သူစိမ္းအိမ္ရုပ္ရွင္ဇာတ္ကားထဲမွာ ဦးလြင္မိုးၾကီးကို ေၾကာက္ေၾကာက္နဲ႕ သရုပ္ေဆာင္ခဲ့ရတယ္ဆိုတဲ့ ရွိန္းတင့္ထူး

ရွိန္းတင့္ထူးကေတာ့ မမ နဲ႕ ညီမေလး ပရိသတ္ေတြ အထူး၀န္းရံရတဲ့ “tik Tok” Video ေလးေတြနဲ႕ စတင္ လူသိမ်ားလာခဲ့သူ အျပံဳးခ်ိဳခ်ိဳ ပိုင္ရွင္ လူေခ်ာေလးတစ္ေယာက္ ျဖစ္ျပီး လက္ရွိမွာ ေမာ္ဒယ္လ္တစ္ေယာက္ ၊ မ်က္နာသစ္ မင္းသားတစ္ေယာက္ အေနနဲ႕ အနုပညာအလုပ္ေတြကို လုပ္ေဆာင္ေနသူပါ။

ရွိန္း လို႕ ပရိသတ္ေတြက ခ်စ္စနိုးနဲ႕ ေခၚဆိုၾကျပီး လက္ရွိမွာ မ်က္နာသစ္ သရုပ္ေဆာင္သစ္တစ္ေယာက္အေနနဲ႕ “သူစိမ္းအိမ္” ရုပ္ရွင္ ဇာတ္ကားၾကီးမွာ ၀ါရင့္ အကယ္ဒမီဆုရ သရုပ္ေဆာင္ေတြျဖစ္တ့ဲ လြင္မိုး ၊ ထြန္းအိျႏၵာဗိုလ္ ၊ ေဖြးေဖြးတို႕ နဲ႕ အတူ တြဲဖက္သရုပ္ေဆာင္ဖို႕ အခြင့္အေရး ရရွိခဲ့ျပီး “သူစိမ္းအိမ္”ရုပ္ရွင္ဇာတ္ကားၾကီး ရံုတင္ျပသျပီးေနာက္ေတာ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ႕ Feedback နဲ႕ Review ေကာင္းမ်ားစြာ ရရွိထားတာမို႕ သရုပ္ေဆာင္မ်က္နာသစ္ တစ္ေယာက္အေနနဲ႕ လည္း ရွိန္း ဟာ လက္ရွိမွာ ယခင္ကထက္ ပရိသတ္အားေပးမႈ အခိုင္အမာ ရရွိခဲ့ျပန္တာျဖစ္ပါတယ္။


“ရွိန္း” ဆိုတဲ့ ခပ္ဆိုးဆိုးေကာင္ေလးကာရိုက္တာ အျဖစ္ ပါ၀င္သရုပ္ေဆာင္ကာ “သူစိမ္းအိမ္” ရုပ္ရွင္ဇာတ္ကားၾကီးကို ရိုက္ကူးခဲ့စဥ္ အမွတ္တရေတြနဲ႕ ပတ္သက္လို႕ အကယ္ဒမီ ၀ါရင့္ မင္းသား တေယာက္ျဖစ္တဲ့ ဦးလြင္မိုးနဲ႕ အတူတူ သရုပ္ေဆာင္ခဲ့ရတာေၾကာင့္ အလြန္ကို စိတ္လွဳပ္ရွားခဲ့ရျပီး “ဦးလြင္မိုးကို အရမ္းေၾကာက္တာ ။ သူက ဘာမွ မလုပ္ပါဘူး။ ရီဟာဇယ္ စတဲ့ေန႕မွာတင္ ရုပ္ျမင္ကတည္းက ကၽြန္ေတာ္ေၾကာက္ေနခဲ့တာပါ။ ” လို႕ ေၾကာက္ေၾကာက္လန္႕လန္႕နဲ႕ အတူတူ တြဲဖက္သရုပ္ေဆာင္ခဲ့ရေၾကာင္း ရွိန္းက ခုလိုပဲ ဆိုလာခဲ့ျပန္ပါတယ္။


Source: သူစိမ္းအိမ္ – Stranger’s House
Khin Mi Mi@CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားထဲမှာ ဦးလွင်မိုးကြီးကို ကြောက်ကြောက်နဲ့ သရုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ရှိန်းတင့်ထူး

ရှိန်းတင့်ထူးကတော့ မမ နဲ့ ညီမလေး ပရိသတ်တွေ အထူးဝန်းရံရတဲ့ “tik Tok” Video လေးတွေနဲ့ စတင် လူသိများလာခဲ့သူ အပြုံးချိုချို ပိုင်ရှင် လူချောလေးတစ်ယောက် ဖြစ်ပြီး လက်ရှိမှာ မော်ဒယ်လ်တစ်ယောက် ၊ မျက်နာသစ် မင်းသားတစ်ယောက် အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူပါ။

 

 

ရှိန်း လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဆိုကြပြီး လက်ရှိမှာ မျက်နာသစ် သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ “သူစိမ်းအိမ်” ရုပ်ရှင် ဇာတ်ကားကြီးမှာ ဝါရင့် အကယ်ဒမီဆုရ သရုပ်ဆောင်တွေဖြစ်တဲ့ လွင်မိုး ၊ ထွန်းအိန္ဒြာဗိုလ် ၊ ဖွေးဖွေးတို့ နဲ့ အတူ တွဲဖက်သရုပ်ဆောင်ဖို့ အခွင့်အရေး ရရှိခဲ့ပြီး “သူစိမ်းအိမ်”ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးနောက်တော့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ Feedback နဲ့ Review ကောင်းများစွာ ရရှိထားတာမို့ သရုပ်ဆောင်မျက်နာသစ် တစ်ယောက်အနေနဲ့ လည်း ရှိန်း ဟာ လက်ရှိမှာ ယခင်ကထက် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိခဲ့ပြန်တာဖြစ်ပါတယ်။

 

 

“ရှိန်း” ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးကာရိုက်တာ အဖြစ် ပါဝင်သရုပ်ဆောင်ကာ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့စဉ် အမှတ်တရတွေနဲ့ ပတ်သက်လို့ အကယ်ဒမီ ဝါရင့် မင်းသား တယောက်ဖြစ်တဲ့ ဦးလွင်မိုးနဲ့ အတူတူ သရုပ်ဆောင်ခဲ့ရတာကြောင့် အလွန်ကို စိတ်လှုပ်ရှားခဲ့ရပြီး “ဦးလွင်မိုးကို အရမ်းကြောက်တာ ။ သူက ဘာမှ မလုပ်ပါဘူး။ ရီဟာဇယ် စတဲ့နေ့မှာတင် ရုပ်မြင်ကတည်းက ကျွန်တော်ကြောက်နေခဲ့တာပါ။ ” လို့ ကြောက်ကြောက်လန့်လန့်နဲ့ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ရကြောင်း ရှိန်းက ခုလိုပဲ ဆိုလာခဲ့ပြန်ပါတယ်။

Source: သူစိမ်းအိမ် – Stranger’s House
Khin Mi Mi@CeleGabar

error: Content is protected !!