ထြက္ရွိျပီးခ်င္း (၂၄)နာရီမျပည္႕ခင္မွာပဲ Ituneရဲ႕Top(1) ေနရာေရာက္ရွိသြားတဲ့ Taylorရဲ႕ သီခ်င္းသစ္

Taylor Swift ကေတာ့ (၁၉၉၀- ၁၉၉၅) ခုနွစ္ဖြား လူငယ္ပရိသတ္ေတြ ၾကိဳက္နွစ္သက္ခဲ့ရတဲ့ အေမရိကန္ အဆိုေတာ္မေလး ျဖစ္ျပီး သူမ အသက္(၁၄) နွစ္ကတည္းက country music ဂီတအမ်ိဳးအစား သီခ်င္းမ်ားကို သီဆိုခဲ့ျပီး (၂၀၀၉) ခုနွစ္မွာေတာ့ ကမာၻေက်ာ္တဲ့ထိ စတင္ လူသိမ်ားေအာင္ျမင္လာခဲ့ေစတာပါ။ လက္ရွိမွာေတာ့ ေပါ့ခ္ ဂီတ အမ်ိဳးအစားကို သီဆိုသူ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ျပင္ Grammy Awards ဂီတဆု(၁၀) ဆု၊ American Music Awards (၂၃) ဆု ၊ Billboard Music Awards (၂၃)ဆု, Country Music Association Award (၁၂) ဆု တို႕အျပင္အျခားေသာ ဂီတဆိုင္ရာ ဆုတံဆိပ္မ်ားစြာ ရရွိထားသူလည္းျဖစ္ပါတယ္။

သူမရဲ႕ ဂီတ သက္တမ္းတေလ်ာက္ Fearless Tour (2009–2010) ၊ Speak Now World Tour (2011–2012) ၊ The Red Tour (2013–2014)၊ The 1989 World Tour (2015) နဲ႕ Reputation Stadium Tour (2018) စသျဖင့္ ကမာၻ႕ပတ္လွည္႕လည္ ေဖ်ာ္ေျဖမႈ Tour Concert စုစုေပါင္း(၅) ပြဲ ျပဳလုပ္ခဲ့ျပီး သူမရဲ႕ ထြက္ရွိခဲ့တဲ့ သီခ်င္းေတာ္ေတာ္မ်ားမ်ား ဟာ Billboard နဲ႕ iTune တို႕လို Music Chart ေတြမွာ နံပါတ္ (၁) အျဖစ္ ေနရာယူထားနိုင္ခဲ့ပါတယ္။

လူၾကိဳက္အမ်ားဆံုးနဲ႕ နံပါတ္(၁) ေနရာ ရယူထားနိုင္တဲ့ သူမရဲ႕သီခ်င္း အပုဒ္ေရေပါင္း (၃၅) ပုဒ္ရွိခဲ့ျပီး ၾသဂုတ္လ(၁၅) ရက္ေန႕မွာ ထြက္ရွိခဲ့တဲ့ ရဲ႕ သီခ်င္းသစ္ျဖစ္တဲ့ ” Lover” ဟာလည္း ထြက္ရွိျပီးခ်င္း (၂၄)နာရီမျပည္႕ခင္မွာပဲ Ituneရဲ႕Top(1) ေနရာေရာက္ရွိသြားခဲ့ျပီး သူမရဲ႕ ေအာင္ျမင္မႈ နဲ႕ ပရိသတ္အား အရွိန္အဟုန္ကေတာ့ တကယ့္ကို အံမခန္းလို႕ ဆိုရမွာပါ။ သူမရဲ႕ ” Lover” သီခ်င္း အယ္လ္ဘမ္မွာ ပါ၀င္တဲ့ သီခ်င္း အပုဒ္ေရ နဲ႕ သီခ်င္းနာမည္ စုစုေပါင္းကိုလည္း ခ်ျပခဲ့ျပီး လက္ရွိမွာ ပူပူေနြးေနြး ထြက္ရွိထားတဲ့ သူမရဲ႕ ” Lover” သီခ်င္းေလးကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

