



Source:Zarni Myonyunt
ချစ်သဲမေ @CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

” သဘာဝဘေးအန္တရာယ် ကပ်ဘေးမှာလွတ်မြောက်အောင် သစ်တံခါးဆရာတော်ထံအလှူတွေပြုလုပ်နေတဲ့ Rဇာနည်”

Rဇာနည်က ပရိသတ်အားပေးမူကို တခဲနက်ဆို သလိုပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။The Voice Myanmar Season 3မှာ Rဇာနည်က နီနီခင်ဇော်၊ ရန်ရန်ချန်း၊ ကျားပေါက်တို့နဲ့အတူ အကဲဖြတ်ဒိုင်တစ်ယောင်အနေနဲ့ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ပေးခဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ သြဂုတ်လ(၁၄)ရက်နေ့က Miss Myanmar International 2019 ပွဲကို Rဇာနည်ဇနီးမောင်နှံ တက်ရောက်ခဲ့တာဖြစ်ပြီးတော့ Rဇာနည်က အကောင်းဆုံးသီချင်းလေးတွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

Rဇာနည်က အဆိုပိုင်းမှာ ပရိသတ်အားကျရတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်တွေအားကျရတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ဇနီးချောလေးဝမ်းနဲ့ သားချောလေး(၂)ယောက်ကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေ သဲသဲလှုပ်ချစ်တာကို ခံနေရတဲ့ မိသားစုလေးတစ်စုလည်း ဖြစ်ပါတယ်။ အလှူအတန်းတွေကို လုပ်တဲ့နေရာမှာလည်း မိသားစုလိုက် တက်ညီလက်ညီလုပ်ကိုင်တတ်တဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေ ရေဘေး၊လေဘေး ဒုက္ခကနေကင်းဝေအောင် သစ်တံခါးဆရာတော်နဲ့ ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတာကို “ဝါခေါင်လပြည့်နေ့ မေတ္တာ အခါတော်နေ့ ဖြစ်သောကြောင့် မြန်မာတနိုင်ငံလုံး တစ်ကမ္ဘာလုံး အေးချမ်း၍ စစ်ဘေးရန်တွေ ငလျှင်ဘေး၊ ရေဘေး၊ လေဘေး၊ မီးဘေး၊ စီးပွားရေး၊ အကြတ်အတည်း၊ ကပ်ဘေးမှ လွတ်မြောက်စေရန် ဆောင်ရွက်ရန်အတွက် အိမ်ကဘုရားတွင် အောင်သပြေ (၂၁) ညွှန်၊ သစ်သီးဆွမ်း (၁၀) မျိုး၊ဆွမ်းတော် (၁၀) ပွဲ၊ ရေတော် (၁၀ )ခွက်၊ ဆီမီး (၁၀)တိုင်တို့ဆက်ကပ်လှူဒါန်းပြီး (၅) ပါးသီလ ခံယူ စောင့်ထိန်းပြီးလျှင် မေတ္တာသုတ် (၅၂၈) ခေါက်ရွတ်ပြီးပူဇော် ပါ၏ “လို့ သူတို့မိသားစုရဲ့ အလှူကို Rဇာနည်ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ သိခဲ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ Rဇာနည်တို့ မိသားစုအလှူကတော့ မွန်မြတ်လှပါတယ်နော်…..
Source:Zarni Myonyunt
ချစ်သဲမေ @CeleGabar

 

error: Content is protected !!