(၂၀၁၉)မွာထပ္မံထြက္ရွိလာဦးမဲ့ မင္းသားေခ်ာ Song Seung-heon ရဲ႕ရုပ္သံဇာတ္လမ္းတြဲအသစ္

မင္းသားေခ်ာ Song Seung-heon ကို “ေဆာင္းဦးရြက္ေၾကြခ်စ္သက္ေသ” ဇာတ္လမ္းတြဲမွာ ဂၽြန္ေစာအေနနဲ႔စတင္သိခဲ့ၾကတာပါ။ဒီဇာတ္ကားကေနစျပီးေတာ့ ေအာင္ျမင္မွု အရွိန္ျမင့္လာခဲ့တဲ့ မင္းသားဟာ အခုဆိုရင္ေတာင္ကိုရီးယားရဲ႕ထိပ္တန္းမင္းသားတစ္ဦးျဖစ္လို႔ေနပါျပီ။ Song Seung-heon ဟာ ျမန္မာပရိသတ္ေတြအခ်စ္ခင္ခံရဆံုးမင္းသားေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။


အခုဆိုရင္အသက္(၄၂)ႏွစ္ရွိျပီျဖစ္ေသာ္လည္းအသက္အရြယ္နဲ႔မလိုက္ေအာင္ႏုပ်ိဳေနေသးတဲ့မင္းသားဟာ ပ်ိဳေမတို႔ရဲ႕အသည္းစြဲ “ ဦး” အျဖစ္နဲ႔ပရိသတ္ကိုဖမ္းစားေနတုန္းပါပဲ။ (၂၀၁၈) ခုႏွစ္မွာ “တရားသျဖင့္စီရင္ေသာ” ဆိုတဲ့ မွုခင္းအက္ရွင္ဒရမ္မာဇာတ္လမ္းတြဲ ထြက္ရွိခဲ့ပါတယ္။ ဒီဇာတ္လမ္းကိုလူၾကိဳက္မ်ားခဲ့ျပီး ေနာက္ထပ္ထြက္ရွိမဲ့ဒရမ္မာကိုလည္းပရိသတ္ေတြက ေမ်ွာ္လင့္ေနခဲ့ၾကတာပါ။
ေမ်ွာ္လင့္ထားတဲ့အတိုင္းSong Seung-heon ရဲ႕ဇာတ္လမ္းတြဲအသစ္ျဖစ္တဲ့ “The Great Show” ကို ၾသဂုတ္လ (၂၆)ရက္ေန႔တနလၤာေန႔မွာ tvN ရုပ္သံလိုင္းကေန စတင္ထုတ္လႊင့္ျပသေတာ့မွာပါ။


ဒီဇာတ္လမ္းတြဲဟာႏိုင္ငံေရးအေၾကာင္းရိုက္ကူးထားတဲ့ ဒရမ္မာဇာတ္လမ္းတြဲတစ္ခုျဖစ္ျပီးေတာ့ အပိုင္း(၁၆)ပိုင္းပါ၀င္မွာပါ။ဒီဇာတ္လမ္းမွာ Song Seung-heon ဟာ မင္းသမီးေခ်ာ Lee Sun Bin နဲ႔အတူတြဲျပီးသရုပ္ေဆာင္ထားတာပါ။ Song Seung-heon ကို ဥပေဒျပဳအမတ္ေဟာင္း တစ္ေယာက္အေနနဲ႔ေတြ႔ျမင္ရမွာပါ။ အမတ္ေဟာင္းတစ္ေယာက္ျဖစ္ျပီး အမတ္အျဖစ္ျပန္လည္ေရြးခ်ယ္ခံရဖို႔ၾကိဳးစားရာမွာ မထင္မွတ္ထားတဲ့အရွုပ္အေထြးေတြနဲ႔ ေတြ႔ရတဲ့အေၾကာင္းကိုစိတ္၀င္စားဖြယ္ရိုက္ကူးထားတာပါ။ေတာင္ကိုရီးယားမွာထုတ္လႊင့္ျပီးသိပ္မၾကာခင္မွာပဲျမန္မာပရိတ္သတ္ေတြဆီေရာက္ရွိလာမွာေတာ့အေသအခ်ာပါပဲ။ဒီဇာတ္ကားရဲ႕အျမည္းေလးကို
Cele Gabar ပရိသတ္ေတြကို ျပန္လည္မ်ွေ၀လိုက္ပါတယ္။

