” ေမြးေန႔ရက္ျမတ္မွာ ဇလြန္ျပည္ေတာ္ျပန္ဘုရားသို႔ဖူးေမွ်ာ္ကာ အလႉတရားဓမၼရိပ္သာတြင္ ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းခဲ့တဲ့ ရတနာမိုင္ “

ရတနာမိုင္ကေတာ့ အသံခ်ိဳခ်ိဳေအးေအးေလးနဲ႕ အမ်ားနဲ့မတူတဲ့ အသံပိုင္ရွင္ေလးပဲ ျဖစ္ပါတယ္။ အဆိုေတာ္မိုင္ရဲ႕ တစ္ဦးတည္းေသာသမီးေလး ျဖစ္ၿပီး ရခိုင္တိုင္းရင္းသူေလးပဲ ျဖစ္ပါတယ္။ အဆိုေတာ္ပိုင္းတင္မဟုတ္ဘဲ သရုပ္ေဆာင္ပိုင္းကိုလည္းစိတ္ဝင္စားကာ သရုပ္ေဆာင္မင္းသမီးတစ္ေယာက္ဆိုလည္း မမွားပါဘူးေနာ္။ပရိသတ္ေတြအေပၚမွာလည္း ေဖာ္ေဖာ္ေရြေရြ နဲ႕ ဆက္ဆြတတ္တဲ့အျပင္ အႏုပညာလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕လည္း ရင္းႏွီးဖာ္ေရြစြာ ဆက္ဆံတတ္တဲ့ ရခိုင္တိုင္းရင္းသူေလးလို့ ဆိုႏုိင္ပါတယ္။

ကေလးေလးသဖြယ္ ခ်စ္စရာေကာင္းတဲ့ အျပဳအမူလးေတြ အေျပာေလးေတြ အသံေလးေတြေၾကာင့္ တစ္ႏုိင္ငံလံုးက အမ်ိဳးသားပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးျဖစ္တဲ့အျပင္ သူမရဲ႕ သီခ်င္းေတြက မိန္းကေလးပရိသတ္ေတြ အႀကိဳက္ေတြ႕ေစတဲ့ သီခ်င္းမ်ိဳးေလးေတြ လို႕ဆိုႏုိင္ပါတယ္။ အဆိုေတာ္သရုပ္ေဆာင္အျပင္ အကဘက္မွာလည္း ကၽြမ္းက်င္တဲ့ သူေလးပဲ ျဖစ္ပါတယ္။ဘာသာေရးကိုင္းရႈိင္းကာ အလွူအတန္းေတြ မၾကာခဏျပုလုပ္ၿပီး မိဘကို အလုပ္အေကၽြးျပုကာ သိတတ္လိမၼာတဲ့ သမီးလိမၼာတစ္ေယာက္လည္း ျဖစ္ပါတယ္။

ယေန႕ ၾသဂုတ္လ (၁၇)ရက္ေန႕ကေတာ့ စိတ္ထားေကာင္းၿပီးေဖာ္ေရြတဲ့ ရတနာမိုင္ေလးရဲ႕ ေမြးေန႕ရက္ျမတ္ျဖစ္ၿပီး ေမြးေန ့မွာ ဇလြန္ျပည္ေတာ္ျပန္ ဘုရားသို ့ဖူးေမွ်ာ္ အၿပီး အလွဴတရားဓမၼရိပ္သာမွာ ေနံဆြမ္းကယ္လွဴခဲ့ေၾကာင္းကို ” ေမြးေန ့ ဇလြန္ျပည္ေတာ္ျပန္ ဘုရားသို ့ဖူးေမွ်ာ္ အၿပီး အလွဴတရားဓမၼရိပ္သာတြင္ ေန ့ဆြမ္းဆပ္ကပ္လွဴဒါန္းခဲ့ “ဆိုၿပီး အလွဴပံူရိပ္မ်ား၊ ဘုရားဖူးပံုရိပ္မ်ားနဲ႕အတူ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ ထက္ကေန ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ ရခိုင္သူေလး အဆိုေတာ္ရတနာမိုင္ အတြက္ ေမြးေန႕ဆုေတာင္းေလး ေပးခဲ့ပါဦးေနာ္။

Source: Yadanar My
Shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မွေးနေ့ရက်မြတ်မှာ ဇလွန်ပြည်တော်ပြန်ဘုရားသို့ဖူးမျှော်ကာ အလှူတရားဓမ္မရိပ်သာတွင် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ ရတနာမိုင် ”

ရတနာမိုင်ကတော့ အသံချိုချိုအေးအေးလေးနဲ့ အများနဲ့မတူတဲ့ အသံပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။ အဆိုတော်မိုင်ရဲ့ တစ်ဦးတည်းသောသမီးလေး ဖြစ်ပြီး ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။ အဆိုတော်ပိုင်းတင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းကိုလည်းစိတ်ဝင်စားကာ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေ နဲ့ ဆက်ဆွတတ်တဲ့အပြင် အနုပညာလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ရင်းနှီးဖာ်ရွေစွာ ဆက်ဆံတတ်တဲ့ ရခိုင်တိုင်းရင်းသူလေးလို့ ဆိုနိုင်ပါတယ်။

ကလေးလေးသဖွယ် ချစ်စရာကောင်းတဲ့ အပြုအမူလးတွေ အပြောလေးတွေ အသံလေးတွေကြောင့် တစ်နိုင်ငံလုံးက အမျိုးသားပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်တဲ့အပြင် သူမရဲ့ သီချင်းတွေက မိန်းကလေးပရိသတ်တွေ အကြိုက်တွေ့စေတဲ့ သီချင်းမျိုးလေးတွေ လို့ဆိုနိုင်ပါတယ်။ အဆိုတော်သရုပ်ဆောင်အပြင် အကဘက်မှာလည်း ကျွမ်းကျင်တဲ့ သူလေးပဲ ဖြစ်ပါတယ်။ဘာသာရေးကိုင်းရှိုင်းကာ အလှူအတန်းတွေ မကြာခဏပြုလုပ်ပြီး မိဘကို အလုပ်အကျွေးပြုကာ သိတတ်လိမ္မာတဲ့ သမီးလိမ္မာတစ်ယောက်လည်း ဖြစ်ပါတယ်။

ယနေ့ သြဂုတ်လ (၁၇)ရက်နေ့ကတော့ စိတ်ထားကောင်းပြီးဖော်ရွေတဲ့ ရတနာမိုင်လေးရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပြီး မွေးနေ့မှာ ဇလွန်ပြည်တော်ပြန် ဘုရားသို့ဖူးမျှော် အပြီး အလှူတရားဓမ္မရိပ်သာမှာ နေံဆွမ်းကယ်လှူခဲ့ကြောင်းကို ” မွေးနေ့ ဇလွန်ပြည်တော်ပြန် ဘုရားသို့ဖူးမျှော် အပြီး အလှူတရားဓမ္မရိပ်သာတွင် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ “ဆိုပြီး အလှူပူံရိပ်များ၊ ဘုရားဖူးပုံရိပ်များနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ ထက်ကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရခိုင်သူလေး အဆိုတော်ရတနာမိုင် အတွက် မွေးနေ့ဆုတောင်းလေး ပေးခဲ့ပါဦးနော်။

Source: Yadanar My
Shwe Poe @CeleGabar

error: Content is protected !!