္ၾကီးလည္း မီးမီးခဲရဲ႕ က်န္မားေရးအတြက္ ဆုေတာင္းေပးၾကပါဦးေနာ္။

Source: The Real Mee Mee Khel-မီးမီးခဲ
Khin Mi Mi@Celegabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

ရင်သားကင်ဆာအဆင့်(၄)နဲ့ ဦးခေါင်းအကြိတ်ကင်ဆာကို တစ်ချိန်တည်းခံစားခဲ့ရသော်လည်း ဘဝကို အရှူံးမပေးဘဲ အားတင်းထားနိုင်ခဲ့တဲ့ အဆိုတော် မီးမီးခဲ

ကလေးဆန်တဲ့ မျက်နာလေးနဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားသူ အဆိုတော် မီးမီးခဲ ဟာ မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ VCD နဲ့ တိတ်ခွေ ခေတ် အချိန်အခါကတည်းက ပရိသတ်များ အားပေးခဲ့ရတဲ့ ဝါရင့်အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ထောင်ရှင် မိခင်တစ်ယောက် ဖြစ်တဲ့အပြင် ပရိသတ်ချစ်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ကော မိခင်တစ်ယောက် အနေနဲ့ပါ ဘဝကို ကြိုးစားနေတဲ့ မိန်းမသားတစ်ဦးလည်းဖြစ်ပါတယ်။

သူမ ကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ ငါ့ရဲ့မျက်ဝန်းညို သီချင်းလေးကို နောက်ဆုံး ထွက်ရှိထားပြီး ဒီနှစ်တွေမှာ မီးမီးခဲတစ်ယောက် အနုပညာအလုပ်တွေနဲ့ ခဏတာ ကင်းကွာနေရတဲ့ အကြောင်းကတော့ သူမရဲ့ ကျန်းမာရေးကြောင့်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်အချိန်ကတည်းက ရင်သားကင်ဆာ အဆင့်(၄) ကို စတင်ခံစားခဲ့ရပြီး ဆေးနဲ့ ကုသထိန်းသိမ်းနေစဉ်မှာပဲ မကြာသေးမီ (၂၀၁၉)ခုနှစ်ရဲ့ ဧပြီလလောက်မှာ မီးမီးခဲဟာ ဦးခေါင်းခွံပေါ်က နောက်ထပ်ကင်ဆာတစ်ခု ကို ထပ်မံခံစားခဲ့ရပြန်တာဖြစ်ပြီး သူမရဲ့ ညာဘက် ဦးခေါင်းခွံရဲ့ အနောက်ဘက်မှာ ကင်ဆာအကြိတ်တစ်ခုပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

ကင်ဆာ ရောဂါ စစ်ဆေးမှုမှာ အသိနောက်ကျတဲ့အတွက် သေတဲ့အထိ မီးမီးခဲရဲ့ ကိုယ်ခန္ဓာထဲမှာ ခံစားနေရမှာဖြစ်ကြောင်း စစ်ဆေးချက်အရ ပြောကြားခဲ့သော်လည်း အရည်အချင်း ရှိတဲ့ ဆရာဝန်တွေနဲ့အတူ စိတ်ဓာတ်ခိုင်မာလွန်းတဲ့ သူမရဲ့ စိတ်ခွန်အာေးတွကြောင့် (၃) လ (၁) ခါ ဆေးစစ် ၊ ကုသမှု ခံယူခဲ့ပြီးအချိန်မှာ သူမရဲ့ ရောဂါအခြေအနေနဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ အဖြေတစ်ခုကို လက်ရှိမှာ ပြန်ကြားနိုင်ခဲ့ပြီဖြစ်ပါတယ်။

တကယ့်ကို အသက်အန္တရာယ်တွေကြားကနေ ရောဂါကို ကုသခဲ့ရပြီး ရောဂါစစ်ဆေးမှုရဲ့ အဖြေနားထောင်ချိန် ရင်တွေမော ခဲ့ပေမဲ့လည်း “စိတ်ဓါတ်ကျခဲ့မယ်ဆိုရင် ကျွန်မဟာ လောကကြီးထဲကနေ ထွက်သွားခဲ့ရတာကြာပါပြီ။ဘုရားပေးတဲ့အသက်နဲ့ သူပေးတဲ့ခွန်အားကြောင့်သာ ဒီနေ့ဒီအချိန်ထိ လူကောင်းအတိုင်းစားသောက်နေထိုင် နိုင်တာပါ။ငြိမ်သက်ပျော်ရွှင်ခြင်းကိုလဲ နေ့ရက်တိုင်းခံစားခဲ့ရပါတယ်။နိုင်ငံနဲ့ဆရာဝန်တွေဘယ်လို ပဲကောင်းပေမဲ့ ကိုယ်တိုငိက စိတ်ဓါတ်မကျပဲ ဘဝရဲ့တန်ဖိုး နဲ့အသက်ရှင်ခြင်းရဲ့အဓိပ္ပါယ်ကို သိရှိခဲ့လို အခုလို ကျန်းမာ တဲ့အဖြေ ရလဒ်ကို ရရှိခဲ့တာဖြစ်ကြောင်းသက်သေခံဝေမျှချင်ပါတယ်။ရပ်ဝေးရပ်နီး ဆုတောင်းပေးကြသော ဆရာများ ဆရာမများ ,အမေ နဲ့မိသားစု အမျိုးများ ,မိတ်ဆွေ သူငယ်ချင်းများနဲ့ပရိတ်သတ်များကိုလဲ အထူးကျေးဇူးတငိပါတယ် ” လို့ ကင်ဆာရောဂါကြောင့် အသက်အန္တရာယ်အခြေအနေတွေ ကြားကနေ ကင်းလွတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မီးမီးခဲက သူမရဲ့ လူမှုကွန်ရက် စာမျက်နာ ထက်မှာ ဖော်ပြထားပြီး ပရိသတ်ကြီးလည်း မီးမီးခဲရဲ့ ကျန်မားရေးအတွက် ဆုတောင်းပေးကြပါဦးနော်။

Source: The Real Mee Mee Khel-မီးမီးခဲ
Khin Mi Mi@Celegabar

 

error: Content is protected !!