

 



Source : Nyi Nyi Maung
Chilli@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။

“မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေအတွက် မုန့်တွေသွားရောက်လှူဒါန်းခဲ့တဲ့ သုသု”

ညီညီမောင်စမ်းချောင်းကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တွေထဲမှာ တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။မိတ်ကပ်ပညာနဲ့ပတ်သက်လာရင် အနုပညာရှင်တွေကပါ အားကိုးတကြီးနဲ့အားကိုးနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတဲ့ သုသုဟာ ပျော်ရွှင်စရာ ဟာသဗီဒီယိုလေးတွေကို အပျော်သဘောအနေနဲ့ ရိုက်ကူးပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်လေ့ရှိပါသေးတယ်။

သုသုတစ်ယောက်အပျော်သဘောအနေနဲ့ ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေက သဘောကျနှစ်သက်ပြီး အပြည့်အဝအားပေးကြတာကြောင့် သုသုကနောက်ပိုင်းမှာ မကြာခဏဆိုသလို ဟာသဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။လတ်တလောမှာတော့ သုသုတစ်ယောက်က “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းပါဝင်ရိုက်ကူးထားပါသေးတယ်။

ဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ သုသုက လက်ရှိမွန်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ရေဘး ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် မုန့်တွေကို ဒီနေ့ သြဂုတ်လ (၁၆)ရက်နေ့မှာလှူဒါန်းဖြစ်ခဲ့တာကို “ဒီနေ့အတွက်တော့ ရာမညတိုင်းရေဘေး အတွက် ရွှေကျီး မုန့်မျိုးစုံ လှူဖြစ်ပါတယ်။ အလွယ်တကူ စားရတာလွယ်ပြီး အထားခံတဲ့ ရွှေကျီးကိတ်ခြောက် နဲ့ မုန်မျိုး စုံရွေးချယ်လှူဖြစ်ပါတယ်။”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာဖြစ်ပြီး CeleGabar ပရိသတ်ကြီး တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Nyi Nyi Maung
Chilli@CeleGabar

error: Content is protected !!