“ေမြးေန႕မွာ အလွဴႏွစ္ခုကိုဆက္တိုက္ လွဴျဖစ္ခဲ့တာေၾကာင့္ ဝမ္းသာပီတိျဖစ္ေနတဲ့ ျမတ္ႏုိးေအး “

သရုပ္ေဆာင္မင္းသမီးသစ္ေလး ျမတ္ႏုိးေအးကေတာ့ သူစိမ္းအိမ္ရုပ္ရွင္ဇာတ္ကားမွာ “ေကသီ” ဆိုတဲ့ဇာတ္ေကာင္နဲ႕ ပရိသတ္ေတြ တခဲနက္အားေပးမႈကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ သူစိမ္းအိမ္ဇာတ္ကားမွာ သူမရဲ႕ ဇာတ္ေကာင္ကေတာ့ ေဖြးစိန္ေလးရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္ၿပီး သရဲေၾကာက္တတ္တဲ့ ေကာင္မေလးအျဖစ္ ပီျပင္စြာ သရုပ္ေဖာ္ႏုိင္ခဲ့တာေၾကာင့္ သရုပ္ေဆာင္သစ္တစ္ေယာက္လို႕ေတာင္မထင္မွတ္ရေလာက္ေအာင္ ေကသီဆိုတဲ့ကာရုိက္တာေလးနဲ႕ ပရိသတ္ေတြ သတိထားမွတ္မိေစခဲ့တာပဲ ျဖစ္ပါတယ္။

ေကသီေလးကေတာ့ အႏုပညာအလုပ္ေတြဆက္တိုက္ လုပ္ကိုင္လာၿပီပဲ ျဖစ္ၿပီး မၾကာေသးမီကထြက္ရွိခဲ့တဲ့ ACID နဲ႕ AR -T တို႕ရဲ႕ သီခ်င္းသစ္ေလးျဖစ္တဲ့” တစ္ေယာက္တစ္မ်ိဳး ” သီခ်င္းMTV ေလးမွာလည္း ပါဝင္သရုပ္ေဆာင္ထားေသးပါတယ္။ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ကိုရီးယားမင္းသမီးေလးနဲ႕ တူတယ္လိ္ု႕ေတာင္မွတ္ခ်က္ေပးခံရတဲ့သူေလးျဖစ္တဲ့အျပင္ ေယာက်ာ္းေလးပရိသတ္ေတြ သေဘာက်အားေပးခံရသူေလး ျဖစ္ပါတယ္။မေန့ကက်ေရာက္ခဲ့တဲ့ ၾသဂုတ္လ (၁၅)ရက္ေန႕ကေတာ့ ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ ေကသီရဲ႕ ေမြးေန႕ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ေကသီရဲ႕ ေမြးေန႕မွာ အလွဴႏွစ္ခုကိုဆက္တိုက္ လွဴျဖစ္ခဲ့တာေၾကာင့္ ဝမ္းသာပီတိျဖစ္ေနေၾကာင္းကို ” ေမြးေန႔ေလးကို အလွဴႏွစ္ခု ျပဳၿပီး ျဖတ္သန္းရလို႔ အရမ္းပီတိျဖစ္ရတာပဲ။

မနက္ပိုင္းကို သူစိမ္းအိမ္ အဖြဲ႕ နဲ ႔ တူတူ မြန္ျပည္နယ္ ေရေဘးအတြက္” ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္း” မွာ လွဴၿပီး ညေနပိုင္းကို ခဝဲျခံ မ်က္မျမင္ေက်ာင္းမွာ ေက်ာင္းသား ၁၅၀ ေက်ာ္ စာ အတြက္ ဝက္သားဟင္း , ၾကက္သားဟင္း နဲ႔ ခ်ဥ္ေပါင္ေၾကာ္ရယ္ အခ်ိဳပြဲ သီးစံုေရခဲမုန္ ႔ ေလး လွဴျဖစ္ခဲ့တယ္။ ကပ္ၿပီးမွ စီစဥ္တာေတာင္ ခ်က္ေပးတဲ့ မာမား တို႔ေၾကာင့္ေရာ အားတက္သေရာ ဝိုင္းကူေပးၾကတဲ့ ခ်စ္တဲ့ ေမာင္ႏွမေတြ အားလံုးေၾကာင့္လဲ ပိုေပ်ာ္ခဲ့ရပါတယ္ေနာ္  ျမတ္ႏိုးရဲ႕ အလွဴေလးကို အားလံုးပဲ သာဓုေခၚႏိုင္ေအာင္ မွ်ေပးလိုက္ပါတယ္ေနာ္ ။”ဆိုၿပီး လွဴဒါန္းမႈပံုရိပ္ေလးေတြနဲ႕အတူ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ ကေန ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။

