“ဇာတ္ကားေတြမရိုက္ရေတာ႕တာေၾကာင္႕ ခက္ခက္ခဲခဲနဲ႕ ဘဝကို ရပ္တည္ေနရတယ္ဆိုတဲ႕ ေဒၚနန္းခမ္းဝါ”

ရုပ္ရွင္ဇာတ္ကားေတြထဲမွာ ဇာတ္ပို႕တစ္ေယာက္အေနနဲ႕ က်ရာ ဇာတ္ရုပ္ကို သရုပ္ေဆာင္နိုင္တဲ႕ ဇာတ္ပို႕သရုပ္ေဆာင္ေဒၚနန္းခမ္းဝါကိုေတာ႕ ပရိသတ္ေတြသိရွိျပီးသားျဖစ္မွာပါ။အနုပညာအလုပ္ေတြကို ဝါသနာၾကီးလြန္းတဲ႕ ေဒၚနန္းခမ္းဝါကေတာ႕ လက္ရွိမွာေတာ႕ အသက္ဟာ (၆၃)နွစ္ရွိေနျပီပဲျဖစ္ပါတယ္။အသက္(၁၅)နွစ္ေလာက္ကတည္းက ဇာတ္သဘင္ေလာကထဲကို စတင္ဝင္ေရာက္ခဲ႕တာျဖစ္ျပီး သရုပ္ေဆာင္တစ္ေယာက္အေနနဲ႕အနုပညာေလာကမွာ ရပ္တည္ေနတာေတာ႕ နွစ္ေပါင္း(၃၀)ခန္႕ရွိေနတဲ႕ ဝါရင္႕သရုပ္ေဆာင္တစ္ေယာက္ဆိုလည္းမမွားပါဘူး။

ရုပ္ရွင္နဲ႕ ဗီဒီယိုေလာက ပ်က္စီးယိုယြင္းလာခ်ိန္မွာေတာ႕ ဇာတ္ပို႕သရုပ္ေဆာင္ေတြေတာ္ေတာ္မ်ားမ်ားဟာ ရုပ္ရွင္ရိုက္ကူးမႈေတြနည္းပါးလာတာေၾကာင္႕ ခက္ခဲက်ပ္တည္းခဲ႕ၾကရတာပဲျဖစ္ပါတယ္။အနုပညာကို ဝါသနာၾကီးလြန္းျပီး ငယ္စဥ္ကတည္းက သရုပ္ေဆာင္တစ္ေယာက္အေနနဲ႕သာ ဘဝကို ရပ္တည္ခဲ႕တဲ႕ ေဒၚနန္းခမ္းဝါဟာလည္း ရုပ္ရွင္ေတြမရိုက္ကူးရေတာ႕ခ်ိန္မွာ အခက္အခဲေတြနဲ႕ ရင္ဆိုင္ေနရတဲ႕ အေၾကာင္းကို

“ျဖစ္သလိုေလးေပါ႕။ဟိုးတုန္းက ဆီျပန္ဟင္းနဲ႕ စားရတယ္ဆိုရင္ အခုခ်ဥ္ရည္ဟင္းေလာက္နဲ႕ေပါ႕။ ေရာင္႕ရဲတင္႕တိမ္ျပီးေနရတာေပါ႕ေနာ္။ ကိုယ္႕အထြာေလးနဲ႕ ကိုယ္ေပါ႕။ အရင္နဲ႕ေတာ႕ မတူဘူးေပါ႕ေနာ္။ရုပ္ရွင္မရိုက္ရတာကလည္း သၾကၤန္ျပီးကတည္းကဆိုေတာ႕ ေတာ္ေတာ္ၾကာျပီေပါ႕။တေန႕တာကုန္က်စရိတ္နဲ႕ နားေနရတဲ႕ လနဲ႕ဆိုရင္ အေမမ်ားအဖြဲ႕ကသာမကူညီရင္ အဆင္မေျပနိုင္ေလာက္ဘူး”လို႕ အခက္အခဲေတြကို ရင္ဖြင္႕ေျပာျပလာတာျဖစ္ျပီး ဒီသတင္းေလးကို CeleGabar ပရိသတ္ၾကီးအတြက္မွ်ေဝေပးလိုက္ပါတယ္။

Source : Exclusive On CeleGabar
[email protected]
ယူနီကုတ္ျဖင္႕ဖတ္ရန္။

“ဇာတ်ကားတွေမရိုက်ရတော့တာကြောင့် ခက်ခက်ခဲခဲနဲ့ ဘဝကို ရပ်တည်နေရတယ်ဆိုတဲ့ ဒေါ်နန်းခမ်းဝါ”

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်ဒေါ်နန်းခမ်းဝါကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။အနုပညာအလုပ်တွေကို ဝါသနာကြီးလွန်းတဲ့ ဒေါ်နန်းခမ်းဝါကတော့ လက်ရှိမှာတော့ အသက်ဟာ (၆၃)နှစ်ရှိနေပြီပဲဖြစ်ပါတယ်။အသက်(၁၅)နှစ်လောက်ကတည်းက ဇာတ်သဘင်လောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့အနုပညာလောကမှာ ရပ်တည်နေတာတော့ နှစ်ပေါင်း(၃၀)ခန့်ရှိနေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဆိုလည်းမမှားပါဘူး။

ရုပ်ရှင်နဲ့ ဗီဒီယိုလောက ပျက်စီးယိုယွင်းလာချိန်မှာတော့ ဇာတ်ပို့သရုပ်ဆောင်တွေတော်တော်များများဟာ ရုပ်ရှင်ရိုက်ကူးမှုတွေနည်းပါးလာတာကြောင့် ခက်ခဲကျပ်တည်းခဲ့ကြရတာပဲဖြစ်ပါတယ်။အနုပညာကို ဝါသနာကြီးလွန်းပြီး ငယ်စဉ်ကတည်းက သရုပ်ဆောင်တစ်ယောက်အနေနဲ့သာ ဘဝကို ရပ်တည်ခဲ့တဲ့ ဒေါ်နန်းခမ်းဝါဟာလည်း ရုပ်ရှင်တွေမရိုက်ကူးရတော့ချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းကို

“ဖြစ်သလိုလေးပေါ့။ဟိုးတုန်းက ဆီပြန်ဟင်းနဲ့ စားရတယ်ဆိုရင် အခုချဉ်ရည်ဟင်းလောက်နဲ့ပေါ့။ ရောင့်ရဲတင့်တိမ်ပြီးနေရတာပေါ့နော်။ ကိုယ့်အထွာလေးနဲ့ ကိုယ်ပေါ့။ အရင်နဲ့တော့ မတူဘူးပေါ့နော်။ရုပ်ရှင်မရိုက်ရတာကလည်း သြင်္ကန်ပြီးကတည်းကဆိုတော့ တော်တော်ကြာပြီပေါ့။တနေ့တာကုန်ကျစရိတ်နဲ့ နားနေရတဲ့ လနဲ့ဆိုရင် အမေများအဖွဲ့ကသာမကူညီရင် အဆင်မပြေနိုင်လောက်ဘူး”လို့ အခက်အခဲတွေကို ရင်ဖွင့်ပြောပြလာတာဖြစ်ပြီး ဒီသတင်းလေးကို CeleGabar ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

Source : Exclusive On CeleGabar
[email protected]