ေရပန္းစားတဲ့အလွမယ္ေတြကိုေက်ာ္တက္ျပီး Miss Myanmar International 2019 ျဖစ္လာခဲ့တဲ့ ဓႏုတိုင္းရင္းသူအလွမယ္ခင္ဥမၼာျမင့္

Miss International ျပိဳင္ပြဲဟာ ဂ်ပန္ႏိုင္ငံကၾကီးမွဴးက်င္းပတဲ့ ကမၻာေပၚမွာတတိယ သက္တမ္းအရင့္ဆံုးအလွမယ္ျပိဳင္ပြဲတစ္ခုပါ။အလွမယ္နန္းခင္ေဇယ်ာကစျပီး ႏွစ္စဥ္ႏွစ္တိုင္း ျမန္မာႏိုင္ငံကိုယ္စားျပဳအလွမယ္ေတြကိုေရြးခ်ယ္ေစလႊတ္ခဲ့တာ (၇)ႏွစ္ရွိခဲ့ပါျပီ။ (၂၀၁၉)ခုႏွစ္အတြက္ Miss Myanmar International အလွမယ္ေရြးခ်ယ္ပြဲၾကီးကို ၾသဂုတ္လ(၁၄)ရက္ေန႔က Novotel Yangon Max Hotel မွာက်င္းပခဲ့ပါတယ္။


ဒီပြဲမွာ Miss Myanmar International 2019 အျဖစ္ေရြးခ်ယ္ခံရသူက အလွမယ္ခင္ဥမၼာျမင့္ ျဖစ္ျပီး 1st Runner Up ဆုကို အလွမယ္မ်ိဳးသီရိကို 2nd Runner Up ဆုကို အလွမယ္ယမံုတို႔က အသီးသီးရရွိခဲ့ပါတယ္။ျပိဳင္ပြဲက်င္းပေနစဥ္အခ်ိန္အတြင္းမွာ ျပိဳင္ပြဲအေတြ႔အၾကံဳရွိတဲ့အျခားေသာ အလွမယ္မ်ားလည္းေရပန္းစားခဲ့ေပမဲ့ Miss Myanmar Internationalေရြးခ်ယ္ေရးအဖြ႕ဲ႔က (၂၀၁၉) ခုႏွစ္အတြက္ အသင့္ေတာ္ဆံုးသူအျဖစ္ေရြးခ်ယ္ျခင္းခံရတာကေတာ့ အသက္(၂၃)ႏွစ္အရြယ္ ဓႏုတိုင္းရင္းသူေလးခင္ဥမၼာျမင့္ျဖစ္ခဲ့ပါတယ္။


အလွမယ္ခင္ဥမၼာျမင့္ကို Miss Myanmar International (2018) အလွမယ္ေမယုေခတၱာက သရဖူကိုလႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။သရဖူကိုအႏုိင္ရရွိတဲ့အလွမယ္တစ္ေယာက္ဟာ အဖြဲ႔အစည္းနဲ႔အတူတစ္ႏွစ္တာ၀န္ထမ္းေဆာင္ရမွာျဖစ္ပါတယ္။ Miss Myanmar International 2019 သရဖူကိုရရွိခဲ့တဲ့အလွမယ္ကေတာ့ Miss Myanmar International သရဖူ ၊ေငြသားသိန္း(၁၀၀)ေက်ာ္အျပင္ က်န္းမာေရးနဲ႔အလွအပအတြက္ အခမဲ့စမ္းသပ္ကုသခြင့္ေတြကိုပါ ရရွိခဲ့ပါတယ္။အလွမယ္ခင္ဥမၼာျမင့္ဟာ ဂ်ပန္ႏိုင္ငံမွာက်င္းပမဲ့ Miss International 2019 ကို ျမန္မာႏိုင္ငံကိုယ္စားျပဳ၀င္ေရာက္ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။
Congradulations ပါ ခင္ဥမၼာျမင့္ေရ…
Source:MMI
Sweet@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရေပန်းစားတဲ့အလှမယ်တွေကိုကျော်တက်ပြီး Miss Myanmar International 2019 ဖြစ်လာခဲ့တဲ့
ဓနုတိုင်းရင်းသူအလှမယ်ခင်ဥမ္မာမြင့်
Miss International ပြိုင်ပွဲဟာ ဂျပန်နိုင်ငံကကြီးမှူးကျင်းပတဲ့ ကမ္ဘာပေါ်မှာတတိယ သက်တမ်းအရင့်ဆုံးအလှမယ်ပြိုင်ပွဲတစ်ခုပါ။အလှမယ်နန်းခင်ဇေယျာကစပြီး နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တွေကိုရွေးချယ်စေလွှတ်ခဲ့တာ (၇)နှစ်ရှိခဲ့ပါပြီ။ (၂၀၁၉)ခုနှစ်အတွက် Miss Myanmar International အလှမယ်ရွေးချယ်ပွဲကြီးကို သြဂုတ်လ(၁၄)ရက်နေ့က Novotel Yangon Max Hotel မှာကျင်းပခဲ့ပါတယ်။


ဒီပွဲမှာ Miss Myanmar International 2019 အဖြစ်ရွေးချယ်ခံရသူက အလှမယ်ခင်ဥမ္မာမြင့် ဖြစ်ပြီး 1st Runner Up ဆုကို အလှမယ်မျိုးသီရိကို 2nd Runner Up ဆုကို အလှမယ်ယမုံတို့က အသီးသီးရရှိခဲ့ပါတယ်။ပြိုင်ပွဲကျင်းပနေစဉ်အချိန်အတွင်းမှာ ပြိုင်ပွဲအတွေ့အကြုံရှိတဲ့အခြားသော အလှမယ်များလည်းရေပန်းစားခဲ့ပေမဲ့ Miss Myanmar Internationalရွေးချယ်ရေးအဖွ့ဲ့က (၂၀၁၉) ခုနှစ်အတွက် အသင့်တော်ဆုံးသူအဖြစ်ရွေးချယ်ခြင်းခံရတာကတော့ အသက်(၂၃)နှစ်အရွယ် ဓနုတိုင်းရင်းသူလေးခင်ဥမ္မာမြင့်ဖြစ်ခဲ့ပါတယ်။


အလှမယ်ခင်ဥမ္မာမြင့်ကို Miss Myanmar International (2018) အလှမယ်မေယုခေတ္တာက သရဖူကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။သရဖူကိုအနိုင်ရရှိတဲ့အလှမယ်တစ်ယောက်ဟာ အဖွဲ့အစည်းနဲ့အတူတစ်နှစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ Miss Myanmar International 2019 သရဖူကိုရရှိခဲ့တဲ့အလှမယ်ကတော့ Miss Myanmar International သရဖူ ၊ငွေသားသိန်း(၁၀၀)ကျော်အပြင် ကျန်းမာရေးနဲ့အလှအပအတွက် အခမဲ့စမ်းသပ်ကုသခွင့်တွေကိုပါ ရရှိခဲ့ပါတယ်။အလှမယ်ခင်ဥမ္မာမြင့်ဟာ ဂျပန်နိုင်ငံမှာကျင်းပမဲ့ Miss International 2019 ကို မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Congradulations ပါ ခင်ဥမ္မာမြင့်ရေ…

error: Content is protected !!