Source :Myat Noe Aye
Shwe [email protected]
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မွေးနေ့မှာ အလှူနှစ်ခုကိုဆက်တိုက် လှူဖြစ်ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ မြတ်နိုးအေး ”

သရုပ်ဆောင်မင်းသမီးသစ်လေး မြတ်နိုးအေးကတော့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားမှာ “ကေသီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေ တခဲနက်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူစိမ်းအိမ်ဇာတ်ကားမှာ သူမရဲ့ ဇာတ်ကောင်ကတော့ ဖွေးစိန်လေးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး သရဲကြောက်တတ်တဲ့ ကောင်မလေးအဖြစ် ပီပြင်စွာ သရုပ်ဖော်နိုင်ခဲ့တာကြောင့် သရုပ်ဆောင်သစ်တစ်ယောက်လို့တောင်မထင်မှတ်ရလောက်အောင် ကေသီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်တွေ သတိထားမှတ်မိစေခဲ့တာပဲ ဖြစ်ပါတယ်။

ကေသီလေးကတော့ အနုပညာအလုပ်တွေဆက်တိုက် လုပ်ကိုင်လာပြီပဲ ဖြစ်ပြီး မကြာသေးမီကထွက်ရှိခဲ့တဲ့ ACID နဲ့ AR -T တို့ရဲ့ သီချင်းသစ်လေးဖြစ်တဲ့” တစ်ယောက်တစ်မျိုး ” သီချင်းMTV လေးမှာလည်း ပါဝင်သရုပ်ဆောင်ထားသေးပါတယ်။ပရိသတ်တော်တော်များများက ကိုရီးယားမင်းသမီးလေးနဲ့ တူတယ်လို့တောင်မှတ်ချက်ပေးခံရတဲ့သူလေးဖြစ်တဲ့အပြင် ယောကျာ်းလေးပရိသတ်တွေ သဘောကျအားပေးခံရသူလေး ဖြစ်ပါတယ်။မနေ့ကကျရောက်ခဲ့တဲ့ သြဂုတ်လ (၁၅)ရက်နေ့ကတော့ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ ကေသီရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ကေသီရဲ့ မွေးနေ့မှာ အလှူနှစ်ခုကိုဆက်တိုက် လှူဖြစ်ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်နေကြောင်းကို ” မွေးနေ့လေးကို အလှူနှစ်ခု ပြုပြီး ဖြတ်သန်းရလို့ အရမ်းပီတိဖြစ်ရတာပဲ။

မနက်ပိုင်းကို သူစိမ်းအိမ် အဖွဲ့ နဲ့ တူတူ မွန်ပြည်နယ် ရေဘေးအတွက်” ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း” မှာ လှူပြီး ညနေပိုင်းကို ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကျောင်းသား ၁၅၀ ကျော် စာ အတွက် ဝက်သားဟင်း , ကြက်သားဟင်း နဲ့ ချဉ်ပေါင်ကြော်ရယ် အချိုပွဲ သီးစုံရေခဲမုန့် လေး လှူဖြစ်ခဲ့တယ်။ ကပ်ပြီးမှ စီစဉ်တာတောင် ချက်ပေးတဲ့ မာမား တို့ကြောင့်ရော အားတက်သရော ဝိုင်းကူပေးကြတဲ့ ချစ်တဲ့ မောင်နှမတွေ အားလုံးကြောင့်လဲ ပိုပျော်ခဲ့ရပါတယ်နော် 🥰 မြတ်နိုးရဲ့ အလှူလေးကို အားလုံးပဲ သာဓုခေါ်နိုင်အောင် မျှပေးလိုက်ပါတယ်နော် ။”ဆိုပြီး လှူဒါန်းမှုပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ ကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

Source :Myat Noe Aye
Shwe [email protected]