” ဖန္သားျပင္ထက္ထုတ္လႊင့္ျပသေတာ့မည္႕ ဒိတ္ဒိတ္ၾကဲအလွမယ္မင္းသမီးနွစ္ေယာက္နဲ႕ထိပ္တန္းမင္းသားမ်ားပါ၀င္တဲ့ ရုပ္သံဇာတ္လမ္းတြဲသစ္ “

ပရိသတ္ေတြ စိတ္ဝင္တစားျဖစ္ေနတဲ့ ” အၾကင္နာျမစ္ဖ်ား “ရုပ္သံ ဇာတ္လမ္းတြဲကေတာ့ ဒါရုိက္တာသားညီ ရုိက္ကူးထားတာျဖစ္ၿပီး အလြမ္း၊အခ်စ္ ၊ကလဲ့စားေခ်တာစတဲ့ ရသမ်ိဳးစံုပါဝင္မယ့္အျပင္ စစ္ဗိုလ္ႏွစ္ေယာက္ၾကားက ထားရွိတဲ့ ယံုၾကည္မႈ သံေယာဇဥ္စတဲ့ ရသေတြကိုေဖာ္ၾကဴးမယ့္ စစ္ကားအမ်ိဳးအစား ျဖစ္ပါတယ္။ သူငယ္ခ်င္း (၅)ေယာက္ရွိရာမွ (၃) ပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းေလးကေန (၄)ပြင့္ဆိ္ုင္အခ်စ္ဇာတလမ္းေလးဘယ္လိုေပၚေပါက္လာမလဲ ဆိုတာကလည္း ပရိသတ္ေတြကိုရဲ ႔ ၾကည့္ခ်င္စိတ္ဆြဲေဆာင္ထားႏုိင္မယ့္ ဇာတ္လမ္းတြဲထဲက အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။

ပါဝင္မယ့္ အႏုပညာရွင္မ်ားကေတာ့ မိုးယံဇြန္ ၊ ထူးေအာင္၊ ေဝလွ်ံ ၊ အလွမယ္သရုပ္ေဆာင္မင္းသမီးေတြျဖစ္ၾကတဲ့ ခင္ဝင့္ဝါ နဲ႕ထက္ထက္ထြန္း အျပင္ အႏုပညာသရုပ္ေဆာင္တက္သစ္စ မင္းသမီးေလး ေမကဗ်ာဦးတို႕ပါဝင္္မွာပဲ ျဖစ္ပါတယ္။ဇာတ္လမ္းကေတာ့ မိုးယံဇြန္ျဖစ္ၿပီး ဇာတ္ညႊန္းကေတာ့ မိုးစက္ဝိုင္တို့ျဖစ္တယ္လို႕သိရၿပီး Myanmar Media (7)တို႕က ထုတ္လုပ္ရုိက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ဒိတ္ဒိတ္ၾကဲအလွမယ္ႏွစ္ဦးပါဝင္မည့္အျပင္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ေတြ ျဖစ္ၾကတဲ့ ထူးေအာင္နဲ႕ မိုးယံဇြန္တို႕ပါဝင္မယ့္ ဇာတ္လမ္းတြဲျဖစ္တာေၾကာင့္ ပရိသတ္ေတြကလည္း အျမန္ဆံုးၾကည့္ခ်င္ေနၾကၿပီဆိုလည္း မမွားပါဘူးေနာ္။


ယေန႕ မွာေတာ့ ပရိသတ္ေတြ အျမန္ဆံုးၾကည့္ခ်င္ေနၾကၿပီျဖစ္တဲ့ ” အၾကင္နာျမစ္ဖ်ား “ရုပ္သံ ဇာတ္လမ္းတြဲ မၾကာမီ ထုတ္လႊင့္ျပသခြင့္ ရၿပီ ျဖစ္ေၾကာင္းကို ” အၾကင္နာျမစ္ဖ်ား” ႐ုပ္သံဇာတ္လမ္းတြဲ MRTV-(4 )႐ုပ္သံလိုင္းတြင္ မၾကာမီ ထုတ္လႊင့္ျပသခြင့္ ရပါၿပီ။Congratulations… အၾကင္နာျမစ္ဖ်ား Team ” ဆိုၿပီး ေဝမင္းေမာင္ ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပဂုဏ္ျပဳစကားေျပာထားတာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးလည္း ” အၾကင္နာျမစ္ဖ်ား “ရုပ္သံ ဇာတ္လမ္းတြဲပါဝင္မယ့္ အႏုပညာရွင္ေတြထဲက ဘယ္သူ႕ကို အားေပးဆံုးလဲ ဆိုတာကို မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source:Wai Minn Maung
Shwe Poe@Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ဖန်သားပြင်ထက်ထုတ်လွှင့်ပြသတော့မည့် ဒိတ်ဒိတ်ကြဲအလှမယ်မင်းသမီးနှစ်ယောက်နဲ့ထိပ်တန်းမင်းသားများပါဝင်တဲ့ ရုပ်သံဇာတ်လမ်းတွဲသစ် ”

