



Source:May Myint Mo
ချစ်သဲမေ @CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“မျက်စိပါဝါ အားနည်းတာကြောင့် ဆေးကုသမှုခံယူနေရတဲ့ မေမြင့်မိုရ်”

မေမြင်မိုရ်ကတော့ MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးကို ပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ ယဉ်ယဉ်လေးနေတတ်တာကြောင့် ပရိသတ်တွေရဲ့ ဝန်းရံမူကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ ဇာတ်လမ်းပိုင် ကျရာကာရိုက်တာပိုင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်တာကြောင့် Star Award ဆုကို ထိုက်တန်စွာ ရရှိထားသူတစ်ယောက်ပါ။

မေမြင့်မိုရ်ဟာ လက်ရှိမှာတော့ မျက်စိကျန်းမာရေးမကောင်းတာကြောင့် အချိန်ပေးပြီးဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ မျက်စိပါဝါ အားနည်းတာကြောင့် နည်းနည်းလေးဝေးရင်တောင်မမြင်ရဘဲ ရင်းနှီးတဲ့သူတွေနဲ့တွေ့ရင်တောင် မခေါ်ချင်လို့ ချေသွားတယ်ဆိုပြီးထင်တာကို ခံနေရသူတစ်ယောက်ပါ။ အဝေးမှုန်ပါဝါက (၃၀၀) ဆိုတော့ ဆေးကုသမှုခံယူနေရပြီး ဒီရက်ပိုင်း ဖုန်းသိပ်မသုံးဖြစ်ဘဲ မျက်လုံးလေးအနားယူနေရတယ်လို့လည်း သိရပါတယ်။

မေမြင့်မိုရ်ဟာ မျက်မှန်ရော မျက်ကပ်မှန်ပါမတပ်ဘဲ ကားမောင်းတဲ့အချိန်ပဲ မျက်မှန်တပ်ဖြစ်တော့ မျက်လုံးပါဝါတွေက တဖြည်းဖြည်းနဲ့ပိုတက် မျက်ကြောတွေကလဲကိုက်တာကြောင့် ဆေးကုသမှုခံယူနေရတဲ့ အကြောင်းကို” မေ့မျက်လုံးလေဆာမပစ်ခင်ရက်ပိုင်းအလိုမှာတော့ IQ Vision ဦးချစ်မောင်အိမ်ရာမှာမျက်လုံးသေချာစစ်ဆေးတယ် စစ်ဆေးတာကတော့ ၃,၄နာရီလောက်ကြာပါတယ် စစ်ဆေးပြီး Result ကမျက်လုံးလေဆာပစ်လို့ရတဲ့အချက်အလက်တွေအောင်မြင်သွားရင်တော့ နောက်ရက်ပင်လုံဆေးရုံကIQ Vision မှာ မျက်စိဆရာဝန်ကြီး Dr.ခင်ဥမ္မာခိုင်နဲ့ မျက်စိလေဆာပစ်ပါတယ် အခုတော့မျက်လုံးလေးကကြည်ကြည်နဲ့ပြန်မြင်နေရနေပြီဆိုတော့စိတ်ချမ်းသာပြီးအရမ်းကိုပျော်နေပါပြီ”လို့ မေမြင့်မိုရ်ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သိခဲ့ရတာကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်…
Source:May Myint Mo
ချစ်သဲမေ @CeleGabar