

   



Source: Saw Kyaw
DarDar@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“ပရိသတ်ကြားရေပန်းစားနေတဲ့ ကရင်တိုင်းရင်းသားလေး စောကျော်ရဲ့ ဗီဒီယို”

မြန်မာနိုင်ငံမှာ အက်ရှင်ဇာတ်ကားများစတင် ရိုက်ကူးလာတဲ့အမျှ ဖိုက်တင်ကောင်းတဲ့ မင်သား မင်းသမီးတွေလဲ နာမည်ရလာကြပါတယ်။ ထိုအက်ရှင်ကားတော်တော်များများကိုတော့ ဒါရိုက်တာယုန်လေးမှ ဦးစီးပြီး ကိုယ်လူချောများအဖွဲ့နဲ့ ဖိုက်တင်မင်းသားများနဲ့ ပူးပေါင်းရိုက်ကူးကာ ပရိသတ်တွေရဲ့ အားပေမှုကိုသိမ်းပိုက်ထားပါတယ်။

ဒါရိုက်တာယုန်လေးရိုက်ကူးနေတဲ့ “MAFIA CITY” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ တတ်သစ်စဖိုက်တာ ကရင်တိုင်းရင်းသားလေး စောကျော် ကတော့ လူမှုကွန်ရက် မှာ ဖိုက်တင် ဗီဒီယိုလေးတွေတင်ရင်း ပရိသတ်အားပေမှုရရှိထားသူလည်းဖြစ်ပါတယ်။ စောကျော်ကတော့ ဝါသနာပါတဲ့ ဖိုက်တင် တိုက်ကွက်တွေကို အကောင်းဆုံးကြိုးစား လေ့ကျင့်ရင်း သူလို့ဝါသနာပါတဲ့ ဝါသနာရှင်တွေကိုလည်း တွဲခေါ်နေသူလည်းဖြစ်ပါတယ်။

လက်ရှိမှာ စောကျော်ရဲ့ အမိုက်စား ဖိုက်တင် တိုက်ကွက် တော်တော်များများပါတဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြား ရေပန်းစားနေတာလည်းဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးရေ ဖိုက်တင်တွေကို အကောင်းဆုံး ကြိုးစားလေ့ကျင့်နေတဲ့ ကရင်တိုင်းရင်းသားလေး စောကျော်ကို အားပေးကြမှာလား။

error: Content is protected !!