 

 

 

Source: youtube & itune
Khin Mi Mi@CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

ထွက်ရှိပြီးချင်း (၂၄)နာရီမပြည့်ခင်မှာပဲ Ituneရဲ့Top(1) နေရာရောက်ရှိသွားတဲ့ Taylorရဲ့ သီချင်းသစ်

Taylor Swift ကတော့ (၁၉၉၀- ၁၉၉၅) ခုနှစ်ဖွား လူငယ်ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ရတဲ့ အမေရိကန် အဆိုတော်မလေး ဖြစ်ပြီး သူမ အသက်(၁၄) နှစ်ကတည်းက country music ဂီတအမျိုးအစား သီချင်းများကို သီဆိုခဲ့ပြီး (၂၀၀၉) ခုနှစ်မှာတော့ ကမ္ဘာကျော်တဲ့ထိ စတင် လူသိများအောင်မြင်လာခဲ့စေတာပါ။ လက်ရှိမှာတော့ ပေါ့ခ် ဂီတ အမျိုးအစားကို သီဆိုသူ အဆိုတော် တစ်ယောက်ဖြစ်တဲ့ပြင် Grammy Awards ဂီတဆု(၁၀) ဆု၊ American Music Awards (၂၃) ဆု ၊ Billboard Music Awards (၂၃)ဆု, Country Music Association Award (၁၂) ဆု တို့အပြင်အခြားသော ဂီတဆိုင်ရာ ဆုတံဆိပ်များစွာ ရရှိထားသူလည်းဖြစ်ပါတယ်။

 

သူမရဲ့ ဂီတ သက်တမ်းတလျောက် Fearless Tour (2009–2010) ၊ Speak Now World Tour (2011–2012) ၊ The Red Tour (2013–2014)၊ The 1989 World Tour (2015) နဲ့ Reputation Stadium Tour (2018) စသဖြင့် ကမ္ဘာ့ပတ်လှည့်လည် ဖျော်ဖြေမှု Tour Concert စုစုပေါင်း(၅) ပွဲ ပြုလုပ်ခဲ့ပြီး သူမရဲ့ ထွက်ရှိခဲ့တဲ့ သီချင်းတော်တော်များများ ဟာ Billboard နဲ့ iTune တို့လို Music Chart တွေမှာ နံပါတ် (၁) အဖြစ် နေရာယူထားနိုင်ခဲ့ပါတယ်။

လူကြိုက်အများဆုံးနဲ့ နံပါတ်(၁) နေရာ ရယူထားနိုင်တဲ့ သူမရဲ့သီချင်း အပုဒ်ရေပေါင်း (၃၅) ပုဒ်ရှိခဲ့ပြီး သြဂုတ်လ(၁၅) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ရဲ့ သီချင်းသစ်ဖြစ်တဲ့ ” Lover” ဟာလည်း ထွက်ရှိပြီးချင်း (၂၄)နာရီမပြည့်ခင်မှာပဲ Ituneရဲ့Top(1) နေရာရောက်ရှိသွားခဲ့ပြီး သူမရဲ့ အောင်မြင်မှု နဲ့ ပရိသတ်အား အရှိန်အဟုန်ကတော့ တကယ့်ကို အံမခန်းလို့ ဆိုရမှာပါ။ သူမရဲ့ ” Lover” သီချင်း အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်း အပုဒ်ရေ နဲ့ သီချင်းနာမည် စုစုပေါင်းကိုလည်း ချပြခဲ့ပြီး လက်ရှိမှာ ပူပူနွေးနွေး ထွက်ရှိထားတဲ့ သူမရဲ့ ” Lover” သီချင်းလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

Source: youtube & itune
Khin Mi Mi@CeleGabar

error: Content is protected !!