




Source:cnbc
Sweet@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဘီလျံချီဝင်ငွေရဇာတ်ကားအများဆုံးထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ်ထိပ်ဆုံးမှာရှိနေတဲ့ Disney
Disney ကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့ “Toy Story 4” ဟာ အမေရိကန်ဒေါ်လာ(၁)ဘီလျံကျော်ဝင်ငွေ ရခဲ့တယ်လို့ ကြသပတေးနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။“Toy Story 4” ကို ဇွန်လမှာ ရုံတင်ခဲ့တာဖြစ်ပြီး “Toy Story” ဇာတ်ကားတွေထဲမှာဝင်ငွေအများဆုံးရခဲ့တာလည်းဖြစ်ပါတယ်။


“Toy Story 4” အပြင် (၂၀၁၉)ခုနှစ်အတွင်းမှာ Disney ကထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေ ဖြစ်တဲ့ “Aladdin”, “Avengers:Endgame”, “The Lion King” နဲ့ “Captain Marvel”စတဲ့ ဇာတ်ကားတွေဟာလည်း (၁)ဘီလျံကျော်ဝင်ငွေရခဲ့ပါတယ်။ Avengers:Endgame ဟာဆိုရင် ပရိသတ်တွေရဲ့အားပေးမှုနဲ့ဝင်ငွေအများဆုံးရုပ်ရှင်ဇာတ်ကားနေရာကိုရယူနိုင်တဲ့အထိအောင်မြင်ခဲ့တာပါ။ထုတ်လုပ်သမျှဇာတ်ကားတိုင်း ဒေါ်လာ(၁)ဘီလျံကျော်ရဖို့ဆိုတာ တကယ့်ကိုကြုံတောင့်ကြုံခဲဖြစ်ပါတယ်။


ရုပ်ရှင်ကားကောင်းတွေချည်း ထုတ်လုပ်ဖန်တီးလေ့ရှိတဲ့ Disneyအတွက်တော့ ဒီလိုအောင်မြင်မှုမျိုးရရှိတာဟာ သိပ်တော့မဆန်းလှပါဘူး။စက်တင်ဘာလမရောက်သေးပေမဲ့ လက်ရှိအချိန်မှာ ဒေါ်လာ(၈)ဘီလျံကျော် ဝင်ငွေရရှိနေပြီဖြစ်ပါတယ်။ Disney အတွက်တော့ စံချိန်များစွာချိုးခဲ့တဲ့ရွှေနှစ်တစ်နှစ်လို့ဆိုရမှာပါ…။
Source:cnbc

error: Content is protected !!