” သားသားမီးမီး(၄)ေယာက္နဲ႕အတူ ေယာဂက်င့္ေနတဲ့ ႏုိင္းႏုိင္း “

ျပည္သူအခ်စ္ေတာ္ သ႐ုပ္ေဆာင္ႏိုင္းႏိုင္းဟာ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး က်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ ခံ့ညားတဲ့သြင္ျပင္နဲ႔ ေယာက်ာ္းပီသတဲ့ အရပ္အေမာင္းေဘာ္ဒီေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြသာမက ေယာက်ာ္းေလးပရိသတ္ေတြပါလက္ခံအားေပးျခင္းခံရတဲ့ မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။

ႏိုင္းႏိုင္းကေတာ့ ခ်စ္စရာေကာင္းၿပီး ေခ်ာေမာတဲ့ ဇနီးေခ်ာေလးကိုပိုင္ဆိုင္ထားၿပီး သားသမီး (၄)ေယာက္နဲ႔ ေပ်ာ္႐ႊင္သာယာတဲ့မိသားစုကိုရရွိပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ထို ႔အတူ ခ်စ္စရာေကာင္းတဲ႕ သားသမီး (၄)ေယာက္နဲ႔ ဇနီးကေတာ့ ႏိုင္ငံျခားမွာအေျခခ်ေနထိုင္တာ ျဖစ္ၿပီး သူ ႔ရဲ႕ အႏုပညာအလုပ္ေတြအားလပ္ခ်ိန္မွာ သူ ႔ရဲ႕မိသားစုဆီသို ႔ သြားေရာက္ကာ အားလပ္ခ်ိန္ေတြကို ကုန္ဆုံးေလ့ရွိတာပဲ ျဖစ္ပါတယ္။သူ ႔ရဲ႕ သားသားမီးမီး(၄)ေယာက္ ကို နံပါတ္စဥ္လိုက္ ခ်စ္စႏိုးနဲ႔ နံပါတ္စဥ္လိုက္ ရဲေဘာ္ေတြလို႔ေခၚေလ့ရွိတာပဲ ျဖစ္ပါတယ္။

လက္တေလာမွာေတာ့ သူမိသားစုရွိရာ ႏိုင္ငံျခားသို႔ ေရာက္ရွိကာ သားသားမီးမီး(၄)ေယာက္နဲ႔အတူ ေပ်ာ္႐ႊင္စရာအခ်ိန္ေလးေတြကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ေရာက္ရွိခ်ိန္ကစတင္ၿပီး သူ ႔ ရဲ႕ ရဲေဘာ္(၄)ေယာက္နဲ႕အတူ Live ေတြအျပင္ ဗီဒီယိုေလးေတြလည္း တင္ေလ့ရွိကာ လက္ရွိမွာေတာ့ က်န္းမာေရးအတြက္ ေယာဂေလ့က်င့္ခန္းမ်ားကို သူ႕ရဲ႕ သားသားမီးမီး(၄)ေယာက္နဲ႕အတူ ေလ့က်င့္ခန္းလုပ္ေနတဲ့ ဗီဒီယိုဖိုင္ေလးကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ႏုိင္းႏုိင္းတို႕မိသားစုေလးကိုၾကည့္ၿပီး အားေပးခ်စ္ခင္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source: Actor 99
Shwe Poe@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” သားသားမီးမီး(၄)ယောက်နဲ့အတူ ယောဂကျင့်နေတဲ့ နိုင်းနိုင်း ”

ပြည်သူအချစ်တော် သရုပ်ဆောင်နိုင်းနိုင်းဟာ ဆယ်စုနှစ်တစ်ခုကြာအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ခံ့ညားတဲ့သွင်ပြင်နဲ့ ယောကျာ်းပီသတဲ့ အရပ်အမောင်းဘော်ဒီတွေကြောင့် မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါလက်ခံအားပေးခြင်းခံရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းကတော့ ချစ်စရာကောင်းပြီး ချောမောတဲ့ ဇနီးချောလေးကိုပိုင်ဆိုင်ထားပြီး သားသမီး (၄)ယောက်နဲ့ ပျော်ရွှင်သာယာတဲ့မိသားစုကိုရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ထို့အတူ ချစ်စရာကောင်းတဲ့ သားသမီး (၄)ယောက်နဲ့ ဇနီးကတော့ နိုင်ငံခြားမှာအခြေချနေထိုင်တာ ဖြစ်ပြီး သူ့ရဲ့ အနုပညာအလုပ်တွေအားလပ်ချိန်မှာ သူ့ရဲ့မိသားစုဆီသို့ သွားရောက်ကာ အားလပ်ချိန်တွေကို ကုန်ဆုံးလေ့ရှိတာပဲ ဖြစ်ပါတယ်။သူ့ရဲ့ သားသားမီးမီး(၄)ယောက် ကို နံပါတ်စဉ်လိုက် ချစ်စနိုးနဲ့ နံပါတ်စဉ်လိုက် ရဲဘော်တွေလို့ခေါ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

လက်တလောမှာတော့ သူမိသားစုရှိရာ နိုင်ငံခြားသို့ ရောက်ရှိကာ သားသားမီးမီး(၄)ယောက်နဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ရောက်ရှိချိန်ကစတင်ပြီး သူ့ ရဲ့ ရဲဘော်(၄)ယောက်နဲ့အတူ Live တွေအပြင် ဗီဒီယိုလေးတွေလည်း တင်လေ့ရှိကာ လက်ရှိမှာတော့ ကျန်းမာရေးအတွက် ယောဂလေ့ကျင့်ခန်းများကို သူ့ရဲ့ သားသားမီးမီး(၄)ယောက်နဲ့အတူ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း နိုင်းနိုင်းတို့မိသားစုလေးကိုကြည့်ပြီး အားပေးချစ်ခင်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Actor 99
Shwe Poe@CeleGabar

error: Content is protected !!