ဦးရဲ႕ပရိသတ္ေတြကေတာ့ေပ်ာ္ေနေတာ့မယ္ထင္ပါရဲ႕…
Source:Hancinema
Sweet@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၂၀၁၉)မှာထပ်မံထွက်ရှိလာဦးမဲ့ မင်းသားချော Song Seung-heon ရဲ့ရုပ်သံဇာတ်လမ်းတွဲအသစ်
မင်းသားချော Song Seung-heon ကို “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ဇာတ်လမ်းတွဲမှာ ဂျွန်စောအနေနဲ့စတင်သိခဲ့ကြတာပါ။ဒီဇာတ်ကားကနေစပြီးတော့ အောင်မြင်မှု အရှိန်မြင့်လာခဲ့တဲ့ မင်းသားဟာ အခုဆိုရင်တောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသားတစ်ဦးဖြစ်လို့နေပါပြီ။ Song Seung-heon ဟာ မြန်မာပရိသတ်တွေအချစ်ခင်ခံရဆုံးမင်းသားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။


အခုဆိုရင်အသက်(၄၂)နှစ်ရှိပြီဖြစ်သော်လည်းအသက်အရွယ်နဲ့မလိုက်အောင်နုပျိုနေသေးတဲ့
မင်းသားဟာ ပျိုမေတို့ရဲ့အသည်းစွဲ “ ဦး” အဖြစ်နဲ့ပရိသတ်ကိုဖမ်းစားနေတုန်းပါပဲ။ (၂၀၁၈) ခုနှစ်မှာ “တရားသဖြင့်စီရင်သော” ဆိုတဲ့ မှုခင်းအက်ရှင်ဒရမ်မာဇာတ်လမ်းတွဲ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကိုလူကြိုက်များခဲ့ပြီး နောက်ထပ်ထွက်ရှိမဲ့ဒရမ်မာကိုလည်းပရိသတ်တွေက မျှော်လင့်နေခဲ့ကြတာပါ။မျှော်လင့်ထားတဲ့အတိုင်းSong Seung-heon ရဲ့ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ “The Great Show” ကို သြဂုတ်လ (၂၆)ရက်နေ့တနင်္လာနေ့မှာ tvN ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ပြသတော့မှာပါ။


ဒီဇာတ်လမ်းတွဲဟာနိုင်ငံရေးအကြောင်းရိုက်ကူးထားတဲ့ ဒရမ်မာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီးတော့ အပိုင်း(၁၆)ပိုင်းပါဝင်မှာပါ။ဒီဇာတ်လမ်းမှာ Song Seung-heon ဟာ မင်းသမီးချော Lee Sun Bin နဲ့အတူတွဲပြီးသရုပ်ဆောင်ထားတာပါ။ Song Seung-heon ကို ဥပဒေပြုအမတ်ဟောင်း တစ်ယောက်အနေနဲ့တွေ့မြင်ရမှာပါ။ အမတ်ဟောင်းတစ်ယောက်ဖြစ်ပြီး အမတ်အဖြစ်ပြန်လည်ရွေးချယ်ခံရဖို့ကြိုးစားရာမှာ မထင်မှတ်ထားတဲ့အရှုပ်အထွေးတွေနဲ့ တွေ့ရတဲ့အကြောင်းကိုစိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပါ။တောင်ကိုရီးယားမှာထုတ်လွှင့်ပြီးသိပ်မကြာခင်မှာပဲမြန်မာပရိတ်သတ်တွေဆီရောက်ရှိလာမှာတော့အသေအချာပါပဲ။ဒီဇာတ်ကားရဲ့အမြည်းလေးကို
Cele Gabar ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
ဦးရဲ့ပရိသတ်တွေကတော့ပျော်နေတော့မယ်ထင်ပါရဲ့…

error: Content is protected !!