” ေငြစကၠဴ( ၇ )ရြက္ဇာတ္ဝင္ခန္းတစ္ခ်ိဳ့မွာ လက္ေတြထံုလာတဲ့ထိ မိုးေရထဲ ရုိက္ကူးခဲ့ရတယ္ဆိုတဲ့ ေရဝတီေလး “

နန္းစႏၵာလွထြန္းကေတာ့ Miss Myanmar World (2015) Second Runner Up အလွမယ္တစ္ဦးျဖစ္ခဲ့ၿပီး ပရိသတ္ေတြ ႏွစ္ၿခိဳက္အားေပးရတဲ့ MRTV-(4) ဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။မည္သည့္ဇာတ္လမ္းတြဲမဆို က်ရာဇာတ္ရုပ္ကို ပီပီျပင္ျပင္နဲ႕ သဘာဝက်က်သရုပ္ေဆာင္ႏုိင္တဲ့ မင္းသမီးေလးျဖစ္ၿပီး ရွမ္းတိုင္းရင္းသူေလးတစ္ဦးလည္း ျဖစ္ပါတယ္။သူမစတင္ရုိက္ကူးခဲ့တဲ့ ဇာတ္လမ္းတြဲကေတာ့ “ပဥၥလက္ရြာ” ဇာတ္လမ္းတြဲ ျဖစ္ၿပီး ထိုဇာတ္လမ္းကို နယ္ပရိသတ္ေတြသာမက ရန္ကုန္ပရိသတ္ေတြကပါ သေဘာက်ခဲ့ၾကၿပီး ထိုဇာတ္လမ္းတြဲက ဇာတ္ေကာင္နာမည္ကို အစြဲဲျပဳၿပီး ပရိသတ္ေတြက “ေရဝတီ”လို႕ ခ်စ္စႏုိးနဲ႕ ေခၚေဝၚေလ့ရွိၾကတာပဲ ျဖစ္ပါတယ္။

နာမည္ေက်ာ္ဆရာမႀကီး စႏၵာရဲ႕ ဝတၳဳ ကို ျပန္လည္ရိုက္ကူးထားတဲ့ “အရိပ္” မွာလည္း နာစ့္ဆရာမေလး “သက္သက္ “အျဖစ္နဲ႕ ပရိသတ္ေတြ ထပ္မံၿပီး အားေပးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ေနာက္ထပ္ ဇာတ္လမ္းတြဲ တစ္ခုျဖစ္တဲ့ ” ဝကၤပါရွင္းတမ္း ” ဇာတ္လမ္းတြဲမွာ ” ဟန္နီ” ဆိုတဲ့ ဇာတ္ေကာင္ အျဖစ္နဲ႕ ပီျပင္စြာ သရုပ္ေဆာင္ႏုိင္ခဲ့တဲ့ မင္းသမီးေလး ပဲ ျဖစ္ၿပီး သူမ ပရိသတ္ေတြနဲ႕လည္း လက္ပြန္းတတီး ရွိကာ သူမရဲ့ We Love ေတြနဲ့အတူ အလွဴအတန္းမ်ားစြာ ျပဳလုပ္တတ္သူေလးလို႕ဆိုႏုိင္ပါတယ္။မၾကာေသးမီက MRTV-(4) မွာ ျပသၿပီးစီးခဲ့တဲ့ ေငြစကၠဴ(၇)ရြက္ ဇာတ္လမ္းတြဲမွာလည္း “သရဖီ” ဆိုတဲ့ဇာတ္ေကာင္ေလးနဲ႕ ပရိသတ္ကို ဆြဲေဆာင္ႏုိင္ခဲ့သူေလး ျဖစ္ပါတယ္။ ေငြစကၠဴ ၇ ရြက္ဇာတ္ဝင္ခန္းတစ္ခ်ိဳ့ နဲ႕ပတ္သက္ၿပီး ” မွတ္မိပါေသးတယ္ အဲ့ဒီေန႔က … မိုးရြာတာ႐ိုက္တဲ့ Scene ေလး … ည ၉ နာရီေလာက္ကေန မနက္ ၅:၃၀ ေလာက္ထိ မိုးေရဆိုလိုက္ ႐ိုက္ခါနီးေျခာက္သလိုျဖစ္သြားရင္ ေရျပန္ေလာင္းလိုက္ နဲ႔ ရာသီဥတုကလည္း ေအးတဲ့အခ်ိန္ဆိုေတာ့ ေတာ္ေတာ္ေလးေတာ့အမွတ္တရပဲ … ႐ိုက္ေနရင္း ၿပီးခါနီးေနာက္ဆံုး card မွာ ဘယ္ဖက္လက္တစ္ခုလံုး ထံုလာၿပီး ဘာမွမခံစားရေတာ့လို႔ ကိုယ့္ကို ဆြဲဆြဲဆိတ္ၿပီး ငိုလိုက္ရတာမွတ္မိေသးတယ္။

