Source: Aung La Nsang(Burmese Python)
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်တော့မယ့် ဆိုတဲ့ အောင်လအန်ဆန်း”
အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ကြေးစားပွဲစဉ်များတွင် မြန်မာ့စပါးကြီးမြွေ (Burmese Python) လို့တင်စားခေါ်ဝေါ်ခြင်းခံတဲ့ ကချင်တိုင်းရင်းသားလေး အောင်လအန်ဆန်း ကတော့ MMA ရဲ့ အကောင်းဆုံးဖိုက်တာဖြစ်ပါတယ်။သူကတော့ စင်္ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် (ONE Championship) အဖွဲ့အစည်းက ကျင်းပသည့် ဝမ်းချန်ပီယံရှစ်ခါးပတ်လုပွဲများတွင် မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ်တန်းများတွင် အနိုင်ရရှိထားကာ နှစ်ထပ်ကွမ်းချန်ပီယံလည်းဖြစ်ပါတယ်။
ကြိုးဝိုင်းထဲက သူရဲ့ မျက်လုံးတွေကတော့ တောက်ပမှုအပြည့်၊ပြိုင်ဘက်ကို ဘယ်လို အသာစီးရယူမလဲ ၊ဘယ်လိုနှိမ်နင်းမလဲ ဆိုတာတွေနဲ့ ပြည့်နက်နေပြီး ကြိုးဝိုင်းထဲက ထွက်လိုက်တာနဲ့ အောင်လအန်ဆိုင်ဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။ ကြိုးဝိုင်းထဲမှာ ခက်ထန်မှုတွေနဲက ပြည့်နှက်နေသလောက် အောင်လအန်ဆန်းရဲ့ ပြင်ပနေထိုင်မှုဘဝကတော့ သိပ်ကို အေးချမ်းလွန်းပါတယ်။
သူကတော့ အသက်ထပ်ချစ်ရတဲ့ ချျစ်ဇနီးလေး၊ချစ်စရာသားလေးအဒီးလေးတို့နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါတယ်။လက်ရှိမှာတော့ အောင်လအန်ဆန်းဟာ နောက်ထပ် ရင်သွေးငယ်လေးကို ပိုင်ဆိုင်ရတော့မယ့်အကြောင်းကို “ယောင်္ကျားလေးလား? မိန်းကလေးလား? Boy or Girl? “လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်တော့မယ့် အောင်လအန်ဆန်း ကို ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။
error: Content is protected !!