” ေလးစားဂုဏ္ျပဳျခင္းခံရတဲ့ ရွမ္းေစာ္ဘြားဘိုးေဘးေတြနဲ႔အတူ အမွတ္တရဓာတ္ပံုရိုက္ခဲ့တဲ့ စိုင္းစိုင္း”

ျမန္မာနိုင္ငံမွာ အေအာင္ျမင္ဆံုး အနုပညာရွင္တစ္ဦးျဖစ္တဲ့ စိုင္းစိုင္းခမ္းလႈိင္ကေတာ့ (၁၅)နွစ္တိုင္တိုင္ ေအာင္ျမင္မႈ အရႈိန္အ၀ါက်ဆင္းသြားျခင္းမရိွတဲ့ ရွမ္းတိုင္းရင္းသား အႏုပညာရွင္ဆိုလည္း အမွန္ပါပဲ။အသက္ၾကီးငယ္မေရႊး ၾကိဳက္နွစ္သက္ အားေပးၾကတဲ့ စိုင္းစိုင္းခမ္းလိိႈင္က ပရိသတ္အခိုင္အမာရရိွထားျပီး နိိုင္ငံေက်ာ္အဆိုေတာ္တစ္ေယာက္အေနျဖင့္ ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

အဆိုပိုင္းသာမက သရုပ္ေဆာင္ပိုင္းမွာပါ ပါရမီပါတဲ့ စိုင္းစိုင္းကေတာ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ေခါင္းေဆာင္မင္းသားေနရာမွ ပါ၀င္သရုပ္ေဆာင္နိုင္တဲ့အထိ ထူးျခားတဲ့ အနုပညာစြမ္းရည္ပိုင္ဆိုင္ထားပါေသးတယ္။ ျမန္မာနိုင္ငံရဲ႕ တစ္ကိုယ္ေတာ္ ရႈိးပြဲလုပ္သမွ်အနုပညာရွင္ေတြထဲမွ ႏွစ္တိုင္းလိုလို ၾကိတ္ၾကိတ္တိုးပရိသတ္ေတြရဲ႕ အားေပးျခင္းခံရေသာ အနုပညာရွင္လည္းျဖစ္ပါတယ္။

ရွမ္းေစာ္ဘြားမ်ိဳး၀င္ျဖစ္တဲ့ စိုင္းစိုင္းကေတာ့ ေမြးရပ္ဇာတိေျမျဖစ္တဲ့ ပင္လံုျမိဳ႕ကိုအလည္အပတ္ ေရာက္ရိွ ေနျပီး ေမြးရပ္ေျမ ပင္လံုကိုေရာက္ခိုက္ သူရဲ႕ ဘိုးေဘးေတြျဖစ္တဲ့ အဘိုးျဖစ္သူ လူထုကိုယ္စားလွယ္ ဦးခြန္ထီး ၊အေဘးျဖစ္သူ မိုင္းပြန္ေစာ္ဘြားၾကီး စ၀္စံထြန္းတို႔ရဲ႕ အထိမ္းအမွတ္ဓာတ္ပံုေတြနဲ႔အတူ အမွတ္တရဓာတ္ပံု ရိုက္ခဲ့ပါေသးတယ္။CeleGabar ပရိသတ္ၾကီးထဲမွာ ေရာ စိုင္းစိုင္းကိုခ်စ္တဲ့ ပရိသတ္ေတြရိွရင္အလင္းျပခဲ့ပါေနာ္။

Source: Sai Sai Khem Leng
DarDar@CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” လေးစားဂုဏ်ပြုခြင်းခံရတဲ့ ရှမ်းစော်ဘွားဘိုးဘေးတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ စိုင်းစိုင်း”

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ (၁၅)နှစ်တိုင်တိုင် အောင်မြင်မှု အရှိုန်အဝါကျဆင်းသွားခြင်းမရှိတဲ့ ရှမ်းတိုင်းရင်းသား အနုပညာရှင်ဆိုလည်း အမှန်ပါပဲ။အသက်ကြီးငယ်မရွှေး ကြိုက်နှစ်သက် အားပေးကြတဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်အခိုင်အမာရရှိထားပြီး နိုင်ငံကျော်အဆိုတော်တစ်ယောက်အနေဖြင့် ရပ်တည်နေသူလည်းဖြစ်ပါတယ်။

အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာပါ ပါရမီပါတဲ့ စိုင်းစိုင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်နိုင်တဲ့အထိ ထူးခြားတဲ့ အနုပညာစွမ်းရည်ပိုင်ဆိုင်ထားပါသေးတယ်။ မြန်မာနိုင်ငံရဲ့ တစ်ကိုယ်တော် ရှိုးပွဲလုပ်သမျှအနုပညာရှင်တွေထဲမှ နှစ်တိုင်းလိုလို ကြိတ်ကြိတ်တိုးပရိသတ်တွေရဲ့ အားပေးခြင်းခံရသော အနုပညာရှင်လည်းဖြစ်ပါတယ်။

ရှမ်းစော်ဘွားမျိုးဝင်ဖြစ်တဲ့ စိုင်းစိုင်းကတော့ မွေးရပ်ဇာတိမြေဖြစ်တဲ့ ပင်လုံမြို့ကိုအလည်အပတ် ရောက်ရှိ နေပြီး မွေးရပ်မြေ ပင်လုံကိုရောက်ခိုက် သူရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အဘိုးဖြစ်သူ လူထုကိုယ်စားလှယ် ဦးခွန်ထီး ၊အဘေးဖြစ်သူ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ရဲ့ အထိမ်းအမှတ်ဓာတ်ပုံတွေနဲ့အတူ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးထဲမှာ ရော စိုင်းစိုင်းကိုချစ်တဲ့ ပရိသတ်တွေရှိရင်အလင်းပြခဲ့ပါနော်။

error: Content is protected !!