အဲ့တုန္းကေတာ့လန္႔ၿပီး ဆြဲဆိတ္တာ ၿပီးေတာ့ အမာရြတ္ က်န္လို႔ .. ၿပီးေတာ့ေဆးသြင္းလိုက္ရတယ္ ။ အမွတ္တရေတြအမ်ားႀကီးပါ ေငြစကၠဴ (၇ )ရြက္ ယံုၾကည္ပါတယ္ ဒီဇာတ္လမ္းကေန မွတ္သားစရာေတြရလိုက္မယ္လို႔ … ေက်းဇူးတင္စကားေတြ စာစီဖြဲ႕ကံုးေျပာခ်င္ေပးမယ့္ မေျပာတတ္လို႔ နားလည္ေပးပါ … တစ္ကယ္ပါ စ႐ိုက္ကတည္းကေန ယခုျပသၿပီးသြားတဲ့အခ်ိန္ထိ သက္ဆိုင္သူမ်ားအားလံုးႏွင့္ ဖန္သားျပင္ေနာက္ကြယ္ကေနေရာ ပါဝင္ပတ္သတ္ခဲ့တဲ့သူတတစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို ေက်းဇူးတင္ပါတယ္ရွင့္။ အၿမဲတမ္းမပ်က္ အားေပးၾကည့္႐ူၾကသူေရာေက်းဇူးအထူးပါ … ေနာက္ထပ္ မတူတဲ့ Character အသစ္နဲ႔ ပရိတ္သတ္ေရွ႕ကို ထပ္ေရာက္လာႏိုင္ေအာင္ ႀကိဳးစားသြားမွာပါ ။ခ်စ္တဲ့ သရဖီ ” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ရုိက္ကြင္းပံုရိပ္မ်ားနဲ႕အတူ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ကာရုိက္တာအေပၚ သဘာဝက်ေအာင္ အျမဲႀကိဳးစားပံုေဖာ္ရုိက္ကူးတတ္တဲ့ ေရဝတီေလးကိ္ုခ်စ္ရင္ မွတ္ခ်က္တစခုခုေပးခဲ့ပါဦးေနာ္။

Source : Nan Sandar Hla Htun
Shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ငွေစက္ကူ( ၇ )ရွက်ဇာတ်ဝင်ခန်းတစ်ချို့မှာ လက်တွေထုံလာတဲ့ထိ မိုးရေထဲ ရိုက်ကူးခဲ့ရတယ်ဆိုတဲ့ ရေဝတီလေး ”

နန်းစန္ဒာလှထွန်းကတော့ Miss Myanmar World (2015) Second Runner Up အလှမယ်တစ်ဦးဖြစ်ခဲ့ပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးရတဲ့ MRTV-(4) ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။မည်သည့်ဇာတ်လမ်းတွဲမဆို ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးဖြစ်ပြီး ရှမ်းတိုင်းရင်းသူလေးတစ်ဦးလည်း ဖြစ်ပါတယ်။သူမစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲ ဖြစ်ပြီး ထိုဇာတ်လမ်းကို နယ်ပရိသတ်တွေသာမက ရန်ကုန်ပရိသတ်တွေကပါ သဘောကျခဲ့ကြပြီး ထိုဇာတ်လမ်းတွဲက ဇာတ်ကောင်နာမည်ကို အစွဲပြုပြီး ပရိသတ်တွေက “ရေဝတီ”လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်ဆရာမကြီး စန္ဒာရဲ့ ဝတ္ထု ကို ပြန်လည်ရိုက်ကူးထားတဲ့ “အရိပ်” မှာလည်း နာစ့်ဆရာမလေး “သက်သက် “အဖြစ်နဲ့ ပရိသတ်တွေ ထပ်မံပြီး အားပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” ဝင်္ကပါရှင်းတမ်း ” ဇာတ်လမ်းတွဲမှာ ” ဟန်နီ” ဆိုတဲ့ ဇာတ်ကောင် အဖြစ်နဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ပဲ ဖြစ်ပြီး သူမ ပရိသတ်တွေနဲ့လည်း လက်ပွန်းတတီး ရှိကာ သူမရဲ့ We Love တွေနဲ့အတူ အလှူအတန်းများစွာ ပြုလုပ်တတ်သူလေးလို့ဆိုနိုင်ပါတယ်။မကြာသေးမီက MRTV-(4) မှာ ပြသပြီးစီးခဲ့တဲ့ ငွေစက္ကူ(၇)ရွက် ဇာတ်လမ်းတွဲမှာလည်း “သရဖီ” ဆိုတဲ့ဇာတ်ကောင်လေးနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။ ငွေစက္ကူ ၇ ရွက်ဇာတ်ဝင်ခန်းတစ်ချို့ နဲ့ပတ်သက်ပြီး ” မှတ်မိပါသေးတယ် အဲ့ဒီနေ့က … မိုးရွာတာရိုက်တဲ့ Scene လေး … ည ၉ နာရီလောက်ကနေ မနက် ၅:၃၀ လောက်ထိ မိုးရေဆိုလိုက် ရိုက်ခါနီးခြောက်သလိုဖြစ်သွားရင် ရေပြန်လောင်းလိုက် နဲ့ ရာသီဥတုကလည်း အေးတဲ့အချိန်ဆိုတော့ တော်တော်လေးတော့အမှတ်တရပဲ … ရိုက်နေရင်း ပြီးခါနီးနောက်ဆုံး card မှာ ဘယ်ဖက်လက်တစ်ခုလုံး ထုံလာပြီး ဘာမှမခံစားရတော့လို့ ကိုယ့်ကို ဆွဲဆွဲဆိတ်ပြီး ငိုလိုက်ရတာမှတ်မိသေးတယ်။

အဲ့တုန်းကတော့လန့်ပြီး ဆွဲဆိတ်တာ ပြီးတော့ အမာရွတ် ကျန်လို့ .. ပြီးတော့ဆေးသွင်းလိုက်ရတယ် ။ အမှတ်တရတွေအများကြီးပါ ငွေစက္ကူ (၇ )ရွက် ယုံကြည်ပါတယ် ဒီဇာတ်လမ်းကနေ မှတ်သားစရာတွေရလိုက်မယ်လို့ … ကျေးဇူးတင်စကားတွေ စာစီဖွဲ့ကုံးပြောချင်ပေးမယ့် မပြောတတ်လို့ နားလည်ပေးပါ … တစ်ကယ်ပါ စရိုက်ကတည်းကနေ ယခုပြသပြီးသွားတဲ့အချိန်ထိ သက်ဆိုင်သူများအားလုံးနှင့် ဖန်သားပြင်နောက်ကွယ်ကနေရော ပါဝင်ပတ်သတ်ခဲ့တဲ့သူတွေ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။ အမြဲတမ်းမပျက် အားပေးကြည့်ရူကြသူရောကျေးဇူးအထူးပါ … နောက်ထပ် မတူတဲ့ Character အသစ်နဲ့ ပရိတ်သတ်ရှေ့ကို ထပ်ရောက်လာနိုင်အောင် ကြိုးစားသွားမှာပါ ။ချစ်တဲ့ သရဖီ ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရိုက်ကွင်းပုံရိပ်များနဲ့အတူ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ကာရိုက်တာအပေါ် သဘာဝကျအောင် အမြဲကြိုးစားပုံဖော်ရိုက်ကူးတတ်တဲ့ ရေဝတီလေးကိုချစ်ရင် မှတ်ချက်တစခုခုပေးခဲ့ပါဦးနော်။

Source : Nan Sandar Hla Htun
Shwe Poe @CeleGabar

error: Content is protected !!