ပရိသတ်တွေ စိတ်ဝင်တစားဖြစ်နေတဲ့ ” အကြင်နာမြစ်ဖျား “ရုပ်သံ ဇာတ်လမ်းတွဲကတော့ ဒါရိုက်တာသားညီ ရိုက်ကူးထားတာဖြစ်ပြီး အလွမ်း၊အချစ် ၊ကလဲ့စားချေတာစတဲ့ ရသမျိုးစုံပါဝင်မယ့်အပြင် စစ်ဗိုလ်နှစ်ယောက်ကြားက ထားရှိတဲ့ ယုံကြည်မှု သံယောဇဉ်စတဲ့ ရသတွေကိုဖော်ကြူးမယ့် စစ်ကားအမျိုးအစား ဖြစ်ပါတယ်။ သူငယ်ချင်း (၅)ယောက်ရှိရာမှ (၃) ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကနေ (၄)ပွင့်ဆိုင်အချစ်ဇာတလမ်းလေးဘယ်လိုပေါ်ပေါက်လာမလဲ ဆိုတာကလည်း ပရိသတ်တွေကိုရဲ့ ကြည့်ချင်စိတ်ဆွဲဆောင်ထားနိုင်မယ့် ဇာတ်လမ်းတွဲထဲက အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

ပါဝင်မယ့် အနုပညာရှင်များကတော့ မိုးယံဇွန် ၊ ထူးအောင်၊ ဝေလျှံ ၊ အလှမယ်သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ ခင်ဝင့်ဝါ နဲ့ထက်ထက်ထွန်း အပြင် အနုပညာသရုပ်ဆောင်တက်သစ်စ မင်းသမီးလေး မေကဗျာဦးတို့ပါဝင်မှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မိုးယံဇွန်ဖြစ်ပြီး ဇာတ်ညွှန်းကတော့ မိုးစက်ဝိုင်တို့ဖြစ်တယ်လို့သိရပြီး Myanmar Media (7)တို့က ထုတ်လုပ်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲအလှမယ်နှစ်ဦးပါဝင်မည့်အပြင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တွေ ဖြစ်ကြတဲ့ ထူးအောင်နဲ့ မိုးယံဇွန်တို့ပါဝင်မယ့် ဇာတ်လမ်းတွဲဖြစ်တာကြောင့် ပရိသတ်တွေကလည်း အမြန်ဆုံးကြည့်ချင်နေကြပြီဆိုလည်း မမှားပါဘူးနော်။

ယနေ့ မှာတော့ ပရိသတ်တွေ အမြန်ဆုံးကြည့်ချင်နေကြပြီဖြစ်တဲ့ ” အကြင်နာမြစ်ဖျား “ရုပ်သံ ဇာတ်လမ်းတွဲ မကြာမီ ထုတ်လွှင့်ပြသခွင့် ရပြီ ဖြစ်ကြောင်းကို ” အကြင်နာမြစ်ဖျား” ရုပ်သံဇာတ်လမ်းတွဲ MRTV-(4 )ရုပ်သံလိုင်းတွင် မကြာမီ ထုတ်လွှင့်ပြသခွင့် ရပါပြီ။Congratulations… အကြင်နာမြစ်ဖျား Team ” ဆိုပြီး ဝေမင်းမောင် ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြဂုဏ်ပြုစကားပြောထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ” အကြင်နာမြစ်ဖျား “ရုပ်သံ ဇာတ်လမ်းတွဲပါဝင်မယ့် အနုပညာရှင်တွေထဲက ဘယ်သူ့ကို အားပေးဆုံးလဲ ဆိုတာကို မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Wai Minn Maung
Shwe Poe@Cele Gabar

error: Content is protected !!