



Source: Moe Yu San

DarDar@CeleGabar

ယူနီကုဒ်ဖြင့်ဖတ်ရန်

“သားသားလေးရဲ့ မွေးနေ့အလှူအဖြစ် ပါချုပ်ဆရာတော်ဘုရားကြီးအား မိသားစုလိုက် အလှူငွေတွေလှူဒါန်းခဲ့တဲ့ မိုးယုစံတို့မိသားစု”

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း ကတည်းက အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ကိုယ်လုံးကိုယ်ပေါက်လှပပြီး မျက်နှာလေးကလည်း ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူလည်းဖြစ်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ မောင်ကောင်းသိင်္ခမိုးသူ(Austin) လေးကိုပိုင်ဆိုင်ထားပါပြီး ချစ်သားလေးဟာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရရှိထားပါသေးတယ်။

သူမကတော့ ချစ်စရာကောင်းတဲ့ သားသားလေးနဲ့ မိသားစုပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက် စာမျက်နာမှ မျှဝေလေ့ရှိသူလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သားသားလေးရဲ့ (၂)နှစ်ပြည့်မွေးနေ့အကြိုအလှူအဖြစ် ရေးဘေးသင့်ပြည့်သူအများအတွက် ကျပ်ငွေ(၆)သိန်းအားလှူဒါန်းခဲ့ပါသေးတယ်။

လက်ရှိမှာလည်း သားသားမွေးနေ့အတွက် ပါချုပ်ဆရာတော်ဘုရားကြီးအား မိသားစုလိုက် အလှူငွေ(၂)သိန်းကျပ်တိတိလှူဒါန်ခဲ့တာကို”သားသားမွေးနေ့အတွက် ပါချုပ်ဆရာတော်ဘုရား အားအလှူငွေ (၂)သိန်းလှူဒါန်း”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ မိုးယုစံတို့ မိသားစုလေးရဲ့ အလှူလေးကိုသာဓုခေါ်သွားကြဦးနော်။

error: Content